အချိန်ခရီးသွားသူတွေ တကယ် ရှိခဲ့လေသလား။


Angel on 2014-05-09 11:33

၁။ တရုတ်သင်္ချိုင်းဂူက သက်သေအထောက်အထားတစ်ခု

တရုတ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလမှာ သချိုင်းဂူရဲ့ အခေါင်း တစ်ခုအတွင်းကနေ သေးငယ်တဲ့သတ္တုအပိုင်းအစတစ်ခု ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ဒီအရာဟာ ယနေ့  ခေတ် လက်ပတ်နာရီ ပုံစံတစ်မျိုးဖြစ်ပြီး မိန်းမပတ်အမျိုးအစားဖြစ်ပါတယ်။ ဒီ သချို င်္င်းဂူဟာ နှစ်ပေါင်း ၄၀၀ ကြာအောင် လူ အနှောင့်အယှက်မခံရဘဲ ရှိနေခဲ့တာပါ။ လက်ပတ်နာရီ ဘယ်လိုရောက်နေတယ်ဆိုတာ ရှင်းပြရခက်ပြီး အချိန်ခရီးသွားတစ်ယောက်ကများ ထားခဲ့လေရော့သလားလို့  ခန့် မှန်းချက်ထုတ်နေကြ ပါတယ်။





၂။ ၁၉၄၀ ခုနှစ်က ဓာတ်ပုံထဲက အချိန်ခရီးသွား

ကနေဒါနိုင်ငံ၊ Gold Bridge ဒေသမှာ South Fork တံတား ကို ၁၉၄၀ ခုနှစ်အစောပိုင်းမှာ ပြန်လည်ဖွင့်လှစ် ခဲ့ပါတယ်။ ဒီတံတားဖွင့်ပွဲကို တက်ရောက်လာတဲ့ လူဦးရေ အများအပြားထဲက တစ်ယောက်ဟာ အဲဒီခေတ် ၀တ်စားဆင်ယင်မှုနဲ့ လုံးဝမသက်ဆိုင်တဲ့ ပုံစံနဲ့ ပါဝင်နေတာကို ဓာတ်ပုံမှာ မြင်တွေ့ နိုင်ပါတယ်။ သူဟာ ဒီဘက်ခေတ် နေကာမျက်မှန်၊ တံဆိပ်ရိုက်တီရှပ်အင်္ကျီနဲ့  တော်တော်ကြည့်ကောင်းတဲ့ ဆွယ်တာတစ်ထည် ကို ၀တ်ဆင်ထားတာတွေ့ မြင်နိုင်မှာပါ။ ဒါ့အပြင် အဲဒီ့လူဟာ လက်ကိုင် ကင်မရာတစ်ခုကိုပါ ကိုင်ဆောင် ထားပါသေးတယ်။ ဒီဓာတ်ပုံကို သက်ဆိုင်ရာပညာရှင်တွေက လုပ်ကြံဖန်တီးထားတာ မဟုတ်ကြောင်း စစ်ဆေးအတည်ပြုပေးထားပါတယ်။



၃။ ၁၉၂၈ ခုနှစ်က ဆဲလ်ဖုန်း

၁၉၂၈ ခုနှစ်က ချာလီချက်ပလင်ရဲ့ The Circus ဆိုတဲ့ ဇာတ်ကားတိုလေးမှာ ခေတ်ဟောင်းအမျိုးသမီး တစ်ယောက်ဟာ ဒီဘက်ခေတ် ဆဲလ်ဖုန်းတစ်လုံးကို အသုံးပြုနေတာကို တွေ့ မြင်နိုင်ပါတယ်။ ဆဲလ် ဖုန်းတွေဟာ ၂၀၁၀ လောက်မှ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ဒီ အခန်းကို ရုပ်ရှင်ရိုက်ကူးသူ George Clark က တွေ့ မြင်ခဲ့တာဖြစ်ပါတယ်။ ၁၉၃၈ လောက်က ဆဲလ်ဖုန်းအသုံးပြုသူတစ်ဦးကိုလည်း တွေ့  ရှိခဲ့ရပါသေးတယ်။ မက်ဆာချူးဆက်ပြည်နယ် DuPont စက်ရုံအပြင်ဘက်က လူအုပ်ထဲမှာ အမျိုးသမီး တစ်ယောက်ဟာ ဆဲလ်ဖုန်းတစ်လုံးကို သူမနားမှာကပ်ထားနေတာကို ဗီဒီယိုထဲမှာ တွေ့  မြင်နိုင်ပါတယ်။





Ref: Wikipedia.org
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...