ယူကေနိုင်ငံ Nottingham School of Social Sciences ၏ မာစတာဘွဲ့ ပညာသင်ဆုစီမံချက် ၂၀၁၄



Nottingham School of Social Sciences မှအများနှင့် ယှဉ်ပြိုင်ရမည့်မာစတာဘွဲ့ ပညာသင်ဆုကို ကမ်းလှမ်းထားပြီး ရရှိခဲ့ပါက အမြင့်ဆုံး Tuition Fee တစ်ဝက်ထိ လျှော့ပေးသွားမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့်မာစတာဘွဲ့ သင်တန်းများ အတွက် ကျောင်းတက်ရောက်ရန် ကမ်းလှမ်းခံထားရသည့် ကျောင်းသားများသာယခု ပညာသင်ဆုကို လျှောက်ထားနိုင်မည်။ Tution fee လျှော့ချပေးမည့် ပညာသင်ဆုဖြစ်ပြီး စိတ်ပညာအသုံးချ ကလေးစိတ်ပညာ ဘာသာရပ်၊ မှုခင်းဆေး ပညာဆိုင်ရာ စိတ်ပညာဘာသာရပ်၊ နိုင်ငံရေး နိုင်ငံတကာ ဆက်ဆံရေးပညာရပ်၊ လူမှုဗေဒ၊ မှုခင်းနှင့် ပြစ်မှုဆိုင်ရာ လေ့လာမှု ဘာသာရပ်၊ ပြည်သူ့ကျန်းမာရေး ဘာသာရပ်များကို Nottingham Trent University တွင်လေ့လာရမည်ဖြစ်သည်။

အလုပ်ရှင်မှ ထောက်ပံ့ပေးသော ပညာသင်ဆု လက်ခံထားသူများ လျှောက်ထားရန် မလိုအပ်ပေ။ လျှောက် ထားသူ၏ တက္ကသိုလ်ပညာရည်အဆင့်သည် ယူကေနိုင်ငံ တက္ကသိုလ်ဂုဏ်ထူးတန်း ပညာရည်အဆင့်နှင့် ညီမျှမှုရှိရမည်ဖြစ်သည်။ ဘွဲ့ရကြောင်း အထောက်အထားများကို လျှောက်ထားသူများအနေဖြင့် တင်ပြရန် လိုအပ်သည်။ ဘွဲ့လွန်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားပြီး သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီကာ လျှောက်ထားသူကလည်း လက်ခံမှသာ အဆိုပါပညာသင်ဆုကို ချီးမြှင့်ခြင်းခံရ မည်ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် ပညာသင်နှစ်အတွင်း ကြိုးပမ်းခဲ့မှုများ၊ ရွေးချယ်မှုစံသတ်မှတ်ချက်များကို အခြေခံ၍ပညာသင်နှစ်အတွင်း ကြိုးပမ်းခဲ့မှုများ၊ ရွေးချယ်မှုစံသတ်မှတ်ချက်များကို အခြေခံ၍ရွေးချယ်သွား မည်ဖြစ်သည်။ လျှောက်လွှာနောက်ဆုံး တင်ရမည့်ရက်မှာ နိုင်ငံတကာကျောင်းသားများအတွက် ၂၀၁၄ ဇွန်လ ၃၀ ရက်ဖြစ်ပြီး ယူကေနှင့်အီးယူ ကျောင်းသားများအတွက် ၂၀၁၄ ဇူလိုင် ၃၀ နောက်ဆုံး ထား လျှောက်ထားနိုင်မည်။

ပညာသင်ဆုနှင့် ပတ်သက်၍ စုံစမ်းနိုင်မည့်လိပ်စာ

http://www.scholoar ship-positions.com

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၉)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...