ဒေါ်လာ နှစ်ဆယ်တန် စမတ်ဖုန်းများ လာမည့် လအနည်းငယ် အတွင်း ထွက်ရှိနိုင်မည်



ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းများ ကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်း ချလာကြပါတယ်။ Chip ထုတ်လုပ်သည့် ARM က အဆိုပါ ဈေးသက်သာသည့် ဖုန်းများ ထက် ပိုမို သက်သာသည့် စမတ်ဖုန်း ကို ထုတ်လုပ်နိုင်တော့မည် ဟု ကြေညာပါသည်။ Single-Core Cortex A5 Chip ၏ တန်ကြေးမှာ ဒေါ်လာ ၂၀ အောက်တွင် ရှိမည် ဖြစ်ပြီး လာမည့်လအနည်းငယ် အတွင်း တွင် ရောင်းချနိုင်မည် ဟု ARM က ပြောပါသည်။

ဒေါ်လာ ၂၀ တန် စမတ်ဖုန်းများ သည် စွမ်းဆောင်နိမ့်မည် ဖြစ်သည့်အတွက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသုံးပြုချင်သူများ အတွက် ရွေးချယ်စရာ တစ်ခု မဟုတ်ပါ။ Mobile World Congress တွင် ကြေညာခဲ့ သည့် ၂၅ ဒေါ်လာ တန် Firefox စမတ်ဖုန်းများသည်လည်း ဈေးနှုန်း ကို ဖာထေးမိစေရန် အတွက် RAM နှင့် အခြား Specs များကို လျှော့ချထားသည် ဟု ARM က ထောက်ပြပါသည်။ ယခုလက်ရှိ ဈေးကွက် တွင် ရောင်းချနေသည့် ဈေးသက်သာသော ဒေါ်လာ ၁၇၉ တန် Moto G သည် ဒေါ်လာ ၂၀ တန် စမတ်ဖုန်း ထက် စွမ်းဆောင်ရည် မြင့်သည့် စမတ်ဖုန်း ကို အသုံးပြုချင်သူများ အတွက် ဆက်လက် တည်ရှိနေမည် ဖြစ် သည်။

ARM က နောက်ထုတ်လုပ်မည့် 64-bit Cortex A53 နှင့် A57 Architecture များ၏ စွမ်းဆောင်ရည် ကိုလည်း ပြောကြားပါသည်။ အဆိုပါ Chip များသည် Cortex A7 နှင့် A15 တို့ထက် တစ်ဆခွဲ ပိုမိုမြန်ဆန် မည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...