အနိုင်ကျင့်ခံရခြင်းနှင့်ကျောင်းသားများ ကျောင်းသို့ လက်နက်သယ်ဆောင်လာမှု


Health Updates Journal No. 117

ကလေးများကို ထိန်းကျောင်းရာတွင် ၎င်းတို့၏အမူအကျင့်ကို နားလည်မှသာ မိမိလာရာသို့ ညင်သာစွာ ထိန်းကျောင်းနိုင်မည်ဖြစ် သည်။ လေ့လာမှုတစ်ခုအရ မကြာခဏ အနိုင်ကျင့်ခံရလေ့ရှိသော ကလေးများ က ကျောင်းသို့ လက်နက်များ ယူဆောင်လာလေ့ရှိကြောင်း တွေ့ရသည်။ နည်းပေါင်းများစွာဖြင့် မကြာခဏ အနိုင်ကျင့်ခံရလေ့ရှိသော ကလေးငယ်များက အနိုင်ကျင့်မခံရသော ကလေးများထက် ကျောင်းသို့ လက်နက် ယူဆောင်လာနိုင်ခြေ ၃၁% ပိုများလေသည်။

လေ့လာသူများက ၂၀၁၁ခုနှစ် လူငယ်များ၏ အန္တရာယ် ဖြစ်စေနိုင်သောအမူအကျင့် များ အား စောင့်ကြည့်ရေး အဖွဲ့အစည်းမှ အချက်အလက်များကို စိစစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့အစည်း များမှာ အမေရိကန်ရှိ အထက်တန်းကျောင်း ၁၅၀၀၀ မှ ကျောင်း သားများအား လွန်ခဲ့သည့်နှစ်အတွင်း အနိုင်ကျင့်ခံရမှုရှိမရှိနှင့် ပြီးခဲ့သည့်လအတွင်း ကျောင်းသို့ လက်နက် သယ်ဆောင်ရန် စိတ်ခံစား မှုဖြစ်စေသော အခြားသော အကြောင်းအရာများဖြစ်သည့်
(၁)ကျောင်းတွင် လုံခြုံစိတ်ချရမှုမရှိ၍ ကျောင်းမလာခြင်း
(၂) မိမိပိုင်ပစ္စည်းများ အနိုင့်ကျင့် ဖျက်ဆီးခံရခြင်း၊ ပျောက်ဆုံးခြင်း
(၃) လက်နက်တစ်စုံတစ်ရာဖြင့် ခြိမ်းခြောက်ခံရခြင်း၊ ဒဏ်ရာရစေခြင်း
(၄) ရုပ်ပိုင်းဆိုင်ရာ ခိုက်ရန်ဖြစ်ပွားခြင်းစသည်တို့အား မေးမြန်းခဲ့သည်။

ထိုအခါ ကျောင်းသား၂၀%မှာ အနိုင်ကျင့်ခံနေရကြောင်း သိရပြီး ကျောင်းသို့ လက်နက်ယူလာမှု ရာခိုင် နှုန်းမှာ ၈.၆%ရှိ၍ အနိုင်ကျင့်မခံရသူများတွင် လက်နက်ယူလာမှုနှုန်း မှာ ၄.၆%သာရှိကြောင်း သိရသည်။ ထို့ပြင် ကလေးငယ်အား အကြောင်းအရာ တစ်ခုထက်မက ပို၍ခြိမ်းခြောက်ခံနေရသောကလေး များတွင် လက်နက်သယ်ဆောင်သည့်ရာခိုင်နှုန်းမှာ သိသာစွာများပြားကြောင်း တွေ့ရသည်။

အကြောင်းအရာ သုံးခုထိ ခြိမ်းခြောက်ခံရသော ကလေးများတွင် ကျောင်းသို့ လက်နက်ယူလာနိုင်ခြေ ၆၂%ရှိပြီး အကြောင်းအရာတစ်ခုသာ ခြိမ်းခြောက်ခံရသော ကလေးများတွင် လက်နက်ယူလာနိုင်ခြေ ၂၈% ရှိ ကြောင်း သိရသည်။ ထို့ကြောင့် လေ့လာသူများက ကလေးများအား အုပ်ချုပ်ရာ၌ အနိုင့်ကျင့်ခြင်းကို သာမက အနိုင့်ကျင်ခံရသောကလေးများကိုပါ ဂရုတစိုက် စောင့်ရှောက်သင့်ကြောင်း အကြံပြုခဲ့ပါသည်။

ဖိုးသောကြာ
ref:Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...