ကန်ဒေါ်လာ ၁၅ သန်းကျော် ထီပေါက်ပေမယ့် အမှိုက်ကောက်သမား ပြန်ဖြစ်သူ



ပုံမှာ မြင်တွေ့နေရတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး သက္ကရာဇ် ၂၀၀၂ ခုနှစ် မှာ ဗြိတိန် ထီဆုကြီး တစ်ခု ပေါက်ခဲ့ပါတယ်။ ယင်း ဆုတန်ဖိုးဟာ ဗြိတိန်ပေါင် ၉.၇ သန်း ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၅.၄ သန်း ကျော် ရှိပါတယ်။ ယနေ့ငွေဈေးနဲ့ ဆိုရင် အတော်လေး များမှာပါ။ အဲ့ဒီအချိန်မှာ သူဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ထီမပေါက်ခင်က သူဟာ အမှိုက်ကောက်သမား အဖြစ် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထီပေါက်ပြီးချင်း ရရှိတဲ့ ငွေတွေနဲ့ စတင် သုံဖြုန်း ပါတော့တယ်။ မိသားစုကိုလည်း ချစ်ခင်မြတ်နိုးတာကြောင့် အမေနဲ့ အမေ တွေကို တစ်ယောက် တစ်သန်း ပေးပြီး ကျန်တဲ့ငွေတွေနဲ့ အိမ်ဝယ်၊ ခြံဝယ်၊ ကားဝယ်၊ သောက် စား ပျော်ပါး ပါတော့တယ်။

ဗြိတိန်မှာ အိမ် လေးလုံးဝယ်ပြီး စပိန်မှာ အားလပ်ရပ် သွားနေဖို့ ခြံဝိုင်းကျယ်ပါ အိမ်တစ်လုံးဝယ်ပါတယ်။ မာစီဒီးဇိမ်ခံကား နှစ်စီး၊ BMW အမိုးပွင့် ပြိုင်ကား နှစ်စီးတို့ ဝယ်ပါတယ်။ ဗြိတိန်မှာ ပေါ်ထွက်လာတဲ့ မင်းသားလေး တစ်ပါးအဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီး အသုံးအစွဲ လက်ဖွာပါတော့တယ်။ နာမည်ကျော် ဗြိတိန် Celebrity တွေနဲ့ ပေါင်းပြီး သူ့ကိုယ်သူလည်း Celebrity တစ်ယောက်အဖြစ် ခံယူပါတယ်။ အိမ်တစ်လုံး တစ်လုံးကို ဗြိတိန်ပေါင် ၃ သိန်း၊ ၄ သိန်းနဲ့ ဝယ်ပေမယ့် ပြန်ရောင်းတာ တစ်ဝက်ဈေးတောင် မရှိပါဘူး။ ဝယ်တုန်းကလည်း ရှိတဲ့ဈေးထက် ပိုပေးပြီးတော့ ဝယ်ပါတယ်။

လူတစ်ကာ အကြံပေးလို့ အစုရှယ်ယာတွေ ရင်းနှီးခဲ့ပေမယ့် တစ်ခုပြီးတစ်ခု ပြန်ထုတ်ပြီးတော့ သုံးပါတယ်။ ကာမဂုဏ် စည်းစိမ်ကို အဆုံးစွန်ထိ ခံစားပြီး အမျိုးပေါင်း တစ်ထောင်မက ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ ငွေတစ်ပြားမှမကျန်ပဲ တစ်ခုပြီးတစ်ခု ရောင်းချလို့ ၂၀၁၀ နှစ်ဆန်းမှာ အကုန် ကုန်သွားပါတယ်။

ဒါကြောင့်မို့ ၂၀၁၀ ခုနှစ်ကစလို့ သူဟာ အမှိုက်ကောက်သမားဘဝကို ပြန်လည် ရောက်ရှိပြီး တစ်ပတ် ကို ဗြိတိန်ပေါင် ၄၂ ပေါင်သာ ရှာဖွေ နိုင်တဲ့ဘဝကို ပြန်လည် ရောက်ရှိသွားပါတယ်။ သူ့ရဲ့ အမည်ကတော့ Michael Carroll ပါ။ ထီပေါက်ပြီးတော့ ဆင်းရဲသားဘဝ ပြန်ရောက်တဲ့ သူ့ဖြစ်ရပ်ဟာ ကမ္ဘာကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ ရပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...