လမ်းလျှောက်ရင်း စီးလို့ရမည့် စက်ဘီး
လန်ဒန် ၊ မေ ၁
ကျန်းမာရေး လေ့ကျင့် စင်တာသွားဖို့ အချိန် မရသူများအတွက် အဆင်ပြေစေမည့် စက်ဘီးလည်း စီး၊ လမ်းလျှောက် လေ့ကျင့်ခန်းလည်း လုပ်ပြီးသားဖြစ်စေမည့် လမ်း လျှောက်စက်ဘီး ထွက်ပေါ်လာပြီ ဖြစ် သည်။
ထိုစက်ဘီးကို ရိုးရှင်းစွာပင် လမ်းလျှောက် စက်ဘီး (Waliking Bicycle) ဟု အမည် ပေးထားသည်။ စက်ဘီးစီးသူ သည် စက်ဘီးပေါ် တွင် မတ်တပ်ရပ် အနေအထားဖြင့် စီးရမည်ဖြစ်ပြီး လှည့်နင်းစရာ ခြေနင်း အစား လမ်းလျှောက် သည့် ပုံစံ အတိုင်း နင်းနိုင်မည့် အတံ နှစ်ဖက်သာ ပါဝင်သည်။ စီးသူက လက်ကိုင် ကိုကိုင်ကာ လမ်းလျှောက် သည့် ပုံစံအတိုင်း ခြေကို လှုပ်ရှား ပေးပါက စက်ဘီးသည် ပုံမှန်အတိုင်း သွားမည်ဖြစ် သလို ထိုသို့ နင်းပေး ခြင်းဖြင့် စက်ဘီး မော်တာ ကိုလည်း အားသွင်းပေးရာ ရောက်ကာ စက်ဘီး သည် မော်တာ အစွမ်းဖြင့် တစ်နာရီ (၁၅)မိုင်နှုန်း ထိ သွားနိုင်စွမ်းရှိသည်။
ဇူလိုင်လ တွင် စတင် ရောင်းချ မည်ဖြစ်ပြီး၊ ဒေါ်လာ သုံးထောင်ဝန်း ကျင်ရှိမည်။ ဂျပန်နိုင်ငံမှ ကားအပို ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း ကာတာယာမာကိုဂျိုက ထုတ်လုပ် ခြင်းဖြစ်သည်။
Source: Daily Mail
The Messenger
- (အရှေ့သို့) တစ္ကမၻာလံုးကို ခြိမ်းခြောက်လာသော ဆေးယဉ်မှုပြဿနာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) Touchscreen ကိရိယာများက ကလေးများ ဘာသာစကား သင်ယူမှုကို ထိခိုက်စေနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ