ခေါင်းညိတ်ရုံဖြင့် ငွေပေးချေနိုင်သည့် Google Glass App



Eaze ဟု အမည်ပေးထားသည့် Google Glass App ကို မေလ (၁၆) ရက်နေ့တွင် ကြေညာလိုက်ပါသည်။ Eaze သည် ခေါင်းညိတ်ရုံဖြင့် Bitcoin များကို အသုံးပြုပြီး ငွေပေးချေနိုင်ခြင်း ဖြစ်ပါသည်။ ငွေပေးချေရန် အတွက် ပထမဆုံး Eaze ကို Voice Command ဖြင့် Activate လုပ်ရမည် ဖြစ်ပြီး Google Glass ၏ ကင်မရာ မှတစ်ဆင့် အရောင်းဆိုင်မှ QR Code ကို Scan လုပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် ခေါင်းနှစ် ချက်ညိတ်ရုံဖြင့် ငွေပေးချေမှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Bitcoin လက်ခံသည့် အရောင်းဆိုင်တိုင်းတွင် Google Glass ကို အသုံးပြုပြီး ငွေပေးချေနိုင်ပါသည်။ အရောင်းဆိုင်က Eaze ကို အထောက်အပံ့ပေးရန် မလိုအပ်ဘဲ Bitcoin ပေးချေမှုတွင် အသုံးပြုသည့် QR Code ကိုသာ အသုံးပြုခြင်းဖြစ်ပါသည်။ Google Glass အသုံးပြုသူက Eaze နှင့် Bitcoin Wallet ကို ချိတ်ဆက်ရမည် ဖြစ်သည်။ Eaze သည် Coinbase , Blockchain များနှင့် တွဲဖက် သုံးနိုင်ပါသည်။ Eaze တီထွင်သူ Company က ဒေါ်လာ နှင့် ယူရို ကဲ့သို့ သာမာန်ငွေကြေးများ နှင့် သာမက PayPal နှင့်ပါ App ကို ချိတ်ဆက်အသုံးပြုနိုင်ရန် ပြုလုပ်ပေးမည် ဟု ပြောပါသည်။

Eaze သည် ငွေပေးချေမှုများကို လျှင်မြန်လွယ်ကူစေမည် ဖြစ်သော်လည်း Google Glass သည် သူခိုးများ၏ ပစ်မှတ်ဖြစ်လာနိုင်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Glass တွင် Screen Lock ပါရှိသော်လည်း Eaze တီထွင်သူများက ပေးချေသည့် ငွေကြေး ပမာဏကို PIN ဖြင့် ထိန်းချုပ်နိုင်သည့် စွမ်းဆောင်ချက်ကို Update ပြုလုပ်ပေးမည် ဟု ပြောပါသည်။

Eaze သည် Google Glass အတွက် ပထမဆုံး App ကို ဖြန့်ချီလိုက်သော်လည်း စမတ်နာရီ၊ လက်ကောက် နှင့် လက်စွပ်များ အပါအ၀င် အခြား ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ အတွက်လည်း App များပြုလုပ်ရန် အစီအစဉ်ရှိသည် ဟု Company က ပြောပါသည်။ Eaze က App ကို ယခုအချိန်တွင် အခမဲ့ အသုံးပြုခွင့်ပေးထားပါသည်။

Eaze သည် Google Glass တွင် ငွေပေးချေနိုင်သည့် ပထမဆုံး App မဟုတ်ဘဲ Wallaby Financial တီထွင်သည့် Pay With Wallaby သည်လည်း Virtual Wallet များနှင့် ချိတ်ဆက်နိုင်ပြီး QR Code မှတစ်ဆင့် ငွေပေးချေနိုင်ပါသည်။ အခြား App တစ်ခုဖြစ်သည့် GlassPay ကိုလည်း တီထွင်နေပြီး Google ကလည်း Glass အတွက် Google Wallet ကို မကြာမီ မိတ်ဆက်မည် ဟု သိရပါသည်။

Eaze ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=Wu7tMD3ufKI


သူရ
Myanmar Digital Life Journal-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...