Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား

 

ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်း ကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ ကိုယ်တိုင်မောင်းနင်တဲ့ ကားပရောဂျက် ကို နှစ်တော်တော်များများ ဆောင်ရွက် ထားခဲ့တာပါ။ အခုတော့ ဖြစ်လာခဲ့ပါပြီ။ နောက်ခံ လုပ်ဆောင်မူတွေ ထဲကနေ အနာဂတ်ပုံစံ ကားလေးကို စတင် စမ်းသပ်မောင်းနှင်တော့မှာ ဖြစ်ပါတယ်။ အခု အနာဂတ် ရှေ့ပြေးပုံစံလေး ဖြစ်တဲ့ ထိုကားမှာ စတီယာရင်၊ မှန်နဲ့ ခြေနင်း တစ်စုံတစ်ရာတောင်မပါပါဘူး။ မိုင်အားဖြင့် လောလောဆယ် တစ်နာရီကို မိုင် ၂၅ ထိပြေးနိင်မှာ ဖြစ်ပြီး ကွန်ပျူတာနဲ့ အပြည့်အ၀ကို ဆက်သွယ် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ဘရိတ်တွေကလည်း အော်တို မတ်တစ် စနစ်တွေပါပဲ။ သို့ပေမဲ့ ရောင်းချမှာ မဟုတ်ကြောင်းနဲ့ သူရဲ့ ပါတနာတွေနဲ့ သူငယ်ချင်းတွေအတွက်သာ ဈေးကွက်ဆီကို သယ်ဆောင်လာမှာ ဖြစ်တယ်လို့ Google ကပြောကြားခဲ့ပါတယ်။ ကားမတော်တဆဖြစ်မူ တစ်စုံတစ်ရာကို သက်သာအောင်လည်း ကားမှာ လေကာ တွေကို လိုက်လျောညီထွေစွာ တပ်ဆင်ထားပါတယ်။ မကြာ မီ အော်တိုမတ်တစ်ယာဉ်တွေ အပြည့်အ၀ ခွင့်ပြုရေးအတွက် ဥပဒေ အသစ်ကိုတော့ မျှော်လင့်ရမှာဖြစ်ပြီး ရရှိလာပါက ကျတော်တို့မျှော်လင့်ထားတဲ့ ကားပေါ် ဒရိုင်ဘာနေရာက စာရိုက်ခြင်း ၊ စားခြင်းနဲ့ အိပ်မော ကျခြင်းတွေကို အပြည့်အ၀ လုပ်လာနိင်စေမှာ ဖြစ်ပါတယ်။


ရိုးရာလေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...