Google က ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို သိရှိသည့် တက်ဘလက်များကို တီထွင်နေ



Google က ကင်ရာ နှင့် Sensor များ၏ အကူအညီဖြင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို သိရှိပုံဖော်နိုင် သည့် တက်ဘလက် အလုံးရေ လေးထောင်ကို ထုတ်လုပ်ရန် စီစဉ်နေသည် ဟု The Wall Street Journal က ရေးသားထားပါသည်။ အဆိုပါ တက်ဘလက်များသည် Google Project Tango စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ တက်ဘလက်များတွင် ခုနစ်လက်မအရွယ်မျက်နှာပြင်၊ အနီအောက်ရောင်ခြည်သုံး အဆင့်မြင့် Sensors များ ၊ အနောက်ကင်မရာ နှစ်လုံး နှင့် တိကျသော သုံးဖက်မြင် ပုံရိပ်များကို ဖမ်းယူပေးနိုင်သည့် အဆင့်မြင့် ဆော့ဝဲ ပါရှိပါသည်။

Google ၏ Project Tango သည် ကမ္ဘာမြေကြီးကို ပုံဖော်နိုင်သည့် Device များကို ထုတ်လုပ်ရန် ရည်ရွယ် သည့် သုတေသန စီမံကိန်း တစ်ခု ဖြစ်ပါသည်။ Google က ဖေဖော်ဝါရီလတွင် Project Tango စီမံကိန်း ကို ကြေညာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို ပုံဖော်နိုင်သည့် စမတ်ဖုန်းကို သရုပ်ပြခဲ့ပါသည်။ စမတ်ဖုန်းတွင် 4 Megapixel Camera ၊ အနီအောက်ရောင်ခြည် Sensor နှင့် အရာဝတ္ထုများကို 3D ပုံရိပ် အဖြစ် ဖမ်းယူပေးနိုင်သည့် ကင်မရာ တပ်ဆင်ထားပါသည်။

တက်ဘလက်များကို ဇွန်လနှောင်းပိုင်းတွင် ကျင်းပမည့် Google ၏ Developer Conference မတိုင်မီ ကြေညာမည် ဟု The Wall Street Journal က သတင်းပေးထားပါသည်။ တက်ဘလက်အချို့ကို Developer များကို စမ်းသပ်အသုံးပြုခွင့်ပေးမည် ဟု သိရပါသည်။ Google က ဖေဖော်ဝါရီလတွင် Project Tango Smartphone များကို ကြေညာစဉ်ကလည်း သူတို့၏ နည်းပညာကို အသုံးပြုပြီး Apps များ တီထွင်နိုင်ရန် Company နှင့် Developer များကို စမတ်ဖုန်း အလုံးနှစ်ရာ ပေးအပ်ခဲ့ခြင်းဖြင့် အလားတူ လုပ်ဆောင်ချက်မျိုးကို ပြုလုပ်ခဲ့ပါသည်။ စမတ်ဖုန်းရရှိခဲ့သည့် အဖွဲ့အစည်းများထဲတွင် နာဆာလည်း ပါဝင် ပါသည်။ နာဆာက နိုင်ငံတကာအာကာသစခန်းတွင် အလုပ်လုပ်နိုင်သည့် ဘောလုံး အရွယ် စက်ရုပ်များ တွင် Project Tango ၏ Sensor များထည့်သွင်းခြင်းဖြင့် Google နှင့် ပူးပေါင်း အလုပ်လုပ်နေပါသည်။

Project Tango Smartphone ၏ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုတွင် ကြည့်နိုင်ပါသည်။



သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...