Facebook က သူငယ်ချင်းများကို လွယ်ကူစွာရှာဖွေနိုင်မည့် Shortcut စွမ်းဆောင်ချက် ကို စမ်းသပ်နေ



Facebook က သူငယ်ချင်းများကို လွယ်ကူစွာရှာဖွေနိုင်မည့် Shortcut ဟုအမည်ရသည့် စွမ်းဆောင်ချက် ကို စမ်းသပ်နေသည် ဟု သိရပါသည်။ အဆိုပါ စွမ်းဆောင်ချက်သည် Facebook တွင် အီးမေး သို့မဟုတ် ဖုန်းနံပါတ်များ ဖြင့် သူငယ်ချင်းများရှာဖွေသည့် နည်းလမ်းထက် လွယ်ကူအဆင်ပြေမည် ဖြစ်သည်။

Shourcut စွမ်းဆောင်ချက် ကို The Next Web ၏ Social Media ကျွမ်းကျင်သူ Carlos Sandoval က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ Facebook အသုံးပြုသူတိုင်းအတွက် Facebook Mobile App တွင် မတူညီသည့် ဂဏန်းရှစ်လုံး ကို ပြသပေးမည်ဖြစ်သည်။ အဆိုပါ ဂဏန်းများ ကို သူငယ်ချင်းများ ကို ပေးပို့နိုင်မည် ဖြစ်ပြီး Facebook တွင် လွယ်ကူစွာ ရှာဖွေတွေ့နိုင်မည် ဖြစ်သည်။ ထို့အတွက် ရှည်လျားသည့် Profile URL များမှတ်သားရန် မလိုအပ်တော့သကဲ့သို့ နာမည်များ၊ အီးမေးများ ဖြင့် ရှာဖွေရန် မလိုအပ်တော့ ဟု သိရပါသည်။ သူငယ်ချင်း တစ်ယောက် ၏ Shortcut ကို ရိုက်ထည့်လျှင် သူ၏ Profile Page ကို ရောက်ရှိသွားမည် ဖြစ်သည်။

Facebook က Shortcut စွမ်းဆောင်ချက် ကို စမ်းသပ်နေဆဲ အဆင့်ဖြစ်သဖြင့် အနည်းငယ်သာ အသုံးပြုခွင့် ရရှိသေးသည် ဟု သိရပါသည်။ Facebook အသုံးပြုသူအချို့သည် သူတို့၏ ဖုန်းနံပါတ်များ ကို Social Media တွင် Share ပြုလုပ်ခြင်းကို မနှစ်သက်သောကြောင့် Shortcut ကို ဖန်တီးရခြင်း ဖြစ်နိုင်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Shortcut သည် နာမည်များဖြင့် ရှာဖွေခြင်းထက် ပိုမိုကောင်းမွန်မည်လားဆိုသည် ကို မသိရသေးပါ။ Shortcut ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အသုံးပြုခွင့်ပေးသည့် အချိန်တွင် လူများ နှစ်ခြိုက်ကြမည် လားဆိုသည် ကို စောင့်ကြည့်ရမည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...