Folder Color ကို Ubuntu OS တွင်ထည့်သွင်းပုံ



Ubuntu OS အသုံးပြုသူတွေအနေနဲ့ ကိုယ်အသုံးပြုနေတဲ့ OS ရဲ့ ဖိုဒါတွေကို အရောင်ပြောင်းချင်တယ် ဆိုရင် Folder Color ဆိုတဲ့ App ကိုအသုံးပြုပြီး Folder Color တွေကို အလွယ်တကူနဲ့ ပြောင်းလဲအ သုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Folder Color ကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် ကိုယ်ရဲ့ဖိုဒါတွေကို အလွယ် တကူ အရောင်နဲ့ ခွဲခြားပြီး အရေးကြီးအသုံးတည့်တဲ့ ဖိုဒါတွေကို အချိန်မြန်မြန်နဲ့ ရွေးချယ်အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Folder Color ကို ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေ ကို Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Folder Color ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်းရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ -

sudo add-apt-repository ppa:costales/folder-color
sudo apt-get update && sudo apt-get install folder-color

ဆိုတဲ့ Command တွေပဲဖြစ်ပါတယ်။ ဒီ Command တွေကို တစ်ကြောင်းချင်းစီ Terminal မှာ ထည့် သွင်းပြီးရင် သက်ဆိုင်ရာ Package တွေကို Download ပြုလုပ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွား မှာ ဖြစ်ပါတယ်။ ဒီအဆင့်ပြီးသွားပြီဆိုရင်တော့ Terminal ကို ပိတ်ပြီး Folder တွေကို အရောင်ပြောင်းဖို့ အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

Folder တွေကို အရောင်ပြောင်းဖို့အတွက်ဆိုရင် ပထမဦးဆုံး ကိုယ်အရောင်ပြောင်းချင်တဲ့ Folder ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Folder Color ဆိုတာကို ရွေးလိုက်ရင် ဘေးမှာ Folder မှာပေး လို့ရမယ့် အရောင်တွေကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ အရောင်ကို ရွေးချယ်လိုက် တာနဲ့ ကိုယ့်ရဲ့ Folder မှာ ရွေးချယ်ပေးလိုက်တဲ့ အရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ Folder တွေကို နှစ် သက်ရာ အရောင်တွေ အသုံးပြုပြီး တစ်ခုချင်းစီအလိုက် အရောင်ပေးပြီး ခွဲခြားအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သီဟ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...