Microsoft က ဈေးသက်သာသည့် Windows 8.1 With Bing ဟု အမည်ရသော Operating System အသစ်ကို ကြေညာ



Microsoft က ဈေးသက်ပြီး စွမ်းဆောင်ရည်နိမ့်သော Hardware များတွင် အသုံးပြုနိုင်သည့် Operating System တစ်ခုဖြစ်သော Windows 8.1 With Bing ကို ကြေညာလိုက်ပါသည်။ Windows 8.1 With Bing သည် Windows 8.1 နှင့် ကွဲပြားမှု သိပ်မရှိဘဲ အများစုမှာ တူညီကြပါသည်။ Windows 8.1 With Bing သည် ကွန်ပြူတာ ထုတ်လုပ်သူများအတွက် ဈေးသက်သာသော်လည်း ကန့်သတ်ချက်များစွာ မပါရှိဘဲ စွမ်းဆောင်ရည် ကောင်းမွန်ပါသည်။

ကွန်ပြူတာ ထုတ်လုပ်သူများကို မည်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသည်ဆိုသည်ကို မသိရသေးပါ။ Windows 8.1 With Bing တွင် Internet Explorer ၌ Bing Search Engine ကို Default အနေဖြင့် ထည့်သွင်းထားပါသည်။ Google သို့မဟုတ် အခြား Search Engine များကို ပြောင်းလဲနိုင်ပါသည်။ ကွန်ပြူတာ ထုတ်လုပ်သူများက Bing ကို Default Search Engine နေဖြင့် သတ်မှတ်ရမည် ဖြစ်သည်။ အချို့ Device များတွင် Microsoft Office ကို ကြိုတင်ထည့်သွင်းပေးထားမည် ဖြစ်သည်။ များသောအားဖြင့် တက်ဘလက်များတွင် ဖြစ်ပြီး အဆိုပါ Device များတွင် Office 365 ကို တစ်နှစ်အခမဲ့ အသုံးပြုခွင့်ရ ရှိမည် ဖြစ်သည်။

Windows 8.1 With Bing ကို ထုတ်လုပ်သူများကိုသာ ရောင်းချပေးခြင်း ဖြစ်သဖြင့် စားသုံးသူများအနေဖြင့် ၀ယ်ယူ၍မရဟု သိရပါသည်။ စားသုံးသူများအနေဖြင့် Windows 8.1 With Bing ကို ကြိုတင်ထည့်သွင်း ထားသည့် Device များကိုဝယ်ယူနိုင်မည်ဖြစ်သည်။ Windows 8.1 ၏ စွမ်းဆောင်ချက်များကို လူအများစု အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဈေးသက်သာသည့် Windows 8.1 With Bing ကို ပြုလုပ်ပေးခြင်းဖြစ်သည် ဟု Microsoft က ပြောပါသည်။ Windows 8.1 With Bing ထည့်သွင်းထားသည့် ပထမဆုံး Device များကို မကြာမီ ကြေညာမည်ဖြစ်သည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...