Facebook Mobile App တွင် သီချင်း၊ ရုပ်ရှင်များကို အလိုအလျှောက် သိရှိသည့် စွမ်းဆောင်ချက်ထည့်သွင်း



Facebook က Mobile App များတွင် အနီးအနားမှဖွင့်ထားသော သီချင်း၊ ရုပ်ရှင် နှင့် TV Show များကို အလိုအလျှောက် သိရှိသည့် စွမ်းဆောင်ချက် ကို ထည့်သွင်းပေးလိုက်ပါသည်။ စမတ်ဖုန်း၏ Microphone မှ အသံဖမ်းယူသိရှိမည် ဖြစ်ပြီး နားထောင်နေသည့် သီချင်းကို စာရိုက်ရှာဖွေရန် မလိုဘဲ အလွယ်တကူ Share လုပ်နိုင်ပါသည်။

အဆိုပါ စွမ်းဆောင်ချက်သည် နာမည်ကြီး Shazam App နှင့် ဆင်တူပါသည်။ Facebook App တွင် မည်သည့် သီချင်းနားထောင်နေသည် ဆိုသည်ကို Status တင်ရန် ပြုလုပ်သည်နှင့် App က အနီးအနား တွင် ဖွင့်ထားသည့် သီချင်းကို စုံစမ်းသိရှိပြီး ပြသပေးမည် ဖြစ်သည်။ App က သီချင်းကို စုံစမ်းနေသည်ကို ညာဘက်အပေါ်ထောင့်တွင် အိုင်ကွန်ဖြင့် ပြသမည် ဖြစ်သည်။ ထို့အတွက် မည်သည့် သီချင်းနားထောင်နေ သည်ကို Status တင်ရန် စာရိုက်ရှာရသည့် အလုပ်ရှုပ်မှု ကင်းဝေးမည် ဖြစ်သည်။

သီချင်းများကို Share လုပ်သည့်အခါ စက္ကန့် သုံးဆယ်စာ ဗီဒီယိုကို ပြသပေးမည် ဖြစ်သည်။ TV Show နှင့် ရုပ်ရှင်များကိုလည်း App က စုံစမ်းသိရှိနိုင်ပါသည်။ TV Show များကို Share လုပ်သည့်အခါ Episode နှင့် Season များကို ပြသပေးမည် ဖြစ်သည်။

စွမ်းဆောင်ချက် အသစ်ကို Android နှင့် iOS App များတွင် ထည့်သွင်းပေးထားပြီး ယခုအချိန်တွင် အမေရိကန်တွင်သာ အသုံးပြုနိုင်သည် ဟု သိရပါသည်။

စွမ်းဆောင်အသစ်၏ အလုပ်လုပ်ပုံကို Facebook ၏ ဘလော့ တွင် လေ့လာနိုင်ပါသည်။

http://newsroom.fb.com/news/2014/05/a-new-optional-way-to-share-and-discover-music-tv-and-movies/

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...