Audi R8 နောက်ဆုံးပေါ် မော်ဒယ် မြန်မာပြည်မှာ ရနိုင်


အောင်ခမ်း on 2014-05-02 13:46

Audi ရဲ့ နာမည်ကြီး ပြိုင်ဆလွန်း Audi R8 ကို မြန်မာပြည်မှာ ရရှိပြီ ဖြစ်ကြောင်း သိရ ပါတယ်။ ကမ္ဘာကျော် ပြိုင်ဆလွန်း ကား တစ်စီး ဖြစ်တဲ့ R8 ကို လူ အတော်များများ ကြိုက်ကြ ပါတယ်။ နာမည်ကျော် အနုပညာရှင်များ စီးတဲ့ ကား ဖြစ်ပါတယ်။ ယခု ယင်း ကားကို မြန်မာပြည် ဈေးကွက်မှာ ရရှိ နိုင်နေပြီ ဖြစ်ပါ တယ်။ အော်ဒါ စနစ်နဲ့ ရရှိ နိုင်ခြင်း ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၄၂၀၀ စီစီ၊ ဆလင်ဒါ ၈ လုံးပူး V အင်ဂျင် ကို အသုံးပြုတဲ့ ကား ရှိသလို၊ ဆလင်ဒါ ၁၀ လုံးပူး V အင်ဂျင် ၅.၂ လီတာ အမျိုးအစား ဆိုပြီးတော့ နှစ်မျိုးကို မြန်မာပြည် သွင်းပေး ကြောင်း ဆိုပါတယ်။ ဂီယာ ၆ ချက် R-Tronic ဂီယာ အမျိုးအစား ရှိသလို၊ ဂီယာ ၇ ချက် ရိုးရိုး၊ ဂီယာ ၇ ချက် S-Tronic ဆိုပြီးတော့ စုစုပေါင်း ဂီယာ ၃ မျိုးနဲ့ ဝင်ပါတယ်။ ဂျာမနီ နိုင်ငံ ကနေ တိုက်ရိုက် အသစ်ဆက်ဆက် များ မှာပေးခြင်း ဖြစ် ပါတယ်။ ဒါ ကြောင့်လဲ ၂၀၁၄ မော်ဒယ် အသစ် များ ရရှိ နိုင်ခြင်း ဖြစ်ပါတယ်။ www.audi.com မှာ ဝင်ရောက် ရှာဖွေ တွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီ ကားတင် မကပဲ အော်ဒီထဲက ဝင်လာတာ A7 တို့လို ကားသစ်လည်း ရှိပါ သေးတယ်။ www.motors.com.mm/cars/sports-car-coupe/audi/ မှာ မြန်မာပြည် ရောက်နေပြီ ဖြစ်တဲ့ အော်ဒီ များကို မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...