FDA က စိတ်ဖြင့်ထိန်းချုပ်နိုင်သည့် စက်ရုပ်လက် ကို ရောင်းချခွင့်ပေး



အမေရိကန် Food and Drug Administration (FDA) က စိတ်ဖြင့်ထိန်းချုပ်နိုင်သည့် စက်ရုပ်လက်အတု ကို ရောင်းချခွင့်ပေးလိုက်ပြီဖြစ်သည်။ “Luke” Arm ဟု ယခင်က သိကြပြီး ယခုအခါတွင် Deka Arm ဟု အမည်ပေးထားပါသည်။ စက်ရုပ်လက် ကို ၀တ်ဆင်သူ၏ ကြွက်သားများတွင် ချိတ်ဆက်ထားသည့် Electromyogram (EMG) Electrodes မှ Electrical Signals များက ထိန်းချုပ်ပါသည်။ စက်ရုပ်လက်အတု သည် သုတေသနပြုလုပ်သည့် အဆင့်မှ ရောင်းတန်းဝင်အဆင့် ရောက်ရှိပြီဖြစ်သည်။

Deka Arm System က သာမာန် လက်အတုများ ပြုလုပ်ပေးနိုင်သည့် အလုပ်များထက် ခက်ခဲရှုပ်ထွေး သည့် အလုပ်များကို ပြုလုပ်ပေးနိုင်ပါသည်။ သရုပ်ပြဗီဒီယို တွင် Deka Arm ကို ၀တ်ဆင်ပြီး ကိုင်တွယ်ရန် ခက်ခဲသည့် ကြက်ဥများကို နေရာပြောင်းရွှေ့ပြခဲ့ပါသည်။

https://www.youtube.com/watch?v=wIvyiM5nFb0

ဝတ်ဆင်သူ ၏ ကြွက်သားများနှင့် ချိတ်ဆက်ထားသည့် Electrodes များသည် လက်အတုထဲတွင် ရှိသည့် Processor ထံသို့ Signals များထုတ်လွှင့်ပေးပါသည်။ ထို့နောက်တွင် လက်အတု က အဆိုပါ Signals များကို ဘာသာပြန်ပြီး အလုပ်များကို ပြုလုပ်ပေးပါသည်။

အခြားဗီဒီယို သရုပ်ပြမှု တစ်ခုတွင် စက်ရုပ်လက်ဖြင့် ပါးလွှာသော စာအိတ် ကို ဖွင့်ဖောက်ပြခဲ့ပါသည်။ စက်ရုပ်လက် က သေးငယ်သည့် အရာဝတ္ထုများ ကို တိကျစွာ ကိုင်တွယ်နိုင်သည် ကို ပြသခြင်းဖြစ်ပါသည်။

https://www.youtube.com/watch?v=Wl_Yl8vsKrY

စက်ရုပ်လက်အတု ကို အမေရိကန် ကာကွယ်ရေးဌာန ၏ အဆင့်မြင့် သုတေသန အေဂျင်စီ (DARPA) ၏ ထောက်ပံ့မှုဖြင့် Dean Kamen က တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ စက်ရုပ်လက်များ ကို တီထွင်နေ သည့် အဖွဲ့များစွာ ရှိသော်လည်း Deka Arm သည် FDA ၏ ပထမဆုံးခွင့်ပြုချက်ရရှိသည့် စက်ရုပ် လက် ဖြစ်ပါသည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...