ပုံရိပ် ကြည်လင်ပြတ်သားသည့် ဧရိယာ ( Depth of Field ) အကြောင်းအရာ သိကောင်းဘွယ်ရာ

ဓါတ်ပုံတစ်ပုံ၏ ပုံရိပ်သည် နေရာအားလုံး၌ ကြည်လင်ပြတ်သားမှု ရှိခြင်မှရှိပေမည်။ ရိုက်ကူးသည့် Lens ၊ ၄င်း၏ Aperture အကျဉ်း အကျယ်၊ Lens ၏ Focal Length၊ Subject နှင့် ကင်မရာ အကွာ အဝေး စသည် တို့ အပေါ် မူတည်ကာ ပြတ် သားမှု ဧရိယာ နှင့် မှုန်ဝါး မှု ဧရိယာ အနည်း အများ ကွာ ခြား နိုင်ပါသည်။

ဆိုလိုသည်မှာ ပုံအရှေ့ နေရာအချို့သည် အနည်းငယ် ၀ါး နေမည် ။ သည့် နောက် အဆိုပါ နောက်ပိုင်းတွင် ပုံ ရိပ်သည် ပြတ်သား နေမည်။ ထို့နောက် ၄င်း၏ နောက် ပိုင်း ဧရိယာများ တစ်ဖြည်း ဖြည်း မှုန် ၀ါး မှု သည် နည်းရာ မှ မတစ်စ တစ်စ ပို၍ မှုန်ဝါးလာကာ ပုံ၏ နောက် ဆုံးနေရာတွင် မူ လုံးဝ မှုန်ဝါးသွားမည် စသည့် အနေအထားမျိုး ရှိနိုင်ပါသည်။ ပုံ တစ်ခုလုံးကို ခြုံ၍ ကြည့်ပါလျှင် ပုံရိပ် ကြည်လင်ပြတ်သားသည့် ဧရိယာတစ်နေရာ ရှိပါသည် ။ ထိုဧရိယာကို Depth of Field (DOF ) ဟု ခေါ်သည်။

ထိုနေရာကို အတိအကျ စာ စကားဖြင့် ဆိုရပါသော် “ ပုံ ရိပ်၏ မှုန်ဝါးနေသည့် ရှေ့ ပိုင်း နှင့် နောက် ပိုင်း နေရာ များ အကြား လက်ခံ နိုင်လောက်သော ကြည်လင်ပြတ် သားသည့် ဧရိယာ ကို Depth of Field ဟု ခေါ် သည် “ ဟု ဆိုရပါမည်။

အကြောင်းမှာ Lens သည် တစ်ချိန်တွင် တစ်နေရာကိုသာ တိကျသော Focus လုပ်ပေး သဖြင့် Focus ဖြတ် ထားသည့် ကြည်လင်သော ပုံရိပ်နေရာမှနေ၍ ရှေ့ဧရိယာသည် လည်းကောင်း နောက် ဧရိယာသည် လည်းကောင်း တဖြည်းဖြည်း ၀ါးသွားရခြင်းဖြစ် သည်။ အောက်ပါပုံ ကိုကြည့် လျှင် ပိုရှင်း ပါလိမ့် မည်။









အထက်ပါ ပုံများကိုကြည့်ပါက Depth of Field အတွင်းရှိ ပုံများမှာ ပြတ်သား ပြီး ယင်း၏ ရှေ့ နှင့် နောက် ရှိ ဧရိယာများမှာ တစ်စ တစ်စ ပို၍ မှုန်ဝါး လာသည်ကို တွေ့ နိုင်သည်။

Deep Focus Depth of Field

Depth of Field သည် အခြေ အနေအမျိုးမျိုး ရှိနိုင်သည်။ အချို့ သော ပုံများ ၏ Depth of Field သည် ကင်မရာရှေ. နားမှအစ ပုံ၏နောက် ဆုံးအထိ ပြတ်သား နေသော Depth of Field များ လည်း ရှိသည်။ ။ ယင်းကို Deep Focus Depth of Field ဟုခေါ်သည်။ ရှု ခင်း များကို ဤ ကဲ့ သို့ Depth of Field မျိုး ဖြင့် ရိုက် လေ့ ရှိသည်။



ရှုခင်းပုံတစ်ပုံ ရိုက်ရာတွင် ပြတ်သားသည့် ဧရိယာကျယ်ပြန့် သော Depth of Field ရှိသည်ကို တွေ့ နိင်သည်။


1/320s @ f/9, 18mm.

အထက်ပါပုံကို ကြည့်ပါက Between Heaven and Earth နေရာအားလုံးသည် Focus မိကာ ပြတ် သားနေသည့်ကို တွေ့ရမည် ဖြစ်သည်။

Shallow Depth of Field

ပြတ်သားသည့် နေရာမှာ သေးသေး လေး ဖြစ်ပြီး ၄င်း၏ ရှေ့ နှင့် နောက် ဧရိယာ များ ၏ မှုန် ၀ါး နေသည့် ဧရိယာ က များနေသည့် ပုံမျိုး ၏ Depth of Field ကို Shallow Depth of Field ဟု ခေါ်ကြသည်။ အဆိုပါ ပုံ များ မှာ Main Subject ကို သာ အဓိက အသားပေး ပြသလိုပြီး ကျန်နေရာ များကို အာရုံ ထဲ မရောက် စေရန် လုပ်လို လျှင် အဆိုပါ Depth of Field မျိုးကို သုံးကြသည်။ Portrait ကဲ့ သို့ ပုံမျိုး ကို လည်း ဤ ကဲ့သို့ ရိုက်လေ့ ရှိသည်။



အပေါ်ပုံသည် Shallow Depth of Field ရ စေရန် အတွက် Subject ကို ကင်မရာ အနီးသို့ ကပ် ထားကာ Wide Aperture သို့မဟုတ် Telephoto Lens တို့ ကို သုံးထားသည်။



Generl Situation Depth of Field

အထက်ပါ ပုံ မှာမူ General Situation တွင် သုံးသည့် နည်းဖြစ်သည်။ Depth of Field သည် မီးခိုးရောင် ချယ် ထားသည် ဧရိယာ ဖြစ်သည်။ Depth of Field ၊ ၄င်း၏ ရှေ့ နှင့် နောက် တို့ ရှိ မှုန်ဝါးသည့် ဧရိယာ အားလုံးတို့သည် မနည်းလွန်း မများလွန်း ဖြစ်နေသည်။

အောက်ပါ နမူနာပုံများသည် Depth of Field ၏ပြတ်သားသည့် ဧရိယာပြကို ထင်ရှားစွာ ပြသော နမူနာ ပုံများ ဖြစ်သည်။ ဧရိယာကျဉ်းသည့် Depth of field များ ဖြစ်ကြသည်။









Depth of Field ၏ အရှေ့ နှင့် အနောက်ရှိ မှုန်ဝါးသည့်ဧရိယာ။

ပုံ တစ်ပုံ ၏ Frame အတွင်း၌ Focal Length အပေါ် လိုက်၍ ပြောင်းလဲ လျှက် ရှိသည့် Depth of Field ၏ ရှေ့ တွင်ရှိ မှုန်ဝါးသည့် ဧရိယာ နှင့် ၄င်း၏ နောက် တွင် ဖြစ်ပေါ်နေ သော မှုန်ဝါးသည့် ဧရိယာ အကျယ်အ၀န်း မှာ အောက်ပါ ဇယား အတိုင်း ဖြစ်သည်။

Focal Length (mm)
Rear
Front

10
70.2 %
29.8 %

20
60.1 %
39.9 %

50
54.0 %
46.0 %

100
52.0 %
48.0 %

200
51.0 %
49.0 %

400
50.5 %
49.5 %

ပြတ်သားမှု လျှော့နည်းသည့် နေရာများ

Circle of Confusion (CoC)

Depth of Field ဧရိယာအတွင်း ပုံရိပ် သည်ပြတ်သားမှု ရှိသည် ဟု ဆိုစေကာမူ စင်စစ် အားဖြင့် နေရာ အားလုံး တွင်မူ စင်းလုံးချော ပြတ်သားနေသည်မဟုတ်။ Depth of Field အတွင်းရှိဧရိယာ အတွင်း အလယ် မှ ဘေးသို့ တဖြည်းဖြည်း ပြန့်ထွက်လာသောနေရာ များတွင် လူ၏ သာမန် မျက်စေ့ ဖြင့် ကြည့်၍မမြင် နိုင် ၊ Camera Resolution အရပင် မသိနိုင် လောက်သည့် မသိမသာ မှုန်ဝါး သော နေရာများ ရှိသည် ။

အကြောင်းမှာ အပြင်မှ အလင်းများ Lens ကိုဖြတ်၍ ကင်မရာ အတွင်းသို့ ၀င် ရောက် ကာ Sensor သို့မဟုတ် Film ၏ Focal Plane ပေါ်သို့ ကျရောက်ရာ၌ အလင်းတန်းများ ၏ ဆုံရာနေရာ Convergence Point သည် Sensor ပေါ်ရှိ Focal Point ပေါ်သို့ ကွက်တိ အစက်အပြောက်အဖြစ် အတိအကျ မရောက်ဘဲ Focal Plane ၏ နောက်ကိုကျော်၍ သော်လည်းကောင်း ရှေ့တွင် သော်လည်းကောင်း ကျရောက် တတ်သည်။ တစ်နည်းအား ဖြင့် ဆိုရသော် Focus Point လွဲချော် ခြင်းဟု ဆိုရမည် ဖြစ်သည်။

အောက် တွင် ပြထားသည့် Diagram ပုံ (၃) ပုံ ၏ အလယ် ပုံတွင် အလင်းတန်းသည် Focal Plane ပေါ်သို့ အစက်အလေး ( Dot) အဖြစ် အတိအကျ Focal Point ကျရောက် နေသည်ကို တွေ့ နိုင်သည်။

ဤသို့ မကျ ဘဲ Focal Plane ၏ ရှေ့ တွင် ကျ ရောက်ခြင်း သို့ မဟုတ် နောက်သို့ ကျော်၍ ကျရောက်ခြင်း စသည် တို့ကြောင့် အပို အလို ဖြစ်မှု များလည်း ရှိသည်။ ယင်းကဲ့ သို့ အနည်းငယ် လွဲ၍ ကျစေကာမူ ထင်လာသည့် ပုံရိပ် သည် လူ ၏ မျက်စေ့ဖြင့် ကြည့်ပါမူ ပြတ် သားသည်ဟုထင်ရသည်။ သို့သော် စင်စစ်အားဖြင့် အတိအကျ Focal Point အဖြစ်ကျရောက်သည့် ပုံ၏ ပြတ်သားမှု ထက်လျှော့ နေသည်။ ယင်းကို Circle of Confusion ဟု ခေါ်သည်။ Confusion Circle ၏စက်ဝိုင်း Diameter ကြီးလေလေ ပုံ၏ ပြတ်သားမှု ဧရိယာ လျှော့ နည်းလာလေ ဖြစ်သည်။



အထက်ပါ ပုံ (၃) ပုံ ကို ကြည့်ပါလျှင် Lens မှ ကင်မရာအတွင်းသို့ ကတော့ ( Funnel) တစ်ခု ၏ အပိတ် (အချွန်) ဘက် မှ ကဲ့သို့ ဦးတည် ၀င်လာသည့် အလင်း ( Light) သည်

- ပထမပုံ တွင် Focal Point သည် Focal Plane ၏နောက်သို့ ကျော်၍ ကျရောက်သည်။ ထို့ကြောင့် Focal Plane ပေါ်တွင် အစက် (Dot) ကလေး မဟုတ်ဘဲ Circle တစ်ခု ပေါ်လာသည်။ အဆိုပါ Circle ရှိလာခြင်းဖြင့် Circle of Confusion ရှိလာသည်ကိုပြသည်။

- ဒုတိယပုံ တွင် Focal Point သည် Focal Plane ပေါ်သို့ အစက် ( Dot ) ကလေး အဖြစ် ကွက်တိကျနေ သည်။ Focal Plane ပေါ်တွင် အစက် ကလေးသာ ရှိသည်။ မည် သည့် Circle မှ မပေါ်။ Circle of Confusion မရှိ။

- တတိယပုံ တွင် Focal Point သည် Focal Plane ရှေ့တွင် ကြို၍ ကျရောက်သည်။ ထို့ကြောင့် Focal Plane ပေါ်တွင် အစက် (Dot) ကလေး မဟုတ်ဘဲ Circle တစ်ခု ပေါ်လာသည်။ အဆိုပါ Circle ရှိလာခြင်းဖြင့် Circle of Confusion ရှိလာသည်ကိုပြသည်။

Circle of Confusion စက်ဝိုင်း ရှိသည့် ပထမ နှင့် တတိယ ပုံ တို့ ၏ ပုံ ရိပ် ပြတ်သားမှု ရှိသည် ဒုတိယ (အလယ်) ပုံ၏ ပြတ်သားမှု ဧရိယာထက် လျှော့မည်။

အောက်ပါ နမူနာပုံကိုကြည့်လျှင် အလယ်တဲ့တဲ့တွင် Focal Point အစက်ကလေးကို မြင်နိုင်သည်။ ယင်း၏ဘေး တစ်ဘက်တစ်ချက်စီရှိ အစက် နှစ်ခုအထိ ပြတ်သားသည့် Depth of Field ဖြစ်သည်။ တစ်ဖြည်းဖြည်း ဘေးသို့ ဝေးသွား လေလေ ပို၍ မှုန်ဝါး လေ ဖြစ်သွားသည်ကို မြင် နိုင်သည်။



အထက်တွင် ဖေါ် ပြသကဲ့ သို့ Lens မှ ၀င်လာသည့် အလင်းသည် Focal Plane ပေါ်တွင် ကွက်တိ မဟုတ်မူဘဲ Focal Plane ၏ ရှေ့ သို့မဟုတ် နောက် နေရာတို့တွင် အလင်း စုသည့် Light Convergence Point ရှိ နိုင် သောကြောင့် ကင်မရာများတွင် Circle of Confusion ရှိလာသည်။

သို့ သော် Circle of Confusion သည် သာမန်မျက်စေ့ ဖြင့် မည် သို့ မျှ မမြင် နိုင်သည့် Negligibla Area ဖြစ်သည်ဟု ကင်မရာ ပြုလုပ်သူများက သတ်မှတ် သည်။ အဆိုပါ ဧရိယာ ကိုလည်း 0.01 inche ထက် မပိုစေရန် “ စံ “ အဖြစ် Standard သတ်မှတ်ထားသည်။ ယင်းဧရိယာကိုလည်း Acceptable Sharpness ဟု ခေါ်ကြသည်။ Acceptable Sharpness ၏ “ စံ “ံ မှာ ပုံ တစ်ပုံ ကို 8X10 inche ချဲ့ ကာ ရှေ့ တစ်ပေ အကွာ မှ ကြည့်လျှင် မှုန်ဝါးမှု ကို လုံးဝသတိမထားမိသည့် အခြေအနေမျိုးအား Standard of Acceptable Sharpness အဖြစ် သတ်မှတ် ထားကြသည်။

Depth of Field အမျိုးမျိုး ဖြစ်ပေါ်သည့် အခြေအနေ

ပုံတစ်ပုံတွင် Depth of Field ကို ထိမ်းချုပ် ရန် အရေး ကြီးသည်။ သို့ မှသာ ပုံ အတွင်းရှိ မည်သည့် အရာ ( Subject ) အား အလေးပေး ပြသ လိုသည်ကို ပေါ်လွင် အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ အဓိက Center of Interest ကို Depth of field အတွင်း ပြတ်သားအောင် ပြထား ကာ မလို အပ်သည် အရာများ ကိုမူ Depth of Field အပြင် ဘက် ရှိ မှုန်ဝါးနေသည့် ဧရိယာ အတွင်း ရှိနေစေရန် လိုသည်။

ပုံတစ်ပုံတွင် Depth of Field ကျယ်ပြီး ပြတ်သားသည့် ဧရိယာများကာ မှုန်ဝါးသည့် ဧရိယာ နည်းသည့် Deep Focus Depth of Field နှင့် Depth of Field ကျဉ်းပြီး ရှေ့ နှင့် နောက် မှုန်ဝါးသည့် ဧရိယာများနေ သည့် Shallow Depth of Field ဖြစ်ပေါ်ရခြင်း မှာ အကြမ်းအား ဖြင့် အောက်ပါ အချက် များပေါ် တည်နေသည်။ ၄င်းတို့ မှာ-

- Lens ၏ Focal Length အတို အရှည် ၊
- Camera Aperture အကျဉ်း အကျယ်၊
- Subject နှင့် ကင်မရာ အကွာ အဝေး၊ (Focusing Distance,)
- ကင်မရာ Sensor ၏ အရွယ် အစား (Size of Sensor, ) စသည် တို့ အပေါ် မူတည်နေသည်။

- Lens ၏ Focal Length အတို၊ အရှည်။

ဥပမာ အားဖြင့် Lens ၏ Focal Length ကို 50mm တွင် အခြေခံ Focal Length အဖြစ် ထားပါက 100mm, 150mm, 200mm စသည်ဖြင့် Focal Length ရှည်လာခြင်း။ သို့မဟုတ် 35mm, 16mm, 10mm စသည်ဖြင့် တို သွားခြင်း။ ယင်းအပေါ် လိုက်၍ Depth of Field ဧရိယာလည်း ပြောင်းလဲသည်။


Focal Length = 18mm Aperture = f/5.6
Distance = 20"


Focal Length = 70mm
Aperture = f/5.6
Distance = 66"



Relations of Depth of Field and Focal Length.

အထက်ပါ နှစ်ပုံ တွင် မျဉ်း နှစ်ကြောင်း အကြားရှိ ဧရိယာသည် ပြတ်သား သည့် Depth of Field ဧရိယာ ဖြစ်သည်။ အထက် Diagram ပုံ ၏ Focal Length မှာ 35mm ဖြစ်ပြီး အောက် Diagram ပုံ မှာ100mm ဖြစ်သည်။ Focal Length ရှည်သည့် 100mm ဖြင့် ရိုက်သည့် ပုံ၏ Depth of Fieldမှာ ကျဉ်း ပြီး Focal Length အတို 35mm ဖြင့် ရိုက် သည် ပုံ၏ Depth of Field မှာ ကျယ်သည် ကိုတွေ့ နိုင်သည်။

- Camera Aperture ကျယ် ခြင်း ၊ ကျဉ်း ခြင်း။

ဥပမာ Aperture f-10 ကဲ့ သို့် နေရာ မှနေ၍ှ f-4, f-2. F-1.8. f-1.4 စသည်ဖြင့် Aperture ကျယ် လာခြင်း။ သို့မဟုတ် F- 10, F- 16. F-22 စသည်ဖြင့် ကျဉ်းသွာခြင်း။ ယင်းအပေါ်လိုက်၍ Depth of Field ဧရိယာလည်း ပြောင်းလဲသည်။




အထက်ပုံသည် Aperture f- 2. F-2.8, f 1.8, f-1.4 ကဲ့ သို့ Large Aperture ဖြင့် ရိုက်သဖြင့် Depth of Field ( မီးခိုးရောင် မျဉ်း တို နှစ်ခု အကြား ဧရိယာ ) တိုသည်။ အောက်ပုံ မှာ f- 10, f-16, f-22 ကဲ့သို့ Small Aperture ဖြင့် ရိုက်သဖြင့်Depth of field ကျယ်လာသည်။

Relations of Depth of Field and Aperture.



အထက်ပါပုံ မှာ Depth of Field နှင့် Aperture တို့ ၏ ဆက်နွယ် မှု ပုံဖြစ်သည်။ A 35 mm Lens ၏ Depth of Field Scale တွင် ဖေါ်ပြထားသည်မှာ Aperture f-11 ဖြင့် ရိုက် ပါက ကင်မရာအရှေ့ (1) Mtere မှ (2) Meter အတွင်းရှိ အရာ များ အားလုံး ပြတ်သားမှု ရှိပြီး အကယ်၍ f-22 တွင် ထား၍ ရိုက်ပါက ကင်မရာ အရှေ့ (0.7) Meter မှ Infinity အထိ ပြတ်သားမှု ရှိမည် ကို ပြထားခြင်း ဖြစ်သည်။

အောက်ပါ ပုံများမှာ Aperture တစ်ဖြည်းဖြည်း ကျဉ်းလာသည့်အတွက် Depth of Field ဧရိယာ ကျယ် လာသည်ကို ပြသည့် ပုံ များ ဖြစ်သည်။


Focal Length 30mm, f-1.4


Focal Length 30mm, f-4


Focal Length 30mm, f-16

- ကင်မရာ နှင့် Subject နီးကပ် ခြင်း ဝေးကွာခြင်း။

ကင်မရာ နှင့် Subject ၏ အနီး အဝေး ကို လိုက် ကာ Depth of Field ဧရိယာ လည်း ပြောင်းလဲသည်။



အထက်ပုံမှာ ကင်မရာ နှင့် Subject နီးသည့် အတွက် Depth of field ကျဉ်းသည်။ အောက်ပုံမှာ ကင်မရာနှင့် Subject ဝေးသည်အတွက် Depth of Field ကျယ်လာသည်ကိုပြသည်။

Focal Length ကို လိုက်၍ ပြောင်းလဲလာသည့် Depth of Field

Focal Length (mm)
Focus Distance (m)
Depth of Field (m)

10
0.5
0.482

20
1.0
0.421

50
2.5
0.406

100
5.0
0.404

200
10
0.404

400
20
0.404


30mm @ f/2, taken from Focal Distance 40cm


85mm @ f/2, taken from Focal Distance 110cm

Sensor အရွယ်အစား ( Size of the Sensor )

Sensor အရွယ်အစားကြီးသည့် ကင်မရာများသည်။ ငယ်သည့် ကင်မရာ များ နှင့် ရိုက် သည့် Focal Length, Aperture တို့ တူ စေကာမူ Sensor အကြီးတွင် မှုန်ဝါး သည့် Shallow Depth of Field ပိုများသည်။ Sensor ငယ်သော ကင်မရာတွင် မူ Depth of Field သည် ပို ကျယ်သည်။ အကြောင်း မှာ Sensor ကြီးသည့် Full Frame ကင်မရာ များ ၏ Angle of View သည် Cropped DSLR ထက် ပို ကျယ် သော ကြောင့် ဖြစ်သည်။ Full Frame Format နှင့် Cropped DSLR တို့၏ Angle of View ကွာ သော ကြောင့် ထွက် လာသည့် ပုံ လည်း ကွာသည်။ Full Frame ၏ ပုံကို Small Frame ပုံ အတိုင်း Crop လုပ်ပါမှသာ Angle of View အတူတူ ရနိုင်သည်။

အခြား တစ်ချက်မှာ Full Frame များသည် Cropped DSLR နှင့် Angle of View အတူတူ ရ ရန်အတွက် Focal Length ကို ပိုသုံးရသည်။ ဥပမာ အားဖြင့် Cropped DSLR သည် Focal Length 200mm သုံးပါက Small Frame ၏ Cropped Factor ကို မှီရန် Full Frame အနေ နှင့် 300mm သုံးရမည် ဖြစ်သည်။ ထို အချိန်တွင် Shallow Depth of Field ပိုလာမည် ဖြစ်သည်။

Limited DOF: selective Focus

Depth of Field ကို ပညာရှင်များက နည်းမျိုးစုံ တွက်ချက် အသုံးချကြပါသည်။ ဤနေရာ တွင်မူ အတို အထွာမှတ်စုသာ ဖြစ်သောကြောင့် ခြေနိုင်လက်နိုင် အဓိကနှစ်မျိုး လောက်ကိုသာ ဖေါ်ပြပါမည်။ အောက်ပါ ပုံများမှာ Subject ကို နောက် ခံ Background က လုံးဝ အနှောက် အယှက်မပေးအောင် စီစဉ် ရိုက်ကူး ထားသည့် Depth of Field နမူနာပုံများ ဖြစ်ကြပါသည်။

Aperture ကျယ်ကျယ် နှင့် ကင်မရာသည် Subject အနီးသို့ တတ်နိုင်သမျှ ကပ်၍ ရိုက်ခြင်း ဖြင့် လည်းကောင်း Long Telephoto ဖြင့် ဆွဲရိုက်ခြင်း ဖြင့် လည်းကောင်း Shallow Depth of Field ရနိုင်သည်။ ဥပမာ အားဖြင့် ၁၀ ပေခန့် အကွာ ရှိ Subject ကို Focal length 300mm လောက် ဆွဲ ရိုက်ပါက တိုက်ရိုက် ထိကပ် နေသော နောက်ခံ အရာဝထ္ထု ၊ ပစ္စည်း စသည်တို့ မရှိပါလျှင် နောက်ခံ အားလုံး မှုန်ဝါးသွားသည်။



အထက်ပါ ပုံသည် Aperture ကျဉ်းကျဉ်း f-32 နှင့် ရိုက်ထားသဖြင့် Depth of field သည် Deep Focus Depth of Field ဖြစ်နေသောကြောင့် နောက်ခံ Background သည် ရှေ့ရှိပန်း၏ အမြင်ကိုနှောက် ယှက် နေသည်။ တစ်နည်း အားဖြင့် အာရုံ စူးစိုက်မှု ကို လုယူနေသည်။



အထက် ပုံတွင်မူ Aperture f-5.6 ကျယ်ကျယ် နှင့် ရိုက်ထားသဖြင့် နောက်ခံ Background က ရှေ့ ရှိ ပန်း အား အနှောက်အယှက် ပေးခြင်း အလျှင်း မရှိတော့ ကို တွေ့ ရမည်။



အထက်ပါ ပုံတွင် ကြောင် ကို Aperture f-2.8 နှင့် ရိုက်ထားသဖြင့် ကြောင်သည် နောက်ခံ အနှောက် အယှက် ကင်းစွာ သီးခြား ထင်ပေါ်နေသည်။

ဤနေရာတွင် ဓါတ်ပုံ ပညာ ရှင်များ သဘောထားကွဲနေကြသည်ကို လေ့လာမိပါသည်။ အချို့သော ပညာရှင်များက Wide Angle Lens သည် Shallow Depth of Field ကို Telephoto Lens ထက် ပိုဖေါ်ဆောင် ပေးနိုင်သည်ဟု ဆိုသည်။ အချို့ သော ပညာရှင်များကမူ အဆိုပါ ယူဆချက်သည် မှားသည်ဟု ဆိုသည်။ သို့ ရာတွင် Telephoto Lens ဘက်မှ ရပ်တည် သူ များကြောင်း တွေ့ ရသည်။

Hyperfocal distance

ရှုခင်း ပုံများ ရိုက်ရာတွင်မူ Frame တစ်ခုလုံး အစမှ အဆုံး အားလုံး ပြတ်သားသည့် Depth of Field ဖြစ် သည့် Hyperfocal Distance ရှိရမည် ဖြစ်သည်။



အထက် Diagram ပုံ သည် ရှခင်း ရိုက် ကူးသည့် Depth of Field Disgram ပုံ ဖြစ်သည်။ ပုံတွင်Depth of Field သည် ကင်မရာ အနီးမှ မျက်စေ့ တစ်ဆုံး အထိရှည် သည်ကိုတွေ့ ရမည်။ Frame ၏ သုံးပုံ တစ်ပုံ တွင် Focus ယူထားသည် ကို တွေ့ နိုင်သည်။



Hyperfocal Distance ရိုက်ရာတွင် Aperture ကျဉ်းကျဉ်း သုံးခြင်း၊ ရှုခင်း အတွင်းရှိ Main Subject ကို တိုက်ရိုက် Focus အယူ ဘဲ ပုံ Frame အတွင်း ပေါ်လွင် စေလို သည့် ၄င်း၏ နောက်ရှိ Secondary Subject တစ် ခုကို Focus လုပ်ခြင်းတို့ ဖြင့် Frame အတွင်း အားလုံးပြတ်သားသည့် Hyperfocal Distance ကို ရစေ နိုင်သည်။





ထို့ကြောင့် Hyperfocal Distance တွင် Depth of Field သည် အထက်ပါ ပုံများအတိုင်း အနီးဆုံး နေရာ မှ မျက်စေ့ တစ်ဆုံး Infinity အထိ အကြီးဆုံး Depth of Field ရှိသည်။

Credits: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...