Camera Sensor အကြောင်း သိကောင်းဘွယ်ရာ

Digital ကင်မရာများ မပေါ်မှီ က Lens မှဝင်လာသည့် ပုံရိပ် ( Image )ကို ဖလင် ( Film ) က ဖမ်းယူ ကာ ပေါ်ဖေါ်ပေးသည်။ Digital ကင်မရာများ ပေါ်လာသည့် အချိန်တွင်မူ ကင်မရာ၏ Lens မှ ၀င်လာသော ပုံရိပ် အား Film အစား ကင်မရာ Sensor က ပုံဖေါ်ပေး သည်။ Immage Sensor သည် အမြင်ပုံရိပ် (Opti cal Image) ကို Digital Photo ဖြစ်လာစေရန်အတွက် Electronic Signal အဖြစ် ပြောင်းပေးသည့် အရာဖြစ်သည်။

ဖလင် ခေတ်တွင်လည်း ဖလင် အရွယ်အစား အမျိုးမျိုး ရှိသကဲ့သို့ Digital Sensor သည်လည်း အရွယ် အစားအမျိုးမျိုး ရှိသည်။ အသေးဆုံး Compact Camera မှသည် DSLR 35mm အထိ အရွယ်အစားအမျိုးမျိုး ရှိသည်။



Digital Camera အတွင်းရှိSensor Size အကြီး နှင့် Micro Sensor အသေးကို ယှဉ်ပြထားပုံ။



ကင်မရာအတွင်းရှိ Sensor ကိုတွေ့ မြင်ရမည့် ပုံ။


အရွယ်အစား အမျိုးမျိုးသော Sensor များ။

အကြမ်း ဖျဉ်း ပြောရပါလျှင် Sensor Size အရွယ် အစား သေးပါက ၄င်းအပေါ် တွင် ထင် လာသည့် ပုံ ရိပ် သေးမည် ဖြစ်ပြီး အထက်ဖေါ်ပြပါ နမူနာပုံစံ ထဲ ရှိ Sensor အရွယ် အစားများထဲ မှအကြီး ဆုံး Sensor ဖြစ်သော 35mm ပေါ်တွင် ထင်သည့် ပုံ မှာ အကြီးဆုံး ဖြစ်ပေလိမ့်မည်။ Sensor အသေး ပေါ် တွင် ပေါ်လာသည့် ပုံရိပ် အသေးကို Sensor အကြီး ဖြစ်သည့် 35mm Full Size ပေါ်တွင် ထင်လာသည့် ပုံ အရွယ် အစား ရအောင် Camera Firmware က Crop လုပ်မည် တစ်နည်း အားဖြင့် အကြီး ချဲ့မည် ဆိုပါက Sensor အသေး နှင့် ရိုက်ကူးထားသည် မူလ ပုံ ၏ အရည် အသွေး လျှော့ သွားမည် ဖြစ် သည်။ ပြတ်သား မှု ကျဆင်း သွားမည် ဖြစ်သည်။ 35mm Sensor ကို 35mm Film ဖလင်အရွယ် နှင့် နှိုင်း ဆက Full Frame ဟု ခေါ်ကြသည်။ Nikon တွင် အတိုကောက် အားဖြင့် FX Format ဟုအတိုကောက် ခေါ်သည်။ ၄င်းထက် ငယ် သော Sensor Size DSLR ကင်မရာများကို Nikon တွင် DX Format ဟု ခေါ်သည်။



Full Frame နှင့်DX Format တို့၏ Sensor အသီးသီးပေါ်တွင် ထင် မည့် ပုံရိပ် အနေအထား။



Full Frame နှင့် DX Format တို့၏ ပုံရိပ် ဖေါ်ဆောင်ပေးမည့် အနေအထား။

ကင်မရာ ပေါင်း မျာစွာ ရှိသော်လည်း လက်လှမ်းမှီရာ Nikon ကင်မရာ နှင့် ဥပမာ ပေး ရသော်- Nikon Full Frame, 35mm ၏ Sensor ၏ အလျှား နှင့် အနံ မှာ ( 36mm X 24mm ) ဖြစ်ပြီး Advanced Photo System – C (APS-C) အမျိုး အစားဖြစ်သည့် Nikon DX အမျိုးအစား ကင်မရာ Sensor Size ၏ အလျှား နှင့် အနံမှာ ( 23.7mm X 15.8mm ) ဖြစ်သည်။ Full Frame သည် 35mm Film ကို နှိုင်းရပ် ထားကာ 35mm Full Frame ဟု ခေါ်စေကာမူ ၄င်း Sensor ၏ အလျှားမှာ 36mm ရှိသည်။ Nikon DX ၏ Sensor ပေါ်တွင် ထင် သည့် ပုံ ရိပ်ကို ( 1.5 x ) နှင့် မြောက်ပါ မှ Nikon Full Frame 35mm Sensor ပေါ် တွင် ထင်သည့် ပုံ ရိပ် အရွယ် (Size) ကိုမှီလိမ့် မည်။ ဤ မြှောက် ဖေါ် ကိန်းကို Crop Factor ဟုခေါ် သည်။



အထက်ပါ ကင်မရာ နှစ်ခုတွင် DX Format Sensor sizs ကို (24 X 16) ဟု အနီးဆုံး ကိန်းပြည့် ဖြင့် ဖေါ်ပြ ထားသည်။ အတိအကျ မှာမူ ( 23.7mm X 15.8mm ) ဖြစ်သည်။

Crop Factor တွက်နည်း

- Full Frame (FX) 35mm Sensor ၏ ( အလျှား X အနံ ) ၊ ( 36mm X 24mm) ၊ ထောင့်ဖြတ် (Diagonal ) = 43.3mm
- DX Sensor ၏ ( အလျှား X အနံ ) ၊ ( 23.7mm X 15.8mm )၊ ထောင့်ဖြတ် ( Diagonal) = 28.4mm
FX’s Diagonal 43.3mm (÷ ) DX’s Diagonal 28.4mm = 1.5246 Nearest= 1.5

အထက်ပါ တွက်နည်းသည် Full Frame ၏ထောင့် ဖြတ် မျဉ်း ကို DX ၏ ထောင့်ဖြတ်မျဉ်း နှင့် စား ခြင်း ဖြစ်သည်။ ရလဒ်မှာ (1.5 ) ဖြစ်သည်။ ထို နှစ်ခု ၏ အလျှား ကို အလျှားခြင်း အနံကိုအနံခြင်း စား ပါကလည်း ထိုအဖြေအတိုင်းပင်ရသည်။ အောက်တွင် တွက်ထားသည်ကို ကြည့်ပါရန်။

- FX Sensor အလျှား 36mm (÷ ) Dx Sensor အလျှား 23.7mm =1.518 Nearest = 1.5
- FX Sensor အနံ 24mm (÷ ) Dx Sensor အနံ 15.8 mm =1.518 Nearest = 1.5

ထို့ ကြောင့် Nikon DX ကင်မရာများ၏ Crop Factor မှာ 1.5 ဖြစ်သည်။ Nikon DX Format တွင် Sensor Size ကွာခြားချက်မှာ ဒဿမ ကိန်းမျှသာ ဖြစ်၍ Crop Factor တွက်ချက်ရာတွင် အဖြေ၏ ကိန်းပြည့်ကို ထိခိုက်ခြင်းမရှိပါ။ Crop Factor သည် ကင်မရာ တစ်ခု နှင့် တစ်ခု မတူ ကြပါ။

ကင်မရာ အမျိုးအစားအလိုက် Crop Factor များ အောက်ပါအတိုင်း ဖြစ်ပါသည်-

Canon - EOS 1D/1D MK II N Crop Factor = 1.3 x
Nikon - D40…./ D90/ D200/D 2X…. Crop Factor = 1.5 x
Minolta - 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X
Canon - EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X
Olympus - E400/E-500/ E-300/ E-1 Crop Factor = 2.0 X

အလွယ်တကူ ရှိထားသည့် စာရင်းဇယားကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်. အခြားများစွာသော Model များတွင်လည်း အတန်အသင့် ကွာ ခြားနိုင်ပါသည်။



Black – Full Frame
Red – 1.3x Crop Factor
Yellow – 1.5x Crop Factor
Green – 1.6x Crop Factor crop

အောက်ပါ ပုံများမှာ Full Frame 35mm Sensor နှင့် ရိုက်ထားသည့် ပုံ ကိုပင် APS - C (DX) Crop Factor Sensor အမျိုးမျိုး ဖြင့် ရိုက် ကာ Crop Factor အလိုက် နှိုင်းယှဉ်ထား ခြင်း ဖြစ်သည်။



Full Frame (FX) 35mm ဖြင့် ရိုက်သည် တွင် ပေါ်လာသည့် ပုံ။



အထက်ပါ ပုံကိုပင် Crop Factor 1.3 ရှိသည့် APS-C ( DX) ဖြင့် ရိုက်ရာတွင် ပေါ်လာသည့် ပုံ။



အထက်ပါ ပုံကိုပင် Crop Factor 1.5 ရှိသည့် APS-C ( DX) ဖြင့် ရိုက်ရာတွင် ပေါ်လာသည့် ပုံ။


အထက်ပါ ပုံကိုပင် Crop Factor 1.6 ရှိသည့် APS-C ( DX) ဖြင့် ရိုက်ရာတွင် ပေါ်လာသည့်ပုံ။

Focal Length Multiplier (FLM)

Crop Factor ကို အချို့ က Focal Length Multiplier (FLM) ၏ မြှောက်ဖေါ် ကိန်း အဖြစ်ပြောကြသည်မှာ မှန်ကန်ခြင်းမရှိပါ။ ။ FLM ကို ဥပမာ ပြရပါလျှင် Full Frame Lens ဖြစ်သည့် Nikon 80-400mm Lens ကို DX Camera တွင် တပ်၍ ရိုက်မည်ဆို ပါက Zoom အစတွင် ရှိ Focal Length သည် 80mm ရှိရမည့် အစား ( 80mm X 1.5 ) = 120mm) ဖြစ်လာပြီး Zoom အဆုံးတွင် 400mm ဖြစ်ရမည့် အစား ( 400mm X 1.5 ) = 600mm ဖြစ်သွား မည်။ Focal Length ကို crop Factor ဖြင့် မြှောက် ခြင်း ဖြစ်သည်။ ဤ တွက်ချက်ခြင်းကို Focal Length Multiplier (FLM) ဟုခေါ်သည်။


Full Frame (FX ) ကင်မရာတွင် DX မဟုတ်သည့် Lens Full Frame (FX ) ကင်မရာတွင် DX Lens တပ်ရိုက်ပါက FX Sensor ပေါ်တွင် ပေါ်လာမည့် ပုံ။  Focal Length Multiplier ကြောင့် အနီးကပ်လာ သည်။

Sensor အရွယ်အစားများ





CCD နှင့် CMOS Sensor များ

အထက်တွင် ဖေါ်ပြပြီး ခဲ့သည့် အတိုင်း Immage Sensor သည် အမြင် ပုံရိပ် ( Optical Image ) ကို Digital Photo ဖြစ်လာစေရန်အတွက် Electronic Signal အဖြစ် ပြောင်းပေးသည့် အရာဖြစ်သည်။ ဤ ကဲ့ သို့ Immage Sensor မှ Electronic Signal သို့ ပြောင်းပေးသည့် Sensor များစွာ ရှိသည်။ အဓိ အသုံးများသည့် Sensor များမှာ -

- CCD ( Charge-Coupled Device ) Sensor
- CMOS (Complementary Metal–Oxide–Semiconductor ) Sensor
- Bayer Sensor
- Foveon X3 Sensor
- 3CCD Sensor

စသည်ဖြင့်ဖြစ်ကြသည်။ သို့ ရာတွင် လက်ရှိ ကင်မရာ အများစု သုံးနေကြသည်မှာ CCD Sensor နှင့် COMS Sensor များဖြစ်ကြသည်။

CCD Sensor

CCD Sonsor သည် Analog Device ဖြစ်သည်။ Sensor အပေါ် ကျရောက် လာသည့် အလင်းရောင် အား ၄င်း၏ Photo Sensor က Electric Charge အဖြစ် လက်ခံ ထားလိုက်သည်။ ယင်းနောက် Electric Charge ကို Voltage အဖြစ်ပြောင်းပေးသည်။ နောက်ဆုံးတွင် ကင်မရာ အတွင်းရှိ Circuitry က Digital Information အဖြစ် ပြောင်းပေးခြင်း ဖြစ်သည်။ CD Sensor ကို ကင်မရာများအပြင် သိပ္မံ နှင့် နည်း ပညာ ဆိုင်ရာ ဆေးပညာ ရပ်ဆိုင်ရာ တို့ ၏ အဆင့်မြင့် ပုံရိပ်များ လိုအပ် သည့်နေရာများတွင်လည်း သုံးသည်။


CCD Sensor တစ်ခု၏ပုံ


CCD Sensor တစ်ခု၏ အလင်းကို Photodiodes မှ တစ်ဆင့် Electricity၊ ယင်းမှတစ်ဆင့် Output တွင် Electricity ကို Voltage ပြောင်းပေးခြင်းကို ပြသည့် ပုံကြမ်း။

CMOS ( Complementary Metal-Oxide Semiconductor )

CMOS Sensor သည်လည်း CCD Sensor နည်းတူပင် အလင်း ကို Electronic Signal အဖြစ် သို့ ပြောင်းပေးသည့် အရာများ ဖြစ်ကြသည်။ CMOS ကို Complementary Symmetry Metal Oxide Semiconductor ( COS-MOS ) ဟုလည်း ခေါ်သည်။ Complimentary Symmetry ဆိုသည့် စကားရပ် မှာ CMOS အနေနှင့် Complementary and Symmetrical pair of P-Type နှင့် N-Type Metal Oxide Semiconductor တစ်စုံကို အသုံးပြု ၍ Light ကို ဖမ်းယူ ကာ Electronic Signal သို့ ပြောင်းပေးခြင်းကို ဆိုလိုသည်။


CMOS Sensor တစ်ခု၏ပုံ


CMOS Sensor တစ်ခု၏ အလင်း ကို Photodiodes မှ တစ်ဆင့် Enectricity ၊ ယင်းမှ တစ်ဆင့် COMS Sensor က Output တွင် Electricity ကို Voltage သို့ပြောင်းကာ Pixel များအား Amplified လုပ်ပေးသည် ကို ပြသည့် ပုံကြမ်း။

လက်ရှိအခြေအနေတွင် CCD နှင့် CMOS Sensor နှစ်ခု အနက် မည်သည့် Sensor က ပို၍ နည်းပညာ တွင် ရှေ့ပြေးသည်ကို ယတိပြတ် ပြောရန် ခက်သည်။ သှူု့ အားသာ ချက် နှင့် သူရှိကြသည်။ သို့ ရာတွင် COMS Sensor သည် Power အသုံးနည်းကာ Data ဖတ်ရာတွင် ပို၍ မြန်သည်ဟု သိရသည်။ ယခု နောက်ပိုင်း ကင်မရာများတွင် CMOS Sensor များသာ သုံးလာကြသည်ကို တွေ့ရသည်။ Sensor ဆိုင်ရာ Elctronic နည်းပညာရပ်သည် နက်နဲသည့် ပညာရပ် ဖြစ်သောကြောင့် Electronic ပညာရှင်များ အနေနှင့်မူ နည်းပညာရပ်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်၍ ဖတ်ကြ စေလိုပါသည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...