လူပေါင်းအယောက် (၃ဝ) ကို ကယ်ပြီး အသေခံသွားတဲ့ ခွေးကလေး



အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေး အနံ့ခံ သိလိုက်တယ်။ လူတွေကို အဆိပ်မိထားတဲ့ ခွေး သားမစားဖို့ ခွေးကလေးက ဟောင်ပြီး တားတယ်။

ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေး လိုက်တယ်။ ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင် ငိုသံတွေ ရောစွက်နေတယ်။ နောက်ဆုံး လူတွေ အသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။ ပြီးတော့ သူ့ကိုချကျွေးတဲ့ အသားကို စားပြလိုက်တယ်။ နေရာမှာ တင် အဆိပ်သင့်ပြီး သေရှာတယ်။

ဒီအကြောင်းကို သူဌေးတစ်ဦးက ကြားတော့ ခွေးကလေးကို အရမ်းကရုဏာ သက်မိတယ်။ ခွေးကလေး ကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။ ခွေးကလေးကို သင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေ ရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော် လိုက်ပါပို့ဆောင်ခဲ့တယ်။ သူကယ်လိုက်တဲ့ လူပေါင်းက အယောက်(၃ဝ)ပါတဲ့…. ။

Credit: နိုင်းနိုင်းစနေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...