ကင်မရာ အလင်းရောင်စစ် မှန်ချပ် - Camera Filters

ဓါတ်ပုံရိုက်ရာတွင် ကင်မရာ lens ၏ရှေ့ ၌ အမျိုးမျိုးသော မှန်ချပ် ကလေးများ ( Filters) တပ်တာ ရိုက်လေ့ ရှိကြသည်။ ဘာကြောင့် ဤကဲ့သို့တပ်၍ ရိုက် ကြသနည်း ဆိုသည်ကို ဓါတ်ပုံပညာရှင်တစ်ဦးက “ လူ တွေ နေကာ မျက်မှန်တပ်ကြသလိုပေါ့ “ ဟု ရိုးရိုးလေး ဖြေလိုက်ပါသည်။ အရိုးရှင်းဆုံး အဖြေ ဖြစ်ပါ သည်။ ကင်မရာလည်း လိုအပ်လာလျှင် မျက်မှန်တပ်ဘို့ လိုပါသည်။

ကင်မရာ Lens ၏ ရှေ့ တွင် အမျိုးမျိုးသော မှန်ချပ် ကလေးများ ( Filters ) ပြောင်း၍ တပ် ပေးခြင်းဖြင့် ကင်မရာ အတွင်းသို့ Lens မှ ဖြတ်ကာ ၀င်လာသည့် အလင်း ( Light ) ကို Filter တစ်မျိုးစီ သည် ၄င်းအား တည်ဆောက်ထားသည့် နည်းစနစ်ပေါ် မူတည် ၍ နည်း အမျိုးမျိး ဖြင့် စစ် ( Filtrate ) ပြီးမှသာ Focal Plane ပေါ်သို့ ပို့ ပေးသဖြင့် ပုံ ရိပ်ကို လည်း မူလအနေအထားမှ အရောင် အနေအထား အမျိုးမျိုး ကွဲပြားသည့် ပုံရိပ် များအဖြစ် ပြောင်းလဲ ထွက်ပေါ်လာစေသည်။ သို့ ဖြင့် ပုံမှန် ရိုက်ခြင်း အားဖြင့် မရ နိုင်သည့် အရည် အသွေးများ ဆန်းသစ်သည့် ပုံ များ ကို Filters များ ခံပေးခြင်း အားဖြင့် ရရှိနိုင် သည်။ အောက်ပုံမှာ Filters ခံလိုက် ခြင်းဖြင့် ထွက်ပေါ်လာသည့် အရောင်ကွဲ ပုံ အမျိုးမျိုးကိုနမူနာ ပြ ထားခြင်းဖြစ်သည်။


Filter ကြောင့် ပြောင်းလဲ သွားသည့် အရောင်များ။

Without Filter With Filter

Filter ကြောင့် ပြောင်းလဲ သွားသည့် ကောင်းကင်အရောင်။

ယခု Digital ခေတ်တွင် Photoshop နည်းပညာ ဖြင့် Filters Effects အမျိးမျိုးကို ဖန်တည်းနိုင် သည် ဖြစ်စေကာမူ တကယ့် Filter ဖြင့် ရိုက်ကူးသည့် အဆင့်ကို ပီပီ ပြင်ပြင် မှီ အောင် ဖေါ်ဆောင် နိုင်ခြင်း မရှိသကဲ့သို့ အချို့သော နေရာများတွင် လည်း Filter ၏ ဆောင်ရွက်ချက်ကို ဖန်တည်း နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

သမားရိုးကျ သုံး လျှက်ရှိ ကြသည့် Digital Camera Lens Filters များ

သစ်ဆန်းသည့် ပုံရိပ် အနေအထားသစ်များ ၊ အရောင်များ ထုတ်ပေးသည့် Digital Camera Lens Filters ပေါင်း များစွာ ရှိပါသည်။ အောက်ပါ တို့ မှာ အသုံးများသည့် Filter အချို့ ဖြစ်ကြသည်။

UV/Haze and Skylight Protective Filters


Ultraviolet Ray သည် အလင်း Contrast ကို လျှော့ သွား စေသည့် အတွက် ကင်မရာ၏ Exposure ကို ကမောက်ကမ ဖြစ်စေသည်။ ထို့ကြောင့် မြူမှုန် ( Haze) များကို လျှော့ပါး စေကာ Contrast တိုးလာစေပြီး သာမန် မျက်စေ့ဖြင့် မမြင်နိုင်သည့် Ultraviolet Ray ကို Sensor သို့ မရောက်စေရန် စုတ်ယူ ထားနိုင် သည့် Ultraviolet (UV) Filter ကို တည်ထွင် ခဲ့သည်။ ဤ Filter သည် မြူမှုန် ( Haze) များ ဝေနေသည့် ရှုခင်း များရိုက်ရာတွင် လည်းကောင်း လေယာဉ်ပေါ်မှ ရိုက်ရာတွင် လည်းကောင်း များစွာအသုံးဝင်သည်။ အကယ် ၍ မိမိ သုံးနေသည့် ကင်မရာ Sensor သည် UV Light ကြောင့် မည်သို့ သော Metering အပြောင်း အလဲမှ မရှိနိုင်သော Sensor ပါရှိသည့် ကင်မရာ ၊ တစ်နည်းအားဖြင့် UV Sensitivity မဖြစ်သော Sensor ပါရှိသည့် ကင်မရာ ၊မှာမူ UV Filter ကို သုံး ရန် လိုမည် မဟုတ်ပါ။





အထက် No 2. ပုံ မှာ UV Filter ခံ၍ ရိုက်ထားသည့် ပုံ ဖြစ်သည်။






Skylight Filter သည် Outdoor Photography တွင် အပြာရောင် ကောင်းကင် အောက်ရှိ အမိုး အကာ အောက်တွင် ရိုက်ရာ၌ ဖြစ်လေ့ ဖြစ်ထရှိသည့် အပြာရောင် အလွန်အမင်းကဲမှု ကို လျှော့ချသည့် Filter ဖြစ်သည်။ ၄င်းအပြင် Skin Tone ကို အနီးအနားရှိ အရောင်များ ရောင်ပြန်ဟပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ သို့ သော် လက်ရှိ အချိန်တွင် ကင်မရာ Lens ကို အမှုန်အမွှားများကပ်ခြင်း၊ Lens ကို ထိမိ ခိုက်မိ ခြင်းများမှ ကာကွယ်ရန် အသုံးများကြသည်။

Neutral Density (ND) Filters





Neutral Density (ND) Flters များသည် Sensor သို့ ၀င်လာသည့် အလင်း ပြင် (Light Plane) ၏ အား (Intensity) ကို အရောင် ( Colour) အပြောင်းအလဲ မဖြစ်ဘဲ အလင်း အား ကို လျှော့ချပေးသည့် Filter ဖြစ်သည်။ ND Filter သည် Lens အတွင်းသို့ ၀င်လာ သည့် အလင်းအင်အား ကို Filter အမျိုးအစား လိုက်ကာ အနည်း-အများ လျှော့ချပေး သည်။ အချို့က လျှော့ချမှုများ၍ အချို့ကနည်းသည်။ Aperture ၏ One Stop, အချို့ က Two Stop, Three Stop, စ သည်ဖြင့် လျှော့ ချပေးသည်။

ဆိုလိုသည်မှာ လက်ရှိ Aperture သည် f-8 တွင် Set လုပ် ထားသည် ဆိုပါ စို့ ၊ One Stop ND Filter တပ်လိုက်လျှင် Lens အတွင်းသို့ အလင်းရောင် ၀င်လာခြင်းကို လျှော့ ချ လိုက်သည့်အတွက် အလင်းသည် Apreture f-8 ဖွင့်ထားသည့် အတိုင်း ပုံမှန်မ၀င်တော့ဘဲ အလင်းလျှော့သွားကာ f- 11 နှင့် ဖွင့်ထား သလောက်သာ ၀င်တော့ မည်ဖြစ်သည်။ ဤကဲ့သို့ မူလ Setting ထက် အလင်း ၀င်အား နည်းသွားသည့် အတွက် ယင်းသို့ အလင်းဝင်အား လျှော့ နည်းသွားသည့် Aperture နှင့် လိုက်လျှော ညီထွေ ရှိသည့် Shutter Speed ကို ကင်မရာက ပြန်ညှိရမည် ဖြစ်သည်။ Shutter Speed ၏ Timing ကို မူလ Setting ထက် ပို ၍အချိန်ပို ပေးရန် လိုလာမည်။ ကင်မရာကပြန် မညှိသည့် ကင်မရာဖြစ်ပါက ပါက လူကပြန်ညှိ ပေးရန်လို သည်။





အထက်ပါ ပုံများ သည် ND Filter ဖြင့် ရိုက်ထားသော ပုံများ ဖြစ်သည်။ ပုံတွင် ပြထားသည့် ရေသည် ဤကဲ့သို့  မှုန်မှုန်ကလေး ( Silky Strem ) ဖြစ်သွားရန် Shutter ကို အချိန် အကြာကြီးဖွင့် ထားရမည်ဖြစ် သည်။ အထက်ပါ တောက်ပသည့် နေ့ခင်း အလင်းရောင် အခြေအနေအရ ဤမျှလောက် ကြာကြာ Aperture ကိုသာ ဖွင့်ထားပါက Over Expose ဖြစ်ကာ ပုံ တစ်ခုလုံး ဖြူ ကုန်မည် ဖြစ်သည်။ သို့ရာတွင် ND Filter က အလင်းကို လျှော့ ချ ကာ ထိမ်းပေး ထား သဖြင့် ယခုကဲ့ Silky Strem ပုံကို ရခြင်း ဖြစ် သည်။



အထက်ပါ ရေတံခွန် သည်လည်း ND Filter ဖြင့် ရိုက်ထားသည့်အတွက် ရေသည် Silky Water ဖြစ်နေ သည်။

အလင်းရောင် ပြင်းသည့် နေ့ ခင်းတွင် ဤ ကဲ့သို့ Shallow Depth of Field နှင့် အနုပညာ ဆန်သည့် Soft Blur Water ရရန် အလွန် ခက်ပေလိမ့်မည်။ ဤသည် ကို ND Filter ကသာ စွမ်းဆောင် ပေးနိုင် သည်။ ND Filter သုံးပါက အလင်းရောင် ပြင်းသည် နေ့ခင်း ဆိုစေကာမူ Filter က အလင်းရောင်း ကို လျှော့ချ လိုက်သည့်အတွက် Shutter Speed နှေးနှေး နှင့် ရိုက် ရမည်ဖြစ် သောကြောင့် Tripod သုံး ရန် သင့်သည်။

ND Filter ကို အောက်ပါ အနေအထားများတွင် သုံးရန် သင့် လျှော်သည်။

- ရေတံခွန် ၊ စီးဆင်း နေသည့် မြစ် ၊ လှိုင်းပုတ်နေသည့် ပင်လယ် ကမ်းခြေ စသည့် နေရာများ၊
- တောက်ပ နေသည့် အလင်း ရောင် အောက် တွင် Shallow Depth of Field ရ လိုသည့် အနေအထား ၊
- ပြတ်သားမှု ( Sharpness ) ကို လျှော့ ချလိုသည့် အခြေအနေ၊
- Moving Subject များကို သိပ် မထင်ပေါ် စေရန် နှင့် မြင်ကွင်းမှ ပြောက် သွားစေလိုသည့် အနေအထား ၊
- လှုပ်နေသည့် Subject ကို လှုပ်ရှားမှု ပေါ် လွင် စေရန် မှုန်ဝါး သည့် Blur Effect ရလိုသည့် အနေအထား ၊ စသည့် အခြေအနေ များတွင် သုံးနိုင် သည်။

Graduated Neutral Density Filters

Natural Density Filters သည် Graduated Natural Density (GND) Filters အဖြစ်လည်း အမျိုးအစား တစ်မျိုး အဖြစ် ထွက်သည်။ ယင်းကို Split ND Filter ဟု လည်း ခေါ်ကြသည်။ GND ၏ အထက် သို့ မဟုတ် အောက် တစ်ဝက်မှာ အရောင်ပါသည့် Natural Density ဖြစ်ပြီး ကျန် တစ်ဝက် မှာ အလင်းရောင် အပြည့် ရာနှုန်းပြည့် ၀င်နိုင်သည့် အကြည် ( Clear ) အပိုင်း ဖြစ်သည်။ အထူးသဖြင့် နောက်ခံ ( Background) ကောင်းကင် နှင့် ရှေ့ပိုင်း ( Foreground) ပုံ တို့ ၏ အရောင်များကို ချိန်ညှိ ပေး သည့် Filter မျိုးဖြစ်သည်။

များသော အားဖြင့် နောက်ခံ ကောင်းကင်သည် ရှေ့ ပိုင်းထက် ပို၍ တောက်ပ ပြီး နေလေ့ရှိသည်။ Graduated Natural Density Filters ၏ အရောင်ရင့်ပိုင်းကို အထက်ပိုင်းတွင် ထားခြင်းအားဖြင့် အရောင် ခြားနားခြင်း များနေမှု ကို မျှတ အောင် ထိမ်း ပေး မည်ဖြစ်သည်။

Graduated Natural Density (GND) Filters သည် အမျိုးမျိုး ပုံစံရှိသော်လည်း အလင်းရောင် အရင့်မှ အကြည် ( Clear )ဘက်သို့ မည်မျှ မြန်မြန် ကူးသည် ဆိုသည့် အချက် ကို အဓိက ထားကာ နှစ်မျိုး ခွဲ ခြား နိုင်သည်။

Hard-Edge Graduated Neutral Density Filter


Hard-Edge Graduated Neutral Density Filter

အကယ်၍ မှောင်နေသည့် မြေပြင် နှင့် တောက်ပနေသည့် ကောင်းကင်ကဲ့ သို့ အလင်း အမှောင် တိတိ ပပ ကွာ ခြားနေသည်ကို Sharp Division အရ ပေါင်းစပ် သည့် ပုံ မျိုးတွင် Hard-Edge Graduated Neutral Density Filter ကို သုံးသည်။



Hard Edge Graduated Neutral Density Filter သည် အထက်ပါ ပုံ ကဲ့သို့ နောက်ခံ ကောင်းကင် သည် ရှေ့ Foregroundနှင့် နှိုင်းယှဉ်ပါက အလွန်တောက်ပ နေပြီး Horizon၏ အမှောင်နှင့်အလင်းကူး ဆက်သည့် နေရာသည် Hard transition ဖြစ်နေကာ ပုံသည် လည်း Falt ဖြစ်နေသည့် နေရာ မျိုးတွင် သုံးသည်။ အထက်ပါ ပုံ ကို 2- Stop Hard-edge GND Filter ခံ၍ ရိုက်ထားသည့် ပုံ ဖြစ်သည်။ ပုံကို ကြည့်ပါက ကောင်းကင် သည် 2 Stop Hard-edge GND Filter ကြောင့် တောက်ပ မှု လျှော့ သွား ကာ မြေသားအရောင် နှင့် မျှကာ Balance ဖြစ် သွားသည်ကိုတွေ့ နိုင်သည်။ ပုံ တွင် Horizon သည် Srtight Line ဖြစ်နေသည့် အတွက် Filter edge နှင့် Transition ကို ပုံ ထဲတွင် မတွေ့ ရခြင်း ဖြစ်သည်။

Hard edge Filter ကိုသုံးရာတွင် ပုံ၏ Horizon သည် Flat ဖြစ်နေသည့် အခြေအ နေရှိမှ သာလျှင် Filter edge နှင့် Transition တို့ကို ပုံ ထဲတွင် မမြင် ရမည် ဖြစ် သည်။ Hard edge Filter သည် Horizon Line အနေအထားကို ရွေး သုံးရသည့် အတွက် Soft edge ကို ပို အသုံး များသည်ဟု သိရသည်။

Soft-Edge Graduated Neutral Density Filter


Soft-Edge Graduated Neutral Density Filter

လင်းသည့်နေရာနှင့် မှောင်သည့်နေရာ ပေါင်းစပ်ရာတွင် ချောချောမွေ့မွေ့ ညက်ညက် ကလေး ပေါင်းစပ် သည့် ပုံ များအတွက် ကိုမူ Soft-Edge Graduated Neutral Density Filter ကို သုံးသည်။



အထက်ပါပုံကဲ့သို့ အလင်းရောင် High Contrast ဖြစ်နေသည့် အချိန် နှင့် ပုံ၏ Horizon သည် Flat ဖြစ်၍ မနေသော အနေအထားမျိုးတွင် Soft edge Filter ကိုသုံး သည်။

Soft edge Filter သည် Hard edge နှင့် မတူဘဲ Dark မှ Clear သို့ ပြောင်းရာတွင် Transition သည် တစ်ဖြေးဖြေး ကူးပြောင်းသည်။ Non Flat Horizon ပုံ မျိုး ရိုက်ရာတွင် အသုံးဝင်သည်။ အထက်ပါ ပုံ ကဲ့သို့ Horizon သည် Flat ဖြစ်မနေဘဲ တောင်တန်း တောင်ကုန်း များဖြင့် ဖွဲ့ စည်းထားသည့် ပုံမျိုး ကို Hard edge Filter သုံး လိုက်ပါက ပုံ ပျက် သွားနိုင်သည်။ Soft edge Filter ကသာလျှင် ကောင်း ကင် နှင့် မြေ ပြင်ကို ညက်ညော စွာ Gradual Transition အဖြစ်ပေါင်းစပ်ပေးနိုင်သည်။

Linear and Circular Polarizing Filters

Polarizing Filter သည် Linear နှင့် Circular Polarizing ဟူ ၍ နှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးသည် မှန်၊ ရေပြင်၊ သတ္တုပြား ကဲ့ သို့ အပေါ်၌ အရောင်ပြန် ခြင်းကို လျှော့ ချရာတွင် များစွာ အသုံးဝင်သည့် Filter များဖြစ်သည်။ အရောင်ပြန်နေသည့် မှန် ကို ဖေါက်၍ ရိုက်ရာတွင် အသုံးဝင်သည်။

၎င်းအပြင် ပုံ၏ အရောင်ကို ပို၍ တက်လာစေသည်။ ကောင်ကင်နှင့် မြေပြင်တို့ ၏ Colour Contrast ကို မျှအောင် ချိန်ညှိပေးသည်။ အထူးသဖြင့် ကောင်ကင် အပြာကို ပိုပြာလာ စေပြီး၊ အနီ၊ လိမ်မော် ရောင် အရွက် နှင့် အစိမ်းရောင် အရွက် များကို ပို တောက်လာ စေသည်။


Without Poarizing Filter With Poarizing Filter


Polarizing Filter ကြောင့် ပို၍ နက်မှောင် လာသည့် မိုးကောင်ကင်။

သို့ ရာတွင် နေရောင် နှင့် ကင်မရာ တို့ ၏ Angle တို့ အပေါ် တည်၍ Polarizing Effect ပြောင်းသည်ကို သတိပြု ရန်လိုသည်။ Polarizing များလွန်းပါက Colour Saturation များလာကာ Contrast လည်း များလာမည်။ Polarizing မည်မျှ လိုအပ်သည်ကို သိနိုင်စေရန် စမ်း ရိုက်ကြည့်ကာ ထွက်လာသည့် ပုံ အလိုက် Polarizing အနေအထား ကို မှတ်ထား ရန်လိုသည်။ နေရောင် နှင့် ကင်မရာ တို့ ၏ Angle မှန်ကန်ပါက Polarizing Effect အများဆုံး ရသည်။ ရှုခင်းများ ရိုက်ရာတွင် များစွာ အသုံးဝင် သည့် Filter ဖြစ်သည်။

Linear Polarizer

Linear Polarizer တွင် Orthaganol Plane က အလင်း ကို စုတ်ယူ နေစဉ်မှာ ပင် Linear Polarizer ကလည်း ၀င်လာသည့် အလင်းကို Single Plane ပေါ်တွင် တစ်ညီထည်း Virating လုပ်ကာ Light Vibration ကို ဦးတည်ရာ တစ်ဘက် ထည်းသို့ သွားစေသည့် နည်း စနစ် ဖြစ်သည်။



ရောင်ပြန်ကို စုတ်ယူရာတွင် အားကောင်းစနစ် ဖြစ်သည်။ သို့ သော် Autofocus Camera များ၏ Metering နှင့် သဟ ဇာတ မဖြစ် သဖြင့် DSLR များတွင် သုံးရန် မသင့်ပါ။ Manual Focus Camera မှာမူ Linear ရော Circular Polarizer နှစ်မျိုး စလုံး သုံး နိုင်သည်။

Circular Polarizer

Circular Polarizer သည် အလင်း တစ်နေရာထည်းမှ ၀င်လာကာ ၀င်လာသည့် အလင်းကို Filter ၏ အပြင် အ၀ိုင်းအားလှည့်ကာ Angle ပြောင်းပေးခြင်းဖြင့် Polarizing Effect ကို လိုအပ် သကဲ့သို့ ချိန် နိုင်သည်။



Circular Polarizer သည် DSLR ၏ Metering နှင့် သဟ ဇာတ ဖြစ်သောကြောင့် DSLR ကင်မရာတွင် သုံးနိုင်သည်။



Polarizing Filter သုံးရာတွင် လိုက်နာသင့်သည့် အချက်များ။

- Polarizing Effect သည် ကင်မရာ၏ လက်ရှိ အသုံးပြုနေသည့် System အား တုန့်ပြန် အကျိုး သက် ရောက်မှု မဖြစ်စေရန် White Balance ကို Day Light တွင် ထားပြီး Exposure Compensation ကို -2/3 သို့ မဟုတ် -1 EV တွင် ထားပါ။

- ဓါတ်ပုံ ရိုက်ပြီးပါက အထက်ပါ Setting များကို မူလအတိုင်း ပြန် ထားရန်။ Polarizer ကို ပြန်ဖြုတ်ထား ရန်။

- Polarizer Filter သည် ၀င်လာသည့် အလင်းကို လျှော့ ချ လိုက်သဖြင့် ကင်မရာ၏ လှုပ်ရှားမှု ကို ဂရုပြု ထိန်းချုပ်ပါ။

- တစ်ခါ တစ်ရံ Polarizing Effect သည် သဘာဝ မကျ သော အရောင်များ ပေးတတ်သည်။ စမ်း ရိုက်ပါ။ သဘာဝ မကျပါက Filter ကို Setting ပြန် လုပ်ပါ။

အောက်ပုံမှာ Polarization များသွားသည့် အတွက် သဘာဝ မကျသော Dark Blue Sky ကောင်းကင် အရောင် ပေါ်နေသောပုံ ဖြစ်သည်။



- Super Wide Angle Lens များတွင် သာမန် အဆင့်ရှိ Circular Polarizer Filter များသုံးပါက ကောင်း ကင် ၏အချို့နေရာများသည် Post Production တွင် ပြင်၍ မရနိုင်သည့် မှောင်နေခြင်းများ ပေါ်လာတတ် သည်။

အောက် နမူနာပုံကို ကြည့်ပါရန်-


- Polarizing Filter များသည် သာမန် Filter ထက် ပိုထူသဖြင့် ပုံတွင် မလိုလားအပ်သည့် Vignetting များပေါ်တတ်သည်။

- တိမ်ဖုံးနေသည့် အချိန်ကာလ အလင်းရောင် နည်းသည့် အဆောက် အဦးအတွင်း ကဲ့ သို့ နေရာများတွင် Polarizing Effect မရ နိုင်ပါ။

Special Effects Filters

Special Effect Filter များမှာ Star-like points on highlights, prisms, special colours စသည် ဖြင့် များစွာ ရှိပါသည်။ သို့ ရာတွင် ဤနေရာတွင် Diffusion နှင့် Infra Red Filters များကို သာဖေါ်ပြပါမည်။

Diffusion Filter

Diffusion Filter ကို တစ်ချို့ ကလည်း Softening Filter ဟု ခေါ်ကြသည်။ ပုံ ကို Contrast လျှော့ချကာ Subject ကို ပြော့ပြောင်း နူးညံ့ လာစေပြီး Dreamy Haze Effect ရအောင် လုပ်ပေးသည့် Filter ဖြစ် သည်။ အထူး သဖြင့် Portrait ရိုက်ရာတွင် သုံးလေ့ရှိကြသည်။ Software နှင့် ယင်း၏ Effect မျိုး လုပ်နိုင်စေကာမူ Filter Effect နှင့် သိသိ သာသာ ကွာ ခြားသည်ကို တွေ့ နိုင်သည်။

အောက်ပါ ပုံများမှာ Diffusion ဖြင့် ဖန်တည်း ထားသော ပုံ များ ဖြစ်သည်။














Infra Red Filter

လူပေါင်း များစွာ တို့သည် သဘာဝ မှ သွေဖီ သော အရောင်နှင့် ဖွဲ့ စည်းထားသည့် Infrared Photography ကို နှစ်သက်ကြသည်။ Infrared Filter များစွာ ရှိကြသည်။ သို့ ရာတွင် ယခု အခါ ကင်မရာကို Infrared Camera အဖြစ် ပြောင်းနိုင်ပြီဖြစ်၍ Infrared ကို ကင်မရာဖြင့် တိုက်ရိုက် ရိုက်နိုင်သည်။ သို့ ရာတွင် Infrared Filter သုံးလိုက လည်း သုံးနိုင်သည်။ Infrared Filter သည် ၀င်လာသည့် အလင်း များကို ပိတ် ကာ Slow Shutter Speed ဖြင့် Infrared ပုံဖေါ် သဖြင့် Tripod သုံးရန်လို သည်။

အောက်ပါပုံများမှာ Infrared ပုံများဖြစ်ကြသည်။











Light-Coloured and Gradiant Filters

COOLING & WARM UP FILTERS



အအေး နှင့် အနွေး ရောင်များဟု ဆိုရမည့် Cool and Warm အရောင်များ အတွက် အသုံးပြုရမည့် Filter များသည်။ ကင်မရာ Sensor အပေါ် ကျရောက်သည့် White Balance ကို ပြင်ပေး ခြင်း ဖြစ်သည်။

အခြေအနေ အချိန် ကာလ နှင့် လိုက်လျှော ညီထွေမှု မရှိသော အရောင်များ ကို ပြန် ပြင်ပေးခြင်း ၊ အရောင်ဖြည့် ပေး ခြင်း များ အတွက် ဖြစ်သည်။ ဥပမာ အားဖြင့် တိမ် ဖုံးနေသည့် ည နေခင်း ၏ အရောင် ညို မှိုင်းမှိုင်း သည် သာမန် နေ၀င်ချိန် နှင့် လိုက်လျှော ညီထွေ မရှိသော ၊ တစ်နည်း အားဖြင့် နေ၀င်ချိန် သဘာဝ မဟုတ်သော အရောင် ဖြစ်နေသည်။ ယင်းကို သဘာဝ နေ၀င်ချိန် အရောင် ဖြစ်သည့် နီ - ၀ါ ရောင်ရစေရန် Warm up Colour Filter သုံးနိုင်သည်။

အောက်ပါ ပုံများသည် Warm up Filter သုံးကာ ရိုက်ထားသည့်ပုံ နမုနာများ ဖြစ်ကြသည်။





Without Warm up Filter With Warm up Filter




Without Warm up Filter With Warm up Filter

Cooling Filter

အောက်ပါ ပုံသည် Monochromatic sodium Street Lamps များကြောင့် လိမ်မော် ရောင် ဖြစ်နေသည်။ မည်သို့ မျှ White Balance ဖြင့် အရောင် ပြောင်း၍ မရ နိုင်ပါ။




သို့ ရာတွင် Cooling Filter သို့မဟုတ် Special Street Light Filter သည် အဆိုပါ ပုံ၏ Colour Base ကို ပြောင်းနိုင်သည်။

အောက်ပါ ပုံများသည် Cooling Filter သုံးကာ ရိုက်ထားသည့်ပုံ နမူနာများ ဖြစ်ကြသည်။



အောက်ပုံမှာ Cooler Filter ခံ၍ ရိုက်ထားသည့်ပုံ ဖြစ်သည်။





Filter များ အနက်မှ အသုံးများသည့် အောက်ဖေါ်ပြ ပါ Filter များ၏ အသုံးဝင်ပုံ နှင့် သုံးနိုင်သည့် အခြေ အနေများကို အလွယ်တကူ ကြည့် နိုင်ရန် အောက်ပါ ဇယားတွင် ဖေါ်ပြထားပါသည်။

 
Camera Lens Filter အမျိုးအစား
 
အဓိက အသုံးပြုမှု နှင့်
စွမ်းဆောင်နိုင်မှု
အသုံးပြုနိုင်သည့် အခြေအနေ နှင့် နေရာ
UV/Haze and  Skylight Protective Filters
*  Lens ကို အကာ အ ကွယ် ပြုခြင်း၊
*  မြူမှုန် (Haze) ကိုဖယ်ရှား ပေး ခြင်း၊
*  အရိပ်အောက်၌ ရိုက်ရာ တွင် အပြာရောင် လွမ်းလာမှု ကို ထိန်းပေးခြင်း၊
နေရာ မရွေး သုံးနိုင်သည်။
Neutral Density
          Exposure Time ကို အချိန် ကြာစေရန် အလင်း ထိန်းပေးခြင်း၊
         လှုပ်ရှားနေသည့် မလိုလားအပ်သော Subject များကို ၀ါး သွား စေခြင်း၊ ပြောက်သွားစေ ခြင်း၊
      တောက်ပနေသည့် နေ့ခင်း အလင်းရာင်အောက်တွင် Shallow Depth of Field ရ နိုင်ခြင်း၊
စီးနေသည့် ရေ၊ လှုပ်ရှား နေသည့် အရာများ၊ ရှု ခင်း၊ Street Photography.
Graduated Neutral Density
           Exposure မမျှ မတ ဖြစ်နေသည့် အခြေအနေ ကို ထိန်း ( Balance ) ပေးသည်၊
         Background ဖြစ်သည့် တောက်ပနေသည့် Sky နှင့် Foreground တို့ ကို အလင်း ချိန်ညှိ ပေးသည်။
        
ရုပ်ငြိမ်၊ နှင့် ရွေ့လျှား Subject, ရှုခင်းများ။
Linear & Circular Polarizers
          ရောင်ပြန်များ ဖြစ်ကြသည့် Galre and Reflection တို့ ကို လျှော့ ချပေးသည်၊
          အရောင် ပို စို လာစေပြီး Saturation ကို ပိုကောင်းမွန် လာစေသည်။
ကောင်းကင်၊ ရေပြင်၊ သစ်ရွက်များ ၊ ရှု ခင်းပုံများ။
Light-coloured and Gradiant filters
White Balance ကိုပြောင်း   ပေးခြင်း ၊
Cooling and Warming Colour များ ကိုဖြည့် ပေး ခြင်း။
ရှုခင်း နှင့် ထူးထူးခြားခြား ဖြစ်ပေါ် နေသည့် အလင်း ရောင် အခြေအနေများ၊
Special Effects
Diffusion Filter = Soften the Tone.
  Infrared Filter = ရှုခင်း ကို Infrared Light လွှမ်း ပေးခြင်း၊
Portraiture and Romantic ဆိုင်ရာ ရှုခင်းများ ၊ Infrared Photography


 PDF file ကို ဒီနေရာမှာ ရယူပါ...

Credits: ဆရာဦးစိုးလှိုင် (Country Road)
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...