ဆေးစွမ်းတစ်လက်နဲ့ ကမ္ဘာ့ ကယ်တင်ရှင်ဖြစ်ခဲ့ သူ Jonas Salk
၁၉၁၄ခု၊ အောက်တိုဘာ ၂၈ ဖွား Jonas Salk ဟာ အမေရိကန်ကို ရွှေ့ပြောင်း နေထိုင်တဲ့ ဂျူးလူမျိုးစုမှ ကြီးပြီးလာသူ ဖြစ်ပါတယ်။ နယူးယောက် မြို့မှာ နေထိုင်ပြီး ပညာတွေ သင်ကြားရင်းနဲ့ အရွယ်ရောက်ချိန် မှာတော့ ဆေးပညာ တက္ကသိုလ်ကို တက်ရောက်ခဲ့ ပါတယ်။ သူဟာ ဇီဝဓာတု ဗေဒကို အထူပြုပြီး ကုသမှု ပိုင်းအထက် သုတေသနကို အလေးပေး လေ့လာခဲ့ပါတယ်။ အမေရိကန် စစ်ပြီးကာလ ၁၉၄၅ နောက် ပိုင်းမှာ အမေရိကန် အတွင်း အကြိးမားဆုံး ရောဂါ ဘေးဒုက္ခ အဖြစ် ပိုလီယိုက ဦးဆောင် လာပါတယ်။ လူဦးရေ ၃ထောင်ကျော်ကို သေဆုံး စေပြီး ၂ သောင်းကျော်ကို ဒုက္ခိတဘဝသို့ ရောက်ရှိစေခဲ့ ပါ တယ်။ သေဆုံးမှု နှုန်းတက်လာတော့ Jonas Salk ဟာ ပိုလီယို ကာကွယ်ဆေး သုတသနေ ပြုလုပ် ရှာဖွေ ထုတ်ဖော်ရေး အဖွဲ့သို့ ဆက်သွယ် ပါဝင်ခဲ့ပြီး ၁၉၅၅ ခုနှစ်က ဈေးသက်သာပြီး ကောင်းကျိုး သက်ရောက်မှု များတဲ့ ကာကွယ်ဆေးတစ်မျိုးကို ဆေးဖော်ဆပ် အောင်မြင် သွားခဲ့ပါတယ်။ ဆေးတိုက်ကျွေး မှု အောင်မြင်ပြီး အမေရိကန်မှာ နျုကလိယ ဗုံးပြီးရင် ဒုတိယ ကြောက်စရာ အကောင်းဆုံး ဘေးအန္တရယ် သတ်မှတ်ထားတဲ့ ပိုလီယို ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ပိုလီယို ရောဂါကမ္ဘာအနှံ့ ကူးဆက် ချိန်မှာလည်း သူ့ရဲ့ ဆေးကြောင့်မို့ အသက်များစွာ ကယ်တင် နိုင်ခဲ့ပါတယ်။ Jonas Salk ကို အမေရိကန် အိမ်ဖြူတော်တင်မက ကမ္ဘာ့ အဖွဲ့အစည်းများစွာက ဂုဏ်ပြု ဆုတံဆိပ်များစွာ ပေးအပ်ခဲ့ပါတယ်။ .
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)