White Balance အကြောင်း သိကောင်းစရာ

စကားဦး

ဓါတ်ပုံ ဆိုသည်မှာလည်း “ ပန်းချီ “ ပင် ဖြစ်ပါသည်။ ဓါတ်ပုံသည် အလင်း နှင့် ရေးဆွဲသော ပန်းချီပင် ဖြစ် ပါသည်။ ပန်းချီသည် ကင်းဗတ်( Canvas) ပြားပေါ်တွင် ဆေး( Paint)ကို စုတ် ( Brush) နှင့် ရေးသကဲ့သို့ ပင် ဓါတ်ပုံသည်လည်း Light ဟူသော ဆေးကို ကင်မရာ ဟူသော Brush ဖြင့်တို့ကာ ကင်းဗတ် ပြားနှင့် တူသော Sensor ပေါ်တွင် ရေးဆွဲ ခြင်းပင် ဖြစ်သည်ဟု ဓါတ်ပုံ ဆောင်းပါးရှင် Ron Bigelow က ၄င်း၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ် ပြခဲ့ပါသည်။

ပန်းချီ ဆိုသည့်အတွက် ဆေးရောင် ပါလာ ပေသည်။ ထို့ကြောင့် Photo Painting တွင်လည်း Colour ဟူသည့် အရောင် ပါလာရတော့ မည် ဖြစ်ပါသည်။ ဓါတ်ပုံ ပန်းချီ ရေးဆွဲ ရာ၌ လိုသည့် အရောင်ကို လိုသလို စုတ် ဖြင့် တို့ ကာ ရေးဆွဲ ရာတွင် ပန်းချီ ရေးဆွဲ သူ ဓါတ်ပုံ ဆရာ ၏ သဘော တစ်ခု တင်သာ မက နည်းပညာ ပိုင်း ဆိုင်ရာ Technical factors များပါ ပါ လာလေရာ ရံဖန်ရံခါ မလိုအပ်သည့် အရောင် များ ဓါတ်ပုံတွင် ပါလာ လေ့ ရှိပါသည်။ ထိုအခါတွင် ပုံတစ်ခု၏ ရဿ သည် အားလုံ ပြည့်စုံ ကောင်း မွန် နေပါ လျှက် ရှိသင့်သည့်အတိုင်း အတာတစ်ခုသို့ မရောက်ဘဲ ဖြစ်နေတတ်ပါသည်။ ဤ သည်တွင် အရောင် ကို ပြန် ချိန်ညှိ ပေးသည့် White Balance အခန်း ကဏ္ဍသည်လည်း အရေးပါသည့် နေရာသို့ ရောက်လာ ပါသည်။

ပန်းချီ တွင် ဆေးရောင်ကို သူ့ နေရာ နှင့်သူ ရွေးချယ် အသုံးပြုရန် မှန်ရန် လိုသကဲ့သို့ ဓါတ်ပုံသည်လည်း ထိုနည်း တူစွာပင် ဖြစ်သည်။ အောက်ပါပုံ သည် အလင်း၏ အရောင် ( Colour of the Light ) ကို အတိအကျ ချိန်ညှိ ထားခြင်း မရှိသည့် Auto white Balance ဖြင့် ရိုက်ထားသဖြင့် သဘာဝ မကျသည့် အရောင် ထွက်လာသောပုံ ဖြစ်ပါသည်။ ပုံတွင် လွှမ်းနေသည့် အရောင်သည် အဆိုပါအချိန် ၏ Colour Temperature မြင့်သည့် အရောင် ဖြစ်သော အပြာ ရောင်ဖြစ် နေသည်ကို တွေ့ နိုင်ပါသည်။



အဆိုပါပုံကိုပင် White Balance (Day Light Colour Temperature ) ဖြင့် ပြန်လည် ချိန်ညှိလိုက်သည့် ရာတွင် အဆိုပါ အချိန်၌် ရှိနေသင့်သည့် Warming Golden Colour ရ ရှိလာပါသည်။



ကျွန်တော် ရေးခဲ့ သော မှတ်စုများတွင် အရောင် နှင့်ပတ်သက်၍ တစ်ခု မျှ မပါ သေးသည်ကို သတိပြုမိ ပါသည်။ အရောင်သည် ပန်းချီ နှင့်ဓါတ်ပုံ တို့ တွင်ပါရှိရမည့် အခြား အခြားသော အရေးကြီးသည့် အချက် များ နည်းတူများစွာ အရေးပါသည့် ကဏ္ဍတွင် ပါဝင်ပါသည်။ အလွန်လည်း ကျယ်ပြန့်ပါသည်။ အရောင် နှင့် ပတ်သက် ၍ Colour Theory များစွာ ရှိပါသည်။ Colour သည် အိမ် ကြီး တစ်ဆောင်ဟု ဆိုရပါလျှင် ယခု ရေးသားမည့် White Balance ဆိုသည့် အကြောင်းအရာသည် အိမ်မကြီးသို့ ၀င်ရောက်ရန်အတွက် စတင်တက်လှမ်းရမည့် လှေကားထစ် အဆင့်ပင်ရှိမည်ဟု ဆိုရမည်ဖြစ်ပါသည်။ ကျွန်တော်သည် Colour ဆိုသည့် အိမ်မကြီးထဲအထိ ပို့ဆောင် နိုင်ခြင်းမရှိသည့်အတွက် ဤမှတ်စု ဖြင့် ဆေးရောင်စုံ အိမ်ကြီး ၏ လှေခါးထစ် သို့ပင် ပို့လိုက်ရပါသည်။

White Balance ဆိုသည်မှာ

White Balance ဆိုသည်မှာ အလင်းထုတ်လွှတ်ရာ အရင်းအမြစ် ( Light Source ) တစ်ခုမှ ထွက်ရှိသည့် အလင်း၏ ပမာဏ နှင့် ပြင်းအားကို တိုင်းတာကာ ယင်း ကိုချိန် ညှိ ( Balance ) ၍ ဓါတ်ပုံ တွင် လိုအပ် သည့် အရောင်ရ ရန် ဆောင်ရွက် ခြင်း ပင် ဖြစ်သည်။

စင်စစ် အားဖြင့် အဆိုပါ White Balance ဆိုသော စကားရပ်သည် ဓါတ်ပုံ နှင့် ဗီဒီယို သမားများ က ကင်မရာ၏ အနီရောင် ၊ အစိမ်းရောင် နှင့် အပြာရောင် Channels များ၏ Signals များ ကို White သို့မဟုတ် Gray အရောင်တို့ ၏ သဘာဝ အရောင် ရရှိစေရန် Waveform Oscilloscope ဖြင့် ချိန်ညှိ သည့် လုပ်ဆောင်ချက်မှ ဆင်းသက် လာသည့် စကားရပ် ဖြစ်ပါသည်။ ဆိုလို သည် မှာ အခြေခံ အရောင် သုံးရောင် ဖြစ်သည့် အနီ၊ အစိမ်း၊ အပြာ တို့၏ Colour Signal အမှန်ကို Balance လုပ်နိုင်မှ သာလျှင် အဖြူ ရောင် စစ်စစ် ပေါ် လာမည် ဖြစ်ပါသည်။ ပြောင်းပြန် ဆိုရ သော် အဖြူ ရောင် ၏ White Colour Signal ကို မှန်ကန် စွာ ချိန် ညှိနိုင်လျှင် အခြေခံ အရောင် များဖြစ်သည့် အနီ၊ အစိမ်း၊ နှင့် အပြာ တို့အပြင် အခြား ဆင့်ပွား အရောင်များ၏ Colour Signal များသည်လည်းမှန် ကန်မည် ဖြစ်ပါ သည်။

သမားရိုးကျ ဓါတ်ပုံပညာတွင်မူ အဖြူရောင်ထုတ်လွှင့်သည့် အပူစွမ်းအင် (Temperature ) ကို ကနဦး ချိန်ညှိ ခြင်းဖြင့် ကျန်သည့် အရောင်များ မှန်ကန်စွာ ထွက်ပေါ်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သည် ဟု ဆို ပါသည်။

ဤ နေရာတွင် Colour ၏ Temperature ကို တိုက်ရိုက် ဘာသာ ပြန်ဆို ခြင်းအားဖြင့် သဘောပေါက်လွဲ မှု ရှိနိုင်သဖြင့် Colour Temperature ဟူ၍ သာ သုံးစွဲ ခြင်းက ပို၍ သင့်မြတ် မည် ဟု ယူဆ သဖြင့် မူရင်း အင်္ဂလိပ် ဘာသာ အတိုင်း ပင် သုံးစွဲ ပါမည်။

Colour Temperature အလိုက် လွှမ်းမိုးသည့် အရောင်များ

နံနက် ခင်း၊ ညနေ ခင်း နေစောင်း နေချိန်တွင် မြင်ရသည် ဖြူ နီ ညို ပြာ ရောင်စုံ တိမ် တိုက် များ ၏ အရောင်သည် နေ ရောင် ( Sun Ray ) က တိမ်တိုက် များအား ရိုက် ခတ်ရာ တွင် ရိုက်ခတ်ရာ ဒေါင့် (Angle) အပေါ်တည်၍ တိမ်တိုက်ပေါ်တွင် ဖြစ်ပေါ် လာသည့် ရောင်ပြန် အရောင်များ ဖြစ်ပါ သည်။ ယခု ရေးသားမည့် Colour သည် Light Source တစ်ခု မှ ထုတ်လွှင့် လိုက်သည့် Wave Length ကိုလိုက် ကာ ပတ်ဝန်း ကျင်တွင် စိုးမိုး လျှက် ရှိ သည့် Colour အကြောင်း ဖြစ်ပါသည်။

ဤကဲ့ သို့ အပြာ နှင့် အနီ ရောင် နှင့် အစိမ်း ရောင် တို့ ၏ အချိုးကို တိုင်းထွာသည့် Unit ကို Kelvin ဟု ခေါ်သည်။ အတိုကောက် အားဖြင့် K ဖြင့် သတ်မှတ်ပါသည်။ ရူပဗေဒ ( Physics ) တွင် အတိုင်းအထွာ အချဉ်အတွယ် များကို သီးခြား Unit များဖြင့် ဖေါ်ပြပါ သည်။ ဥပမာ-One Foot, One Meter တို့ တွင် Feet နှင့် Meter တို့သည် အရှည်၊ အကွာ အဝေး တို့ ၏ Unit ဖြစ်ပြီး One Pound, One Kilogram တို့ တွင် Pound နှင့် Kilogram တို့ သည့် အလေးချိန် ၏ Unit ဖြစ်ပါသည်။ အလားတူ ပင် Kelvin (K) သည် Colour Temperature အတွက် တိုင်းထွာ သည့် Unit ဖြစ်ပါသည်။ အတိုကောက် (K) ဖြင့် ဖေါ်ပြပါသည်။

အကြမ်းအားဖြင့် Colour Temperature မြင့်သော တောက်ပ နေသည့် ကောင်းကင် သည် Kelvin Value များသော အပြာ ရောင်ကို ထုတ်လွှတ် ပါသည်။ Colour Temperature နိမ့် သည့် ဖယောင်းတိုင် မီး သည် Kelvin Value နည်းသော အနီဘက် သန်းသည့် အရောင် ကို ထုတ်လွှတ်ပါသည်။

အောက် ဖေါ်ပြပါ ဇယားသည် Light Source အလိုက် ထုတ်လွှတ်သည့် Colour Temperature ကြောင့် ထွက်ပေါ်လာသော အရောင် များကို အကြမ်း ဖျဉ်း ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အမြင့် ဆုံး Colour Temperature ( 9,000 to 15,000) ရှိသည့် ကြည်လက် တောက်ပနေသည့် ကောင်းကင်သည် အပြာ ရောင် ထုတ်လွှတ်ပါသည်။ အနိမ့်ဆုံး Colour Temperature ( 1,200 to 1,500) အတွင်း ရှိသည့် ဖရောင်တိုင် မီး သည် အနီ ရောင် ထုတ်လွှတ်ပါသည်။

အောက်ပါ ဇယား မှာ Colour Temperature အလိုက် အရောင်များ ကို အကြမ်း ဖျဉ်း မြင်သာ ရန် ပြထားခြင်းသာ ဖြစ်ပါသည်။ အတိ အကျ မဟုတ်ပါ။

Light Source
Colour Temp in K
Clear Blue Sky
9,000 to 15,000
Overcast Sky
6,000 to 8,000
Noon Sun and Clear Sky
6,500
Sunlight Average
5,400 to 6,000
Electronic Flash
5,400 to 6,000
Household Lighting
2,500 to 3,000
200-watt Bulb
2,980
100-watt Bulb
2,900
75-watt Bulb
2,820
60-watt Bulb
2,800
40-watt Bulb
2,650
Candle Flame
1,200 to 1,500


ဓါတ်ပုံ ရိုက်ရာတွင် ပတ်ဝန်းကျင်၌လွှမ်းမိုးလျှက်ရှိသည့် Colour Tempreture အပေါ်မူတည်ကာ ပုံများ၌ လိုသည့်အရောင်မရဘဲ သဘာဝမကျသည့် အရောင်များ ဖြစ်ပေါ်လာ တတ်ပါသည်။ ဖြစ်သင့်သည့် အရောင်က တစ်မျိုး ထွက်လာသည့် အရောင်က တစ်မျိုး ဖြစ်တတ်ပါသည်။

အောက်ပါပုံမှာ ကမ်းခြေ၌ နေမ၀င်မှီ မိနစ်အနည်းငယ် အလိုတွင် ရိုက်ထားခြင်း ဖြစ်သည်။ ၀င်လု ဆဲဆဲ နေရောင်ကို နောက်ခံ ပြု ထားသည့် ငှက်များ နှင့် သဲ ပြင်ပေါ်တွင် ရွှေရောင် တောက်ပ နေ သည့် ရောင်ပြန်ကို ရိုက်ထားခြင်း ဖြစ်သည်။ ၄င်းပုံ သည် ထိုအချိန်ရှိ အလင်းရောင်၏ Light Temperature အမှန်ကို Set လုပ်ကာ ရိုက်ထားသည့် ပုံ ဖြစ်သည်။



အောက်ပါပုံမှာ အထက်ရှိပုံ နှင့် တစ်ချိန်ထည်းတွင် ရိုက် ထားသည့် ပုံ ဖြစ်သည်။ ကွာ ခြားသည်မှာ Colour Temperature သာ ဖြစ်သည်။ ပုံ နှစ်ပုံ နှိုင်းယှဉ်နိုင်ရန်အတွက် Colour Temperature Setting ကို ခွဲခြား ရိုက်ပြထားခြင်း ဖြစ်ပါသည်။

အဆိုပါ ပုံ မှာ ကင်မရာ၏Colour Temperature မမှန်သည့် အတွက် နေ၀င်ချိန်၏ သဘာဝ ကို မပေါ်လွင် ဘဲ ဖြစ်နေသည်ကို တွေ့ နိုင်သည့် Colour Temperature Setting မှားနေသောပုံ ဖြစ်ပါသည်။



ညနေခင်း Light Source မှ ထုတ်လွှတ်သည့် Colour Temperature သည် မြင့် သောကြောင့် အပြာရောင်သမ်းသော အရောင်ကို ထုတ်လွှတ်သည်။ ထိုအရောင်ကို ကင်မရာရှိ White Balance ဖြင့် Warming Tone ကို ပြန်၍ ချိန်ညှိခြင်း (Compensate ) မရှိသည့်အတွက် ညနေခင်း၏ Light Source က ထုတ်လွှတ်သည့် အပြာ ရောင် လွှမ်းသွားခြင်း ဖြစ်သည်။

ဓါတ်ပုံ သမားများ အနေနှင့် မည်သို့သော အချိန် နှင့် နေရာတို့၏ Light Source သည် မည်သည့် အရောင်ကို ထုတ်လွှတ်သည်ကို သိရန် လွန်စွာ အရေး ကြီးပါသည်။ ၀ါ ရင့် ဓါတ်ပုံသမားများသည် ထို အချက်ကို များစွာ သတိထားကြသည်။

Colour Temperature

Colour Temperature ကို ရူပဗေဒ ဘာသာ ရပ် စကားဖြင့် ဆိုရပါမူ “ Black Body “ တစ်ခု မှ ထုတ်လွှတ်သည့် အလင်းရောင်စဉ် ( Spectrum of Light ) ပင် ဖြစ်ပါသည်။ ဤနေရာ တွင် Black Body ကို အကျဉ်း မျှ ရှင်းရန်လို လာပါသည်။ Balck Body မှာ ရူပဗေဒ နယ်ပါယ်တွင် အားလုံးသော Electromagnetic Radiation များကို စုတ်ယူ ထားသည့် ရုပ်ဝထ္ထု ပစ္စည်း တစ်ခုကို Idealize အဖြစ် စံပြု ပုံဖေါ် ထားသည့် အရာ ဖြစ်သည်။

Balck Body သည် Thermal Equilibrium ဖြစ်သည့် ပုံ မှန် အပူ ချိန် တစ်ခုတွင် Black Body Radiation ကို ရောင်စဉ် ( Spectrum ) အဖြစ် ထုတ်လွှင့် ပါသည်။ ဤ ကဲ့ သို့ ထုတ်လွှင့်ရာတွင် Electromagnetic Wave Length အလိုက်ထွက် ပေါ်လာ သည့် Temperature ကိုလိုက် ၍ အရောင်များ ဖြစ်ပေါ်လာသည်။







( nm = Nanometer, 1 Nanometer = 1.0 × 10-7Centimeters )

Electromagnetic Wave Length အလိုက် ဖြစ်ပေါ်လာသည့် အရောင်များ။

5000K သည် အကြမ်းဖျဉ်း အားဖြင့် White Colour Wave Length ဖြစ်ပြီး ၊ 3000K သည် Orange Colour Wave Length ဖြစ်ကာ 9000K ကဲ့သို့ Colour Temperature မြင့်လာ လျှင် Colour Distribution သည် အပြာ ရောင်ကဲ့ သို့ အေး သော အရောင် ဖြစ်ပေါ်လာပါသည်။ Colour Temperature နိမ့် လာပါက လိမ္မော် ရောင် ကဲ့သို့ ပူ သော အရောင် ဘက် သို့ ပြောင်းလာပါသည်။

အောက်ပါဇယား မှာ Kelvin Colour Temperature အလိုက် အရောင်ပြ ဇယား ဖြစ်ပါသည်။



ဤ ဘာသာ ရပ်သည် ကျယ်ဝန်းသည့် ရူပဗေဒ ၏ Quantum Mechanics ပိုင်း ဆိုင်ရာ ဘာသာ ရပ် ဖြစ်ပါ သည်။ သို့ ဖြစ်၍ Colour Temperature နှင့် အရောင်များ ဆက်စပ် နေမှု ကို မြင်သာ ရုံမျှ ဖေါ်ပြရ ခြင်း သာ ဖြစ်ပါသည်။

အခြေအနေအလိုက် ပြောင်းလဲသည့် အရောင်

အဖြူရောင်စက္ကူ တစ်ရွက်ကို လူ၏မျက်စေ့ဖြင့် အမိုးအကာအောက်တွင်ကြည့် သည်ဖြစ်စေ နေရောင်အောက်တွင် ကြည့်သည်ဖြစ်စေ အဖြူ အဖြစ်သာ မြင်သည်။ လူ ၏ ဥနှောက် က ဖြည့် ၍ မြင်လိုက်ခြင်း ကြောင့် ဖြစ်ပါသည်။ စင်စစ် အားဖြင့်မူ အဖြူ ရောင် စာရွက် ကို အမိုး အောက် တွင် ကြည့်ပါက နေ့ခင်း အလင်း ရောင် တောက် တောက် အောက်တွင် မြင်ရသည့် အဖြူ စစ်စစ် မဟုတ်ဘဲ အပြာရောင် အနည်းငယ် သန်း နေပေသည်။ ဖရောင်းတိုင် အလင်းရောင် အောက်တွင် ကြည့်ပါမူ အနည်းငယ် လိမ္မော် ရောင် သန်းနေပါလိမ့်မည်။ သို့ သော် လူ၏ ဥနှောက်က အားလုံးကို ချိန်ညှိ ၍ ဖြည့် ကြည့်ကာ အဖြူ ဟု သာ မြင်လိုက် သည်။ ကင်မရာကမူ အခြေ အနေပေါ် မူတည် ပြောင်းလဲသည့် အတိုင်း မြင်ရသည်။

ဤ အချက် ကို အခြေခံ ကာ White Balance ကို ချိန်ညှိ ခြင်း ဖြစ်သည်။ အဖြူ ကို ကင်မရာက အတိအကျ မှတ်သားနိုင်လျှင် ကျန်အခြေခံ အရောင်များ နှင့် ဆင့် ပွား အရောင်များ မှန်မည် ဖြစ်သည်။ အကြောင်း မှာ White Balance တွင် အခြေ ခံ အရောင်များ ဖြစ်သော အနီ၊ အစိမ်း၊ အပြာ စသည့် အရောင် သုံးရောင်ကို အဖြူ အဖြစ် အချိုး အလိုက် ချိန် ညှိခြင်း ဖြစ် သောကြောင့် ဖြစ်သည်။

White Balance အမှန် နှင့် အမှား။

ဓါတ်ပုံ တွင် White Balance မှန်ကန် မှု မရှိခြင်း သို့ မဟုတ် White Balance Adjustment Function ကို Off လုပ်ထားပါက ပုံတွင် အ၀ါရောင်၊ အပြာ ရောင်၊ အနီ ရောင် စသည့် အခြေခံ အရောင်များ သန်း လာပါသည်။ အဖြူ ရောင် အစစ် ရအောင် ချိန်ညှိ ထားသည့် White Balance မှာ မူ အဖြူရောင် အစစ်ကို အခြေခံကာ အခြေခံ အရောင်များ ဖြစ် သည့် အနီ ၊ အစိမ်း ၊ အပြာ နှင့် ဆင့်ပွား အရောင် များကိုပါ မှန်အောင် ညှိပေးခြင်း ဖြစ်ပါသည်။

အောက်ပါ ပုံများသည် White Balance မမှန်သည့် ပုံများတွင် ပေါ်ထွက်လာသည့် အရောင်များ ဖြစ်ပါသည်။ သို့ ဖြင့် ပုံသည် သဘာဝမကျ သော Unrealistic အရောင်များ လွှမ်းလျှက် ရှိနေပါသည်။



အောက်ပါပုံမှာမူ White Balance အမှန် ဖြင့် ရိုက်ထားသည် ပုံ ဖြစ်ပါသည်။ စားပွဲ နှင့် ပန်းအိုးသည် အဖြူ ရောင်အစစ် ပေါ်ထွက် နေပါသည်။



ကင်မရာတွင် အရောင်ပြန်လည် ချိန်ညှိသည့် PreSetting များ။

ကင်မရာ အားလုံး နီးပါး လောက် တွင် အရောင်ပြန်ချိန်ညှိ သည့် White Balance Control System ပါရှိပါသည်။ အောက်ပါ Function များသည် ကင်မရာ အများစု တွင် ပါ သည့် အသင့်သုံးရန် ထည့်သွင်း ထားသည့် White Balance Function များ ဖြစ်ကြပါသည်။


Automatic White Balance

အလွယ်ဆုံးမှာ Auto White Balance ဖြစ်ပါသည်။ ကင်မရာ Firmware က အရောင်ကို အလို အလျှောက် ပြန်ချိန်ညှိ ခြင်း ဖြစ်ပါသည်။ အခြေအနေ ပေါ်လိုက်ကာ White Balance ကို ကင်မရာက လိုက်၍ ညှိပေးသည့် Setting ဖြစ်ပါသည်။ သို့ သော် နေရာတိုင်းတွင် စိတ်ချ၍ မရပါ။ လူ၏ စိတ်တိုင်းကျ အရောင် မရနိုင်ပါ။ ထိုအချိန်တွင် လူက မိမိ စိတ်တိုင်းကျ ပြန် ညှိ ရပါမည်။

အောက်ပါ ပုံမှာ Auto White Balance ဖြင့် အဆောက်အဦးအတွင်း ရိုက်ထား သော ပုံ ဖြစ်သည်။ အပြင် ဘက်တွင် တိမ်ဖုံးနေသော အချိန် ဖြစ်သည်။ ထို့ ကြောင့် ပုံ တွင် ပြင်ပ ရှိ Cloudy ၏ Colour Temperature က လွှမ်း မိုး ကာ သဘာဝ မကျသော အပြာ ရောင် လွှမ်းနေခြင်း ဖြစ်ပါသည်။ Auto White Balance က ဤ မျှ အထိ အနု စိတ် ကလေးများ ကို မှတ်သား နိုင်စွမ်း မရှိဟု ဆိုရပါမည်။



အောက်ပါပုံသည် အဆိုပါပုံကိုပင် Cloudy White Balance ဖြင့် ပြန်ရိုက်သည့်အတွက် သဘာဝ ကျသော Warm Golden Colour ဖြင့် လှပ စွာထွက်လာသည်။



အောက်ပါ ခလေး ငယ် ပုံ ကို Auto White Balance ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။ ပတ်ဝန်း ကျင်ရှိ Colour Temperature မြင့်နေသဖြင့် အသားရာင်မှာ အပြာဘက် သို့ လုနေ သည် ကို တွေ့ ရမည် ဖြစ်သည်။



အဆိုပါပုံကိုပင် White Balance အား Shade သို့ ပြောင်းကာ ရိုက်ရာတွင် အောက်ပါ ပုံကဲ့သို့ အသားရောင်မှာ သဘာဝ Warming Colour ဖြစ်လာသည် ကိုတွေ့ နိုင်ပါသည်။ Direct Sun Light အောက်တွင်ပင် Warming Colour လို အပ်ပါက Auto White Balance မသုံးဘဲ Shade ကိုသုံးရသည်လည်း ရှိပါသည်။




Direct Sun Light

နေရောင် အောက် တွင် တိုက် ရိုက် သုံးရန် အတွက် ကင်မရာက ပေး ထားသည့် White Balance Setting ဖြစ်ပါသည်။ Clear Sky ၏ Colour Temperature သည် 6500K ခန့် ရှိသော အပြာနုရောင် လွှမ်းသည့် အနေအထားတွင်ရှိသည်။ ယင်းကို သဘာဝ အမြင် အရောင်အတိုင်း ပေါ်လာစေရန် Warming ဘက်သို့အနည်းငယ် လုကာ ပြန် ညှိ ပေးသည့် Setting ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရပါသော် ကင်မရာ က Warm Tone ကို ဖြည့် ပေးသည့် Setting ဖြစ်ပါသည်။


Cloudy

နေ့ခင်း တိမ်ဖုံးနေသည့် အခြေအနေ တစ်ရပ် ၏ Colour Temperature သည် 6000K မှ 8000K အတွင်းရှိ အပြာရောင်လွှမ်းသည့် အခြေအနေဖြစ်သည်။ ယင်းကို ကင်မရာ က Cloudy Setting ဖြင့် ပြန်ချိနှ်ညှိ ( Compensate ) ကာ Warm Tone ကို ဖြည့် ပေးသည့် Setting ဖြစ်ပါသည်။


Shade

နေ့ခင်း၌ အရိပ် အောက်တွင်ရှိနေသည့် Subject ကို ရိုက်လျှင် Day Light တွင် ရိုက်သည် ထက်ပြာ နေ တတ်ပါသည်။ အကြောင်း မှာ အမိုးအောက် ရှိ Colour Temperature သည် Kelvin Value မြင့် သည့် ( 8500K ခန့် ) အပြာရောင် လွှမ်း နေသောကြောင့် ဖြစ်ပါသည်။ ထို့ ကြောင့် နေ့ ခင်း တွင် အမိုးအောက်ရှိ Subject ကို ရိုက်ပါက ဤ Setting က အပြာ ရောင်ကို Warm Tone ဖြင့် ပြန်လည် ချိန်ညှိ ( Compensate ) ပေး ပါသည်။ နေ့ ခင်း Day Light တွင် ရိုက်လျှင် လည်း ဤ Setting သည် ကင်မရာက Warm Tone ကို ဖြည့် ပေးသည့် Setting ဖြစ်ပါသည်။


Flash

Flash သည် Day Light ထက် အနည်း ငယ် ပို၍ အေး သော အရောင် ကိုပေး သည်။ Flash ၏ Colour Temperature သည် 5400K မှ 6000K ခန့် အတွင်းရှိသည့် စိမ်းပြာ အအေးရောင် ကို ပေးသည့် Cooling Colour Temperature ဖြစ်သည်။ Flash ကို အဓိက ထား သုံးရမည့် နေရာ တွင် Flash ၏ Colour Temperature အရ ထွက်လာမည့် စိမ်းပြာ ရောင်ကို ပုံ မှန် ဖြစ်လာစေရန် Warm Tone ဖြင့် Compensate လုပ် ပေးခြင်း ဖြစ်သည်။ အချုပ်မှာ ဤ Setting သည်လည်း ကင်မရာက Warm Tone ကို ဖြည့် ပေးသည့် Setting ပင် ဖြစ်ပါသည်။


Tungsten

Tungsten Filament ဖြင့် လင်း သည့် မီးလုံး မှ ထွက်လာသည့် အလင်းသည် Day Light ထက် Orange ရောင် ပို၍ သန်းပါသည်။ Tungsten ၏ Colour Temperature သည် မီးလုံး ၏ Watt ပေါ် မူတည်၍ 2500K မှ 3000K အတွင်းရှိ ပါသည်။ အဆိုပါ မီးရောင် အောက် တွက် ရိုက်ပါက Suject သည် လိမ္မော် ရောင် အနု ၊ အရင့် စသည် တို့ ဖြင့် လွှမ်း လာတတ် သည်။ ကင်မရာ တွင်ပါသည့် Tungsten ( Incandescent ) Setting က အပြာလွှမ်းသည့် Cooling Colour ဖြင့် ဖြည့် ကာ ချိန်ညှိ ပေးမည် ဖြစ်သည်။ Tungsten ကြောင့် ထွက် ပေါ်လာသည့် Warming Colour များကို ကင်မရာက Cooling Tone ဖြင့် Compensate လုပ် ပေးသည့် Setting ဖြစ်ပါသည်။


Fluorescent light

အရပ်အခေါ်အားဖြင့် မီးချောင်း အရောင်ဖြစ် ပါသည်။ Fluorescent ၏ Colour Temperature သည် အသုံးပြုသည့် Sodium-Vapour Lamp, Warm White Fluorescent, Day Light Fluorescent စသည် တို့ အပေါ် မူတည်၍ 2700K မှ 6500K အထိ ရှိပါသည်။ Colour Temperature 2700K ဖြစ်သည့် အနိမ့် ပိုင်း တွင် Warming ဘက်သို့ အရောင်သန်း ၍ အများစုမှာ 5000K မှ 6500K အတွင်း ဖြစ်ကြသည်။ ထို့ကြောင့် အဆိုပါ Fluorescent Colour Temperature အမြင့် ပိုင်း တွင် Cool Colour ဖြစ် သည့် အစိမ်း နု မှ စတင်ကာ အပြာရောင် အထိ အရောင် သန်း လာသည်။ ယေဘူယျ အားဖြင့် ဤ Setting သည်လည်း ကင်မရာက Warm (Red) Tone ကို ဖြည့် ပေးသည့် Setting ဖြစ်ပါသည်။

သို့ ရာတွင် Fluorescent သည် အမျိုး အစား များစွာ ရှိပါသည်။ အထက်တွင် ဖေါ်ပြခဲ့သည်မှာ သာမန် အိမ်သုံးအမျိုး အစားများကိုသာ ဖေါ်ပြ ထားခြင်း ဖြစ်ပါ သည်။

လမ်း များတွင် ထွန်း ထားသည့် Low pressure sodium Street lights သည် Wave Length 589nm ( Nanometer- 1 Nanometer = 1.0 × 10-7 Centimeters ) ရှိသော Monochromatic Light Source ဖြစ်သောကြောင့် လိမ္မော်ရောင် သန်းသည်။ ဤ နေရာ တွင် အထက် ပါ Setting သုံး၍ အဆင် မပြေ နိုင်ပါ။

အထက်ပါ PreSetting များ ၏ Colour Temperature များသည် ကင်မရာ တစ်ခု နှင့် တစ်ခု အနည်း ငယ် ကွဲ လွဲ နိုင်ပါသည်။

Nikon ကင်မရာများ၏ Colour Temperature Setting မှာ အောက်ပါ အတိုင်း ဖြစ်သည်ကို တွေ့ ရှိရပါ သည်။

(1)

ကင်မရာတွင်
 ပေးထားသည့် White Balance Options 
(ကင်မရာတွင်မူ သင်္ကေတဖြင့်သာ
 ပြထားပါသည်။)
(2)
Colum (1) ပါ Option တွင် ပြထား သည့် Light Source တစ်ခု ခြင်းစီ၏ Colour Temperature  များ။
(3)
ကင်မရာတွင် ပေးထားသည့် White Balance Option များကို 
အသုံးပြု ရမည့် အနေအထား။
Auto
3500K to 8000K
ကင်မရာက white Balance ကို သူ့အလို အလျှောက် ချိန်ညှိ ပေးလိမ့်မည် ဖြစ်သည်။
Incandescent
3000K
Tungsten ဖြင့် လင်းသည့် အိမ်သုံးမီးလုံး များ အောက်တွင် သုံးရန် ဖြစ်ပါသည်။
Fluorescent
From Sodium-Vapour Lamp- 2700K to High Temperature Mercury-vapour-7200K
Tungsten ဖြင့် လင်းသည့် မီးမဟုတ်ဘဲ သာမန်အခေါ် လျှပ်ကူးကာ လင်းသည့် မီးချောင်း အရောင်များမှာ အကြမ်းအားဖြင့် (၇) မျိုးခန့်ရှိပါသည်။ အဆိုပါ Tungstang မီး မဟုတ်သည့် Light Source များ ၏ အောက်တွင် သုံးရန် ဖြစ်ပါသည်။
Direct Sun Light
5200K
နေရောင် တိုက်ရိုက် ထိရောက်နေသည့် Subject ကို ရိုက်ရာတွင် သုံးရန် ဖြစ်ပါ သည်။
Flash
5400K
ကင်မရာတွင် ပါသည့် Falsh ဖြစ်စေ၊ Optional Flash ဖြစ်စေ သုံးသည့် အချိန်တွင် အသူံးပြု ရန် ဖြစ်ပါသည်။
Cloudy
6000K
တိမ်ဖုံး နေသည့် နေ့ခင်းအချိန်တွင် သုံး ရန် ဖြစ်ပါသည်။
Shade
8000K
နေ့ခင်းတွင် Subject သည် အမိုး အောက် တွင် ရှိနေသည့် အချိန်တွင် အသုံးပြု ရန် ဖြစ်ပါသည်။
မှတ်ချက်- Colour Temperatur နိမ့်က Warm Tone ( လိမ္မော်၊ အနီ ) စသည့် အရောင်များ လွှမ်း လာမည်ဖြစ်ပြီး ၊  မြင့်လာရင် Cooling Tone ( စိမ်းပြာ၊ အပြာ) စသည့် အရောင်များ လွှမ်းလာ မည်ဖြစ်ပါမည်။ ကင်မရာတွင် ပေးထားသည့် White Balance Options များကို သုံးခြင်း ဖြင့် Light Source အလိုက် လွှမ်းနေသည့် အရောင်များကို ဆန့်ကျင်ဘက် အရောင်များဖြင့် (အအေးရောင် လွမ်းနေပါက အပူရောင်ဖြင့် လည်းကောင်း ၊ အပူရောင် လွှမ်း နေပါက အအေးရောင် ဖြင့် လည်းကောင်း ) -  ပြန်လည်ချိန်ညှိ ( Compensate ) လုပ်ပေးမည့် Setting များ  ဖြစ်ပါသည်။

အထက်ပါ Camera Preset များကို မသုံး ဘဲ Colour Temperature ကို သီးခြား စိတ်ကြိုက် ရွေး ချယ် အသုံးပြု လိုပါက 2500K မှ 10,000K အထိ ရွေး ချယ် နိုင်ပါသည်။


4598K


5477K

အထက်ပါ သိမ်း ငှက် ကို Colour Temperature နှစ်မျိုး ဖြင့် ရိုက် ကူးထားသည့် ပုံ ဖြစ်ပါသည် ။ ပုံ နှစ်ပုံ ၏ အရောင် ကွာ ခြားချက် ကို မြင် နိုင်ပါသည်။ Colour Temperature မြင့်သော 5477K ပုံသည် အပြာရောင် အနည်းငယ် လွှမ်းနေသည် ကို တွေ့ နိုင်ပြီး Colour Temperature နိမ့်သော 4598K ပုံသည် အနီရောင် ဘက်သို့ အနည်းငယ် လွှမ်းနေသည် ကို တွေ့ နိုင်ပါသည်။

ဤျနေရာတွင် မျက်စေ့ လယ် နိုင်သည့် သည့် အချက် တစ်ချက် ရှိပါသည်။ ယင်း မှာ ကင်မရာ White Balance PreSetting ကပေးသည့် အရောင် နှင့် ပြင်ပ ပတ်ဝန်းကျင် ကပေးသည့် အရောင် တို့ ဖြစ်ပါ သည်။ Cloudy ၏ပြင် ပပတ်ဝန်းကျင် က ပေး သော အရောင် သည် Cooling Tone ဖြစ်ပြီး ကင်မရာ White Balance PreSetting - Cloudy က ပေးသော အရောင် မှာ Warming Tone ဖြစ်ပါသည်။ ကင်မရာ White Balance PreSetting က ပေးသော အရောင်မှာ ပြင်ပ ပန်ဝန်းကျင် အရောင် ကို ချိန်ညှိရန် အတွက် သီသန့် စီစဉ် ပေးထား သည့် Compensate Colour သည် ဖြစ်သည် ကိုသတိပြု ရပါမည်။



အထက်ပါ White Balance သင်္ကေတ ပုံ များ ၏ တစ်ခုခြင်း အလိုက် အထက်တွင်တွဲ၍ ပြထားသည့် အရောင်များမှာ အဆိုပါ သင်္ကေတပါ အခြေအနေတွင် ပြင်ပ ပတ်ဝန်း ကျင်၌ အမှန် ဖြစ်ပေါ် နေသည့် အရောင် နမူနာ များ ဖြစ်ပါသည်။ ကင်မရာပါ သက်ဆိုင်ရာ သင်္ကေတ အလိုက် Prset White Balance များက ပြထားသည့် နမူနာ အရောင်များ ၏ ဆန့် ကျင် ဘက် အရောင်ဖြင့် ပြန် လည်ချိန်ညှိ ခြင်း ဖြစ်ပါ သည်။ ဥပမာ အားဖြင့် Shade ၏ ပြင်ပ ပတ်ဝန်းကျင် ရှိ အမှန်အရောင်မှာ Cooling Tone အပြာ ရောင် ဖြစ်ပါသည်။ ကင်မရာ ၏ Shade Symbol ဖြင့် ပြထားသည့် Setting က Warm Tone ဖြင့် Compensate လုပ်ကာ ပြန် ညှိပေးမည်ဖြစ်ပါသည်။

အောက်ပါ ပုံမှာ ကင်မရာ များ၏ Preset White Balance Symbol Setting များ က သက်ဆိုင်ရာ PreSet Setting အလိုက် Compansate လုပ်ပေးမည့် Colour များ ဖြစ်ပါသည်။





Preset ( Manuel, Custom) White Balance.

White Balance ကို ပြန်လည် Setting လုပ်ကာ ကင်မရာ ကို အရောင် အမှန် မှတ် စေသည့် နည်း ဟု ဆိုရပါမည်။ သဘာဝ အရောင် ( Natural Colour ) တစ်ခုကို အလင်းရောင် တစ်ခု အောက်တွင် ရိုက်ကြည့် ခြင်း ဖြင့် ကင်မရာသည် သဘာဝ အရောင်အတိုင်း မှတ်သား ပုံ ဖေါ် ပေးနိုင်ပါက အခြား အရောင်များကို လည်း အဆိုပါ Setting ဖြင့်ပင် အမှန် အဖေါ် ထုတ် ပေးနိုင်ပေလိမ့်မည်။ အထူးသဖြင့် Energy Saving အလင်း ရောင် အောက်တွင် စမ်း သင့်သည်။ ဤ နည်းက ပို မို တိကျ သည့် Whate Balance ကို ရစေပါသည်။

ကင် မရာ တိုင်းတွင် ဤ ကဲ့သို့ Preset လုပ်သည့် နည်း ရှိသည်။ Nikon ကင်မရာ တွင်မူ White Balance ကို Control Panel တွင် Pre ပေါ်လာသည့် အထိ ရွှေ့ပြီး နောက် Pre မှိတ်တုတ် မှိတ်တုတ် ၆ စက္ကန့် လောက် ဖြစ်နေစဉ် အတွင်း Lens ရှေ့ ၌ စက္ကူအဖြူ ( ကဒ်ပြား အဖြူ ) သို့ မဟုတ် Gray Card ကို Frame အပြည့် ထားကာ Shutter Release ကို အဆုံး နှိပ်ချ လိုက် ခြင်း ဖြစ်သည်။



White Balance ချိန် ညှိ ရန် Lens ရှေ့တွင် အဖြူရောင် ကာထားသည့် ပုံ။

ဤ သို့ ဖြင့် ကင်မရာသည် White Balance Value ကို မှတ်လိုက်ကာ အဖြူ သို့ မဟုတ် အညို ရောင်ကို d-0 အဖြစ် သတ်မှတ် ၍ Save လုပ်ထား လိုက်သည်။

ဤ သတ်မှတ် ချက် ဖြင့် အခြားသော အရောင် များကို လည်း မှန်ကန် အောင် ပြန်လည် ချိန် ညှိပေးပါ သည်။ တိကျသော Whait Balance နည်း ဖြစ်ပါသည်။ အဆိုပါ d-0 ကို အခြေ ပြုကာ d-1, d-2, d-3, d-4 စသည်ဖြင့် presets များကို ပွားနိုင်ပါသည်။ အဆိုပါ Preset လုပ်နည်းများကို ကင်မရာများ၏ သက်ဆိုင်ရာ လက်စွဲ စာအုပ် ( Manual ) များတွင် အသေးစိတ် ရေးသားဖေါ် ပြထားပါသည်။

Auto နှင့် Manual Preset Whate Balance ပုံများ။

အောက်ပုံ ကို Auto White Balance ဖြင့် ရိုက်တားခြင်း ဖြစ်သည်။ အရောင် ထိုင်းနေသည်ကို မြင် နိုင်ပါ သည်။



အောက်ပါပုံမှာ အဆိုပါပုံ ကို ပင် Manual ( Custom ) White Balance ဖြင့် ရိုက် ထားခြင်းဖြစ်သည်။ အရောင် ပို၍ စို လာကာ Colour Saturation ပို တက်လာသည်ကို တွေ့ နိုင်ပါသည်။



အောက်ပါ အခမ်းတွင်းပုံကို ရိုက်ရာတွင် White Balance အား Auto WB- Tungsten WB – Preset ( Manual ) WB တို့ဖြင့် သုံးမျိုး ရိုက်ထားခြင်း ဖြစ်ပါသည်။ ကြည့်သူ၏ ညာဘက် အစွန်ရှိ ပုံသည် အရောင် အမှန် ဆုံး ဖြစ်သည်ကို တွေ့ ရှိရပါသည်။


Left to right: Automatic, Tungsten and Preset white balance settings.

ဤနေရာတွင် Manual ( Custom) White Balance က အရောင် အမှန်ဆုံး ထုတ်ပေး သည်ကိုတွေ့ ရပါသည်။

အောက်ပါ ရှု ခင်း ပုံ (၁) ကို Auto White Balance ဖြင့် ရိုက် ထားကာ ပုံ (၂ ) ကို Custom ( Manual ) White Balance ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ Auto White Balance ဖြင့် ရိုက်ထားသည့် ပုံ (၁) တွင် အဝေးရှိ တောင် တန်း သည် အနည်းငယ် အပြာ ရောင်သန်း နေသည် ကို တွေ့ ရမည် ဖြစ်သည်။ Auto White Balance က မူလ အပြာရောင်ကို ဖယ်ရှား ခြင်း မရှိဘဲ ပုံ ၏ အဓိက အချက် ဖြစ်သည့် Cool Feeling ကိုပေး သည်။ Custom White Balance ဖြင့် ရိုက် ထားသည် ပုံ (၂ ) မှာ မူ Cool Colour ဖြစ်သည့် အပြာ ရောင်ကို လျှော့ချလိုက်သဖြင့် တောင်တန်း နှင့် ရေပြင်တို့၏ Cool Feeling ပြောက် သွားသည်။ Custome White Balance သည် အမြဲတန်း အဆင်ပြေ နေသည်ဟု လည်းဆိုရန် ခက်ပါသည်။

( ပုံ-၁ )


( ပုံ-၂ )


Custom White Balance ၏ အားသာချက် နှင့် အားနည်းချက်။

အားသာချက်
Light Source ၏ Colour Temperature ကို အတိအကျ ဆုံးဖြတ် ပေးနိုင်သည်။ White Balance ကို တိကျစွာ Set လုပ်နိုင်သည်။

အားနည်းချက်
သို့ရာ တွင် Light Source ၏ Colour သည် ပုံ ( Image ) ၏ အစိတ်အပိုင်း ငယ်တစ်ခုသာ ဖြစ်နေပါက White Balance ကို ရွေးရ ခက်နေတတ်သည်။ ထို အခြေအနေမျိုးတွင် Auto White Balance သို့မဟုတ် အသင့် ပေးထားသည့် Preset White Balance များကို သုံးသင့်သည်။

အကောင်းဆုံး စွမ်း ဆောင်နိုင်မှု ။
Colour Signal ကို အတိအကျ ပေး နိုင်သည့် သဘာဝ အလင်း ရောင် ဖြင့် ရိုက်ကူးရာတွင် အကောင်းဆုံး ပုံကို ထုတ် ပေး နိုင်သည်။

အထက်ပါ Custom White Balance ၏ အားသာချက် နှင့် အားနည်းချက် အယူအဆမှာ ဓါတ်ပုံ ဆောင်း ပါးရှင် တစ်ဦး ဖြစ်သူ Ron Bigelow ၏ အယူအဆ ဖြစ်ပါသည်။

အထက်တွင် ဖေါ်ပြ ခဲ့သည်မှာ သဘာဝ အရောင် ကို အနီးစပ် ဆုံးရ နိုင်ရန် ချိန်ညှိ ခြင်း ဖြစ်ပါသည်။ ယခင် မှတ်စု များတွင် မကြာ ခဏ ဆိုခဲ့ သည့် အတိုင်း ဓါတ်ပုံ သည် အနု ပညာ တစ်ရပ်ဖြစ်သဖြင့် မည်သည့် နည်း ဥပဒေ ကိုမှ အသေ စွဲ ထား ရန်မဟုတ်ဘဲ မိမိ စိတ်ကြိုက် ဖန် တည်း နိုင်ပါသည်။


White Balance ဖြင့် အရောင် အမျိုးမျိုး ကို လှပစွာဖန် တည်း ထားသည့် ပုံ။

ညနေခင်း နေ၀င်ချိန် ကို ရွှေဝါ ရောင်အစား အပြာ ရောင် လုပ်လိုလျှင်လည်း White Balance ကို Set လုပ်၍ ရပါသည်။ နံနက် နေထွက် ချိန် ကိုလည်း ပန်းရောင် ချယ်သ လိုပါက ချယ်သလို့ ရပါသည်။ Manual Preset လုပ်ရာတွင် အဖြူ ရောင် White Card ကိုမသုံး ဘဲ အခြားအရောင် နှင့် စမ်း လို က လည်း စမ်း နိုင်ပါသည်။ ကင်မရာ ကလည်း သူ့ နည်း သူ့ ဟန် နှင့် အရောင်များကို မှတ်ပါ လိမ့် မည်။ ထွက် လာသည့် အရောင်သည် မိမိ စိတ်ကြိုက် ဖြစ် ဘို့ သာလိုပါသည်။

မည်သို့ပင် ဆိုခဲ့စေကာ မူ White Balance ကို အကောင်းဆုံး အသုံးချရန်အတွက် အချုပ်အား ဖြင့် အကြံ ပြုလိုသည်မှာ-

- စမ်းရိုက်ကြည့်ပါ၊
- White Balance ကို ပြန်စစ် ကြည့်ပါ၊
- လိုအပ်သည့် အရောင် မရပါက White Balance ကို ပြန် ညှိပါ၊
- နောက်ထပ် ရိုက်ကြည့်ပါ၊
- မလိုသည့် ပုံများ ဖျက်လိုက်ပါ၊
- အမှန်အကန်လိုသည့် ပုံကို သိမ်းထားပါ။

အချိန်လည်းမကုန် ငွေလည်းမကုန်သည့် နည်းစနစ် ဖြစ်ပါသည်။

White Balance အမျိုးမျိုးတို့၏ နမူနာပုံများ။









Credits: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...