ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ (၄ ) Photo Clinic (4)
ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်း များမှာ ဓါတ်ပုံ ပညာရှင်များနှင့် Phpto Editor များဖြစ်ကြသည့် John Cosgrove, Rakesh Nawarni, Chris Yap နှင့် Kath Cosgrove တို့ဖြစ်ကြပါသည်။ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြုချက် တောင်းခံ ထား သော ဓါတ်ပုံများ အပေါ် ဝေဘန်အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထားသည့် ဆောင်းပါး များမှ အပိုင်းအလိုက် ကောက်နှုတ်ကာ ဆီလျှော် သကဲ့သို့ ဘာသာ ပြန်ထားခြင်း ဖြစ်ပါသည်။
ဓါတ်ပုံနှင့်ပတ်သက်သည့် ဝေဘန် အကြံပြုချက်ကိုသာ ဖေါ်ပြခြင်း ဖြစ်သော ကြောင့် ဓါတ်ပုံ ရှင်၏ အမည်နှင့် ဝေဘန်အကြံပြုသည့် ဓါတ်ပုံပညာရှင် တို့၏ အမည်များကို အတိအကျ ဖေါ်ပြခြင်း မပြုတော့ပါ။ ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။
Sunset at Jeju
Nikon D 70
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ( Scene ) ကိုမြင်တတ်သည်။
၂။ Horizon Line ကို အောက်ချ ကာ Composition ကို ပြန်လည်ဖွဲ့ စည်းရန် လိုသည်။ ( ယခုပုံ၏ Horizon Line မှာ ပုံ၏ အလယ်ခေါင်တဲ့တဲ့ လောက်တွင် ရောက်နေသည်။ )
၃။ ပုံ၏ White Balance ကို သတိထားပါ။ ဤ ပုံ၏ White Balance သည် နေ၀င်ချိန် နှင့် လိုက်လျှောမှု မရှိသည့် အလွန် အေးသော (Too Cold ဖြစ်သည့် ) အရောင်ဖြစ်နေသည်။
အကြံပြု ချက်
ပုံ၏ ရေပြင်ညီ လိုင်း Horizon Line သည် ပုံ၏ အလယ် တဲ့တဲ့ တွင် ရှိနေသည့် အတွက် ပုံကို နှစ်ပိုင်း ခွဲထားသကဲ့သို့ ဖြစ်နေသည်။ ကောင်းကင် ကိုဖြစ်စေ ရေပြင် ကို ဖြစ်စေ အားနည်းသည်ဟု ထင်သည့်အ ပိုင်းကိုလျှော့ကာ ပြန်လည် Recompose လုပ်သင့် သည်။ အခြားအချက် တစ်ချက်မှာ နေထွက်ချိန် ၊ နေ၀င်ချိန်တို့ ၏ အရောင်မှာ ယေဘူယျ အား ဖြင့် Warm Colour ဖြစ်သည်။ ယခု အရောင်မှာ များစွာ ၏အေး သည့် Cold Colour ဖြစ်နေသည်။ White Balance ကို ပြန် စစ်ဆေး သင့်သည်။
Bondi Beach
Canon Power Shot A 70 d Compact Camera.
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အလွန်ကောင်းမွန်သည့် ရိုက်ကူးတင်ပြ မှု ဖြစ်သည်။
၂။ ဓါတ်ပုံ ရိုက်သူသည် အရေးကြီးသည့် အသေးစိတ်ကလေး များကို မြင်တတ် သည်။
၃။ အရောင် နှင့် Framing အလွန်ကောင်းမွန်သည်။
အကြံပြု ချက်
Canon Powershot Compact ကင်မရာ နှင့် ဤ ကဲ့သို့ ကောင်းမွန်သည့် ပုံ ရိုက်ကူး နိုင် သည်ကို ချီးကျူးမိသည်။ ဤသည်မှာ ပုံကောင်းများကို လည်း Compact ကဲ့သို့ ကင် မရာမျိုး နှင့် ရိုက် နိုင်သည်ကို သက်သေပြသည့် ပုံ ကောင်း တစ်ပုံ ဖြစ် သည်။
Lines
Canon Power shot A 75
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ Graphical Elements ကို ကောင်းစွာ အသုံးချ သွား နိုင်သည်။
၂။ Center of Interest ကိုထည့်သွင်းဖေါ်ပြရန် သို့ မဟုတ် မည်သည့် အကြောင်းကြောင့် ဤ ပုံကို ရိုက်သည် ဆိုသည့် အကြောင်းပြချက် ပေါ်စေရန် လိုသည်။
၃။ ရှုတ်ထွေးနေသည့် နောက်ခံ Background သည် ပုံကို အနှောက်အယှက်ပေး နေသည့် အတွက် ဖယ်ရှားသင့်သည်။
အကြံပြု ချက်
တွဲလျှက် ပုံ နှစ်ပုံ အနက် ပထမ Sun Set ပုံသည် လှပသော အရောင် များ ဖြင့် ဖွဲ့စည်း ထားစေကာမူ ပုံတွင် အာရုံကိုဆွဲဆောင်စေ နိုင်လောက်သည့် Strong Center of Interest မရှိဖြစ်နေသည်။ ၀င်နေ သည့် နေလုံးက အခြားပြလိုသည့် အသေးစိတ် Details များကို ဆွဲ ဖယ် ထုတ် လိုက်သလို ဖြစ်နေသည်။ ဓါတ်ပုံ ၏ရဿ ကို ဖေါ်ဆောင်ရန်အတွက် Serious ရိုက်ရာတွင် Sensor ထဲ ထင်ခြင်ရာထင် ပုံထွက် ရင်ပြီးရော ဆိုသည့်သဘောနှင့် မရိုက် သင့်ပါ။ View Finder ထဲမှ ကြည့်စဉ်ထည်းက မည်သည့်အရာကို ရိုက်မည် (ပြလိုသည်) ကို ဆုံးဖြတ်ပြီးမှ ထိုအရာကို အမိ အရ ဖမ်းကာ ရိုက်ရန်လိုပါသည်။ ထို အရာ (Subject ) သည် Center of Interest ဖြစ်လာရပါမည်။
အဖြူ အမဲ ပုံတွင် Fine Features များစွာ ပါနေသည်ကို တွေ့ ရသည်။ Strong Graphical Elements များဖြင့်ဖွဲ့ စည်းထားသည့် သစ်ပင်တန်း၊ ယင်း အကြားရှိ လှေခါး ထစ်များ ၊ လှေကားထစ်များအတိုင်း အထက်သို့ တက်နေသည့် လူ စသည့် Framing သည် များစွာ ကောင်းမွန်ကာ စိတ်ဝင်စားဘွယ် လည်း ကောင်းသည်။
Drummer Boy
Canon 1 D MKII
Speed 1/800, f-4, ISO-100,
Focal Length-135mm
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ အလွန်ကောင်းမွန်သည့် ရိုက်ချက်ဖြစ်သည်။
၂။ အထူးသဖြင့် Subject ၏ မျက်လုံး Expression သည် လွန်စွာ နှစ်လိုဘွယ်ရာ ဖြစ်သည်။
၃။ Framing အလွန်ကောင်းသည်။
အကြံပြု ချက်
ရိုက်ကွက်ကို မြင်တတ်ပြီး လိုအပ်သည့် နေရာကို အတိအကျ Focus ဖြတ်ကာ ပုံကို ပေါ်လွင်အောင် ဆောင်ရွက် နိုငသည်။ အဓိက အား ဖြင့် ဤပုံ၏ Strong Lines နှင့် Drum Sticks ကိုစူးစိုက် ကြည့်နေသည့် ခလေး၏ မျက်လုံး Expression တို့သည် ဤပုံကို ဖမ်းစားထားသည်။ အကယ်၍ ခလေး၏ မျက်လုံး အထက်သို့ အနည်း ငယ် ပင့် ကြည့် လိုက်လျှင် ပိုကောင်းမည် ဟု ထင်သည်။
Simon
Nikon D 200 with 70-200mm Lens,
ISO 250
ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ နောက်ခံ Background ရှုပ်ထွေးနေသည်။
၂။ ဤပုံ ကို ဒေါင်လိုက် Vertical ရိုက်သင့်သည်။
၃။ ကောင်းမွန်သည့် ရိုက်ချက် ဖြစ်သည်။
အကြံပြု ချက်
ကောင်းစွာပေါ်လွင် ပြတ်သား အောင် ရိုက်ကူးထားသည့် ပုံ ဖြစ်သည်။ Subject’s Action ကို ပြလိုသည် မှာလည်း ပေါ်လွင်သည်။ သို့ ရာတွင် ခလေး ချီ ထားသည့် အမျိုးသမီး နှင့် ခလေး တို့ ခဏတာ ပျာ်ရွှင် နေသည့် Moment ကိုဘာကြောင့် ရိုက် ရ သည် ဆိုသည့် Reason ပျောက် နေသည်။ သို့ရာတွင်မူ အလွန်ကောင်း သည့် အမှတ်တရ Memory Shot လေး ဖြစ်သည်။ ဤ ပုံကို Vertical ရိုက်ပါက ပိုကောင်းသည်။ အထူးသဖြင့် နောက်ခံ ရှုတ်ထွေးနေခြင်းက ပုံ၏အားကို လျှော့စေသည်။ ထိုအချက်များမှ အပ ဤ ပုံသည် ပုံကောင်း တစ်ပုံ ဖြစ်သည်။
Credit: ဆရာဦးစိုးလှိုင် (Country Road)

.jpg)