Finger trap online beauty trend လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ


• ခုတလောခေတ်စားနေတဲ့ သတင်းလေးတခုပါ။ ဆိုရှယ်မီဒီယာပေါ်မှာ တရုပ်မလေးတွေက မျက်နှာအလှ ကို လက်ညှိုးနဲ့ အကဲဖြတ်ကြသတဲ့။
• Finger trap test လက်ညှိုးထောင်ချောက်လို့ ခေါ်တယ်။ Beauty and Ugliness Identification Method ရုပ်လှ-ရုပ်ဆိုး သတ်မှတ်နည်းလို့လဲ ခေါ်သေးတယ်။
• လက်ညှိုးကို မေးကနေ နှာခေါင်းကို ထိတန်းလိုက်ပါ။ ပါးစပ်နှုပ်ခမ်းနဲ့ လက်ညှိုးထိနေပါရဲ့လား။ အဲတာဆို ၃့၁ မှတ်ရလို့ Perfect profile ပါဖက်အချက်ဖြစ်တယ်တဲ့။


• Perfect body ပါဖက်ကျတဲ့ ကိုယ်ခန္ဓာအလှဆိုတာ လာသေးတယ်။ Wiebo ဆိုတဲ တရုပ်လုပ် Facebook မှာ ခေတ်စားနေပါတယ်။ Hot or not ဟော့ရဲ့လားလို့ တိုင်းတာတဲ့။ တရုပ်မ ၂ သိန်းက အဲသည်အထဲမှာ ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက်ပြီး စမ်းသပ်ဆွေးနွေးခန်းထဲမှာ ပါနေကြပါသတဲ့။
• Dr. Mark Holmes ဒေါက်တာ မတ်ဟုမ်းကပြောတာကတော့ Bone fide test အရိုးက စကားပြောတာပါ တဲ့။ Rickett’s E-line လို့ခေါ်တယ်။ ရှေးဟောင်းဂရိတွေကတည်းက သုံးခဲ့တဲ့ အလှဗေဒ တိုင်းတာနည်းလို့ ဆိုပါတယ်။
• Finger trap test လက်ညှိုးထောင်ချောက်နည်းကို ငြင်းချက်ထုတ်တာတွေလဲရှိတယ်။ အများသူငါက ချောပေ့ဆိုတဲ့ Jennifer Lawrence ဂျနီဖါ လောရင့်စ် နဲ့ Kate Moss ကိတ်မော့စ်တို့ ဒီစာမေးပွဲမှာ ကျရှုံးကြတယ်။
• Thigh gap ပေါင်တံရှည် ကွာဟချက်ဆိုတာလဲ ရှိပြန်သေးပါတယ်။ ပေါင်နှစ်လုံးကြား ကွာဟနေတာကို တိုင်းတာတဲ့။ Pretty မချောနဲ့ Ugly မရုပ်ဆိုးဆိုပြီး ခွဲတာဆိုဘဲဗျာ။ မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိ ထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်တယ်။ ထိနေရင် ဆွဲဆောင်မှု နည်းတယ်လို့ သတ်မှတ်တယ်။ ကွာနေတာကို Femininity မိန်းမပီသတယ်၊ Fragility ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့် တယ်။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...