GSM စခန်းများ မန္တလေးတွင် တိုးချဲ့တည်ဆောက်နေပြီ ဖြစ်၍ ဖုန်းလိုင်းကျပ်တည်းမှုများကို ဖြေရှင်းနိုင်မည်ဟုဆို
(22.5.2014)
GSM-ဖုန်းလိုင်းကောင်းမွန်စေရန် မန္တလေးတိုင်းဒေသကြီး၌ ယခုသီတင်းပတ်နှစ်ပတ်အတွင်း လိုင်းပေါင်း သုံးသိန်းကျော် တိုးချဲ့နိုင်ရန် GSM/UMTS (1+3)ရေဒီယို စခန်းပေါင်း ၁၂၀-ထိ တည်ဆောက်သွားမည်ဖြစ် ၍ ဖုန်းပြောဆိုမှုနှင့် အင်တာနက်လိုင်း ကျပ်တည်းမှုများကို ဖြေရှင်းပေး သွားနိုင်မည် ဟုမြန်မာ့ဆက် သွယ်ရေး လုပ်ငန်း၊(မန္တလေး)ဒုတိယ အထွေထွေမန်နေဂျာ ဦးစောထူးသာကပြောသည်။
''မန္တလေး၇-မြို့နယ်မှာ ရေဒီယိုစခန်းပေါင်း ၅၅ ခုရှိပြီး လိုင်းကျပ်တည်းမှုဖြေရှင်းနိုင်အောင် မေလလယ် အတွင်းပြီးအောင် တိုးချဲ့တည်ဆောက်သွားမှာပါ။ အရင်ရက်ပိုင်းမိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ မကောင်းတာ၊ ဖုန်းလိုင်းမကောင်းတာတွေက ဖိုင်ဘာဆက်ကြောင်း ပြုပြင်တာ/လဲနေတာ ကြောင့်ဖြစ် တာပါ။” ဟု ယင်းက ဆက်လက်ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီးတွင် GSM ဖုန်းလိုင်းပေါင်း ၅၅၀ ၀၀၀ ကျော် ချထားပေးပြီးဖြစ်၍ လာမည့် မေလ ကုန် လောက်တွင် လိုင်းပေါင်း ၃၆၀ ၀၀၀ ကျော် တိုးလာမည်ဖြစ်၍ ဆက်သွယ်ပြောဆိုမှု ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများမှာ ယခုထက် ပိုမိုကောင်းမွန်လာနိုင်မည် ဟုဆိုသည်။
အင်တာနက်လိုင်း ကောင်း/မကောင်းဆိုတာ ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့အပိုင်းပါ။ ဖိုင်ဘာ ဆက်ကြောင်းတွေ ကောင်းဖို့လိုတယ်။ ရေဒီယိုစခန်းတွေ တိုးချဲ့တိုင်း ဖုန်းလိုင်းကျပ်တည်းမှုကို ဖြေရှင်း မပေးနိုင်ဘူး။ E-1 Line တွေတိုးဖို့နဲ့ ခုနောက်ပိုင်းနည်းပညာအရ GE-Link,FE-Link တွေ တိုးပြီးတပ် ဆင်ပေးပြီး BackBone တွေကလည်း ပံ့ပိုးနိုင်ရင် ဖုန်းလိုင်းကျပ်တာတွေ မဖြစ်နိုင်တော့ဘူး။” ဟု ပြင်ပ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုမှ ပညာရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိ မိုဘိုင်းဆက်သွယ်ရေး ရေဒီယိုစခန်းများတွင် E-1လိုင်းများ တပ်ဆင်ထားသော်လည်း နည်းပညာ အသစ် ဖြစ်သည့် GE-Link ,FE-Linkများ အသုံးပြုတပ်ဆင်ထားမှု နည်းသေးကြောင်း၊ E-1 လိုင်းတစ်ခုလျင် 32-Chenal ရှိ၍ အမှန်တကယ် အသုံးပြုနိုင်သော လိုင်းမှာ ၃၀ ဖြစ်ပြီး၊ အ၀င် ၁၅-လိုင်း၊ အထွက် ၁၅-လိုင်း သာသုံးနိုင်ကြောင်း၊ အင်တာ နက်လိုင်းများကို နိုင်ငံတကာကဲ့သို့ အသုံးပြုနိုင်ရန်မှာ မြန်မာ့ဆက်သွယ်ရေး အနေဖြင့် Bandwidth ကို ထိန်းချုပ်ထားခြင်းမပြုဘဲ အပြည့်အ၀ ပေးသင့်ကြောင်း ယင်းက သုံးသပ်ခဲ့သည်။
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)