ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ (၃ ) Photo Clinic (3)

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်း များမှာ ဓါတ်ပုံပညာရှင်များနှင့် Phpto Editor များဖြစ်ကြသည့် John Cosgrove, Rakesh Nawarni, Chris Yap နှင့် Kath Cosgrove တို့ဖြစ်ကြပါသည်။ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြု ချက် တောင်းခံထား သော ဓါတ်ပုံများ အပေါ် ဝေဘန်အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထား သည့် ဆောင်းပါးများမှ အပိုင်းအလိုက် ကောက်နှုတ်ကာ ဆီလျှော် သကဲ့သို့ ဘာသာ ပြန်ထားခြင်း ဖြစ်ပါ သည်။

ဓါတ်ပုံနှင့်ပတ်သက်သည့် ဝေဘန် အကြံပြုချက်ကိုသာ ဖေါ်ပြခြင်း ဖြစ်သော ကြောင့် ဓါတ်ပုံ ရှင်၏ အမည်နှင့် ဝေဘန်အကြံပြုသည့် ဓါတ်ပုံပညာရှင် တို့၏ အမည်များကို အတိအကျ ဖေါ်ပြခြင်း မပြုတော့ပါ။ ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။

Horseshoe Bend

Nikon D 70, Lens- 18-70mm AF S DX ,
Using a Heliopan 67mm Circular Polarizer,
Speed 1/125, F-11
Focal Length 50mm.

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အရောင်များ အံ့ဘွယ် ကောင်းလောက်အောင် လှပ ပေသည်။
၂။ Framming ကို အကောင်းဆုံး လုပ်ထား နိုင်သည်။
၃။ ဓါတ်ပုံ ၏ Composition ကို ကောင်းမွန်စွာ ဖွဲ့ စည်း နိုင်သည်။

အကြံပြု ချက်
အချို့အနေနှင့် ဤပုံသည် Polarize များလွန်းသည်ဟု မြင်နိုင်သော်လည်း သုံးသပ်သူ၏ အမြင်မှာမူ ပုံ၏ အရောင်များမှာ လှပကောင်းမွန်သည့် အရောင် စပ် ဖြစ်သည်။ အနီရောင် ကျောက် တောင်တန်းများ က မြစိမ်းရောင် ရေ စီင်္းချောင်း ကို လှပစွာ Frame လုပ်ထားပေးသည်။ ကြည့် သူ ၏ အာရုံ ကို Center of Interest ဆီ သို့ ထိရောက်စွာပို့ ပေး နိုင်သည်။ Harsh Day Light တွင် ရိုက်သည့်ပုံ ဖြစ်စေကာ မူ Depth of Field အကောင်းဆုံး ယူထားနိုင်ပြီး အရိပ်ကျသော နေရာများတွင် အသေးစိတ် ကလေးများ ပေါ်လွင်နေသည့် ပုံ ဖြစ် သည်။ အထိရောက်ဆုံး Composition ရှိသော ပုံ ဖြစ်သည်။ Visual Impact အရှိဆုံး သော ထိပ်တန်း ပုံ တစ်ပုံဖြစ်သည်။

Prayers

Nikon D 50,
Speed 1/125,
ISO 1600

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ Exposure အလွန်ကောင်းသည့် ပုံဖြစ်သည်။
၂။ Warmth Light ကို အကောင်းဆုံး အသုံးချထားသည်။
၃။ အချဉ်းနှီး ဖြစ် နေသည့် နေရာများ ( Wasted Areas ) ကို သတိထားသင့် သည်။

အကြံပြု ချက်
အလင်းရောင်နည်းသည့်အချိန်တွင် အကောင်းဆုံး Exposure နှင့် အသေးစိတ် လေးများ ပေါ်လွင်အောင် ရိုက်ပြ နိုင်သည်။ ရရှိထားသည့် Warmth Light ကို အကောင်း ဆုံး အသုံး ချထားကာ ကြည့်သူ၏ အာရုံကို Direction of Light အတိုင်း ဆွဲခေါ်သွားနိုင်သည်။ ရှိနေသည့် မူလ အလင်းရောင် နှင့် ရိုက်ထား သောကြောင့် ပုံ၏ အား ကောင်းသည်။ Flash နှင့် ရိုက်မည်ဆိုပါက ဤ ပုံ ပျက်သွားမည်။ ပုံအထက် သုံး ပုံ တစ်ပုံ ရှိ အမဲ ကွက်ကြီးသည် Wasted Area ဖြစ်နေသည်။ အထက်စီးက ရိုက်မည် ဆိုလျှင် ထို အမဲနေရာ ( Balck Area ) လျှော့ သွား နိုင်သည်။ သို့ မဟုတ် အမဲ ရောင် ဧရိယာ လျှော့ သွားစေရန် Crop ကို ယခုထက်ပို ၍ ချုံ့ ကာ Tight Crop လုပ်သင့်သည်။

People at Work

Nikon D 70

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ စိတ်ဝင်စား ဘွယ်ကောင်းသည့် Subject ဖြစ်သည်။
၂။ အားလုံး ရှုပ်ထွေးနေသည်။
၃။ ပုံ ကို ပြန်လည် ဖွဲ့ စည်း သင့်သည်။ ( Needs to be recomposed. )

အကြံပြု ချက်
စိတ်ဝင်စားဘွယ် ကောင်းသည့် ပုံတစ်ပုံ ဖြစ်သည်။ သို့သော် ပစ္စည်းများနှင့် အတော် ရှုပ်ပွနေသည့် ပုံ ဖြစ်သည်။ Subject ၏အောက်ခြေ က ရိုက်သည့် Angle ကို မူ သဘော ကျသည်။ ပုံ ရှိ ပစ္စည်း များစွာ ကို ကြည့်ခြင်း ဖြင့် ဆိုင်သည် မည်သို့ သော ဆိုင် ဖြစ်မည်ကို သိသာစေသော်လည်း Foreground ရှုပ်ထွေးနေသည်။ Subject ကို စကား စမြီ ပြောပြီး ပစ္စည်းများအနက် ရိုက်ကွက်တွင် အမြင်အာရုံကို အနှောက်အယှက် ဖြစ်စေ မည့် ပစ္စည်းအချို့ကို ရွှေ့ကာ ရိုက်ကွက် ကို စိတ်ကြိုက် ဖြစ်အောင် Creative Framing လုပ်ပြီး မှ ရိုက်သင့်သည်။

Flower

Panasonic DMC SZ 5,
ISO 100,
Speed 1/50, F- 3.2

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ကောင်းစွာ ပေါ်လွင် သည့် ပုံ ဖြစ်သည်။ ( Well Exposed)
၂။ အမြင်အာရုံ ကို ဖမ်းစား နိုင်သည့် Center of Interest မရှိ။
၃။ နောက်ခံ Background လွန်စွာ ရှုပ်ထွေး နေသည်။

အကြံပြု ချက်
ပုံကို ကာင်းစွာပေါ်လွင်အောင် ရိုက်နိုင်စေကာမူ Point of Focus မရှိဘဲ ပျောက်နေ သည်။ ပန်း၏ မည်သည် အလှအား ပြလိုသည်ကို မသိ ဖြစ်နေသည်။ ရိုက် သူအနေနှင့် အာရုံ ကို ဆွဲ ဆောင် နိုင်မည့် ပန်း ၏ အရောင် ၊ ပုံ သဏ္ဍာန်၊ Pattern တို့ ကို ပေါ် အောင် ပြရန် လိုသည်။

Lime Butterfly

Nikon D 2 X
105 Macro Lens

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ များစွာ ကောင်းမွန် သည့် ရိုက်ချက် ဖြစ်သည်။ ( Great Shot )
၂။ Rule of Thirds ကို ကောင်းစွား အသုံးချ ထားသည်။
၃။ အရောင်ကို အကောင်း ဆုံး အသုံး ချထားသည်။ (Excellent use of Colour. )

အကြံပြု ချက်
စိတ်ဝင်စားဘွယ်ရာ အကောင်းဆုံး နှင့် အရောင်အလှပ ဆုံး ချယ်မှုန်း ထားသော ပုံ ဖြစ်သည်။ သို့ ရာတွင် ပိုးအိမ် ( Chrysalis ) အပင်တွင် ကပ်နေသည့် ပုံ မှာ အနည်းငယ် သဘာဝ မကျ သလို ဖြစ်နေသည်ကို သတိထားမိသည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...