၂၄ ကာရက် ရွှေ ဖြင့် အလှဆင်ထားသည့် HTC One M8 ကို စတာလင်ပေါင် ၁၉၀၀ ဖြင့် ရောင်းချ



Apple ၏ ရွှေရောင် iPhone 5S သည် လူကြိုက်များသည့် အရောင် ဖြစ်ပါသည်။ HTC ကလည်း HTC One M8 ကို ရွှေရောင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ ကို ရွှေအစစ် ဖြင့် အလှဆင် ပေးသည့် Company များစွာ ရှိပါသည်။

ဗြိတိန် အခြေစိုက် Goldgenie က HTC One M8 ကို ၂၄ ကာရက် ရွှေဖြင့် အလှဆင်ပြီး စတာလင်ပေါင် ၁၉၀၀ (အတိအကျ အားဖြင့် စတာလင်ပေါင် ၁၈၉၇) ဖြင့် ရောင်းချပေးလိုက်ပါသည်။ သာမာန်ရွှေ အပြင် Rose Gold ကိုလည်း ရွေးချယ်နိုင်ပြီး စတာလင်ပေါင် ၁၉၉၇ ကျသင့်မည် ဖြစ်သည်။ ပလက်တီနမ် ဖြင့် အလှဆင်ထားသည့် HTC One M8 ကို စတာလင်ပေါင် ၂၀၉၇ ဖြင့် ရောင်းချပေးနေပါသည်။

အထက်ပါ တန်ဖိုးများ တွင် HTC One M8 ပါရှိပြီး ဖြစ်ပါသည်။ HTC One M8 ကို ၀ယ်ယူပြီးသူများ အနေဖြင့် ရွှေ ကိုယ်ထည် ဖြင့် အလှဆင်ချင်လျှင် စတာလင်ပေါင် တစ်ထောင် ကျသင့်မည် ဖြစ်သည်။

Goldgenie က အခြား စမတ်ဖုန်းများ ကိုလည်း ရွှေ ဖြင့် အလှဆင် ရောင်းချလျှက်ရှိပြီး အောက်က လင့် တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://www.goldgenie.com/gold-htc-one-m8.php

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...