လူပုံများကို လုအုပ်ကြားထဲ ရိုက်ကူးခြင်း - Portraits of People
စကားဦး
ကျွန်တော်၏ ယခင်မှတ်စုများတွင် Portrait ရိုက်ကူး ခြင်းများ အကြောင်း ရေးခဲ့ပါသည်။ အဆိုပါ မှတ်စုများ မှာ Portrait ရိုက်ကူး ခြင်းဆိုင်ရာ ဆောင်းပါးများကို စုကာ ဟိုနည်းနည်းသည် နည်းနည်းစု၍ ဘာသာပြန် ခဲ့ ခြင်း ဖြစ်ပါသည်။
ယခု အကြိမ်တွင်မူ ကျွန်တော် စု ဆောင်းထားသည့် Photo and Video မဂ္ဂဇင်းတွင် Portrait ရိုက်နည်း အတွက် လက်တွေ့အသုံးဝင်နိုင်မည့် Photo Clinic ၏ အကဲဖြတ် ဓါတ်ပုံပညာရှင် John Cosgrove ရေး သား ထားသည့် Portraits of People ဆောင်းပါးကို ဘာသာ ပြန် ဖေါ်ပြခြင်း ဖြစ်ပါသည်။
Portrait Photography ဆိုသည်မှာ ယခင် မှတ်စုများတွင် ဖေါ် ပြပြီး သကဲ့သို့ လူပုံတင်မဟုတ်မူဘဲ Subject တစ်ခုခုကို အထူးပြု ရိုက်ကူးခြင်း ဖြစ်ပါသည်။ အဆောက် အဦ၊ သစ်ပင် ၊ တိရိစ္ဆာန် စသည်တို့ အားလုံးကို အလေးပေး ဖေါ်ပြ ရိုက်ကူးခြင်း များသည်လည်း Portrait ပင် ဖြစ်ပါသည်။
ယခု ဖေါ်ပြမည့် John Cosgrove ရေးသားထားသည့် Portraits of People ဆောင်းပါးမှာမူ Street Photography သဘောမျိုး လူများအကြား လူပုံ ( Portrait) များ ရိုက်ကူးရာတွင်များစွာ သိသင့်သိထိုက် သည့်အချက်များ၊ လိုက်နာသင့်သည့် အချက်များ ဖေါ်ပြထားသည်ကို တွေ့ ရပါသည်။ ဘာသာပြန်ရာ ၌ မြန်မာဘာသာဖြင့် ဖတ်ရာတွင် စာချော စေရန်အတွက် ဖြည့်၍ သော်လည်း ကောင်း၊ ဖြေ ၍သော်လ ည်း ကောင်း ဘာသာ ပြန် ထားပါသည်။
နမူ နာပုံများမှာမူ အဆိုပါ ဆောင်းပါးတွင် ပါရှိသည့် Lawrence Ripsher နှင့် Aliec Ee တို့၏ ပုံ များ ကို ပြန်လည် ကူးယူ ဖေါ်ပြထား ခြင်း ဖြစ်ပါသည်။ ပုံများမှာ စာအုပ်မှတစ်ဆင့် ကူးယူ ဖေါ် ပြသည့် ပုံ များ ဖြစ်သည့်အတွက် မူယင်းပုံများ၏ အရည် အသွေးမဟုတ် ကြောင်း ဖေါ် ပြအပ်ပါသည်။ အောက် တွင် ဖေါ်ပြ မည့် အကြောင်အရာတွင် သုံးနှုံးထားသည့် “ ကျွန်တော် “ ဆိုသည်မှာ မူရင်း ဆောင်းပါးရှင် John Cosgrove ကို ကိုယ်စား ပြုပါသည်။
Portrait of the People.
ပြင်သစ် အမျိုး သမီးဓါတ်ပုံ ပညာရှင် တစ်ဦးက “ ကျွန်မ က လူတွေ ရဲ့ Portrait ရိုက်ရတာကို အလွန် သဘောကျ ပါတယ်။ အကြောင်းကတော့ ကျွန် မကို လူတွေနဲ့ ထိတွေ့ ခွင့်ပေးပြီး ပြောဆို ဆွေးနွေး ခွင့် ရစေတဲ့ အတွက် သူတို့ရဲ့ သဘာဝ နဲ့ ယဉ်ကျေး မှု ကို သိခွင့် ရလို့ ပါဘဲ “ ဟုကျွန်တော့ အား ဟု ပြောခဲ့ ဘူးပါသည်။
အဆိုပါ အမျိုး သမီး ဆိုလိုသည်မှာ လူများ ၏ ရုပ်ပုံ လွှာ ( Portrait) ကို ရိုက် ကူးရာ၌ လည်ပင်း တွင် 70-200mm, f-2.8 Lens ကြီးဆွဲကာ လမ်းတကာ လျှောက် ၊ တွေ့ တဲ့ လူ ကို ဖြစ်သလို ထိုးရိုက် သော နည်း မဟုတ်သည် ကို ဆို လို ခြင်း ဖြစ်ပါသည်။ Portrait ရိုက်ကူး ခြင်း ခြင်း သည် လူ များနှင့် ထိတွေ့ ဆက်ဆံ ပြော ဆိုကာ ၄င်းတို့ ၏ တဒင်္ဂ အတွင်း ပေါ် ထွက် လာသည့် ၄င်းတို့၏ ခံစား မှု သရုပ် Expression ကို ဖမ်း ယူ ရသည့် ရိုက် ကူး နည်း ဖြစ်သဖြင့် ဓါတ်ပုံ ရိုက်ကူး နည်း ၌ အတော် ခက်ခဲသည့် နည်းတွင်လည်းပါဝင်ပါသည်။
ယခု ရိုက်နည်းသည် Street Photography နှင့် နှီးနွယ်နေသော်လည်း ကွာခြားမှု များရှိပါသည်။ Street Photography မှာမူ လမ်းပေါ်၌ တွေ့သည်များကို Subject မသိအောင် ရိုက်သည်က များသည့် ရိုက်နည်း ဖြစ်ပါသည်။ ယခု နည်းက Target Subject ကို ရွေးချယ်ကာ မိတ်ဖွဲ့ စည်းရုံး၍ တတ်စွမ်း နိုင်သမျှ မိမိ လိုအပ်သည့် ခြေအနေ တစ်ရပ်ကို ဖန်တည်း၍ ရိုက်ကူးသည့် နည်း ဖြစ်ပါသည်။
ဤ ရိုက်ကူးနည်းသည် လူများ နှင့် ထိတွေ့ ဆက်ဆံကာ ယင်းတို့၏ ဘ၀ နှင့် သဘာဝကို ဖြစ်သည့် နည်း နှင့် ရအောင် ရိုက်ကူးရ သော နည်း ဖြစ်သောကြောင့် ရှက်တတ်သည့် သဘာဝ အခြေခံ ရှိသူများ နှင့် လိုက်လျှော မှု မရှိသည့် နည်းလည်း ဖြစ်ပါသည်။
အထက်ပါပုံကို တံခါး ဘောင်ဖြင့် ဘောင်ခတ် (frame) ထားပါသည်။ ပုံတွင် Subject ၏ ခံစားမှု အသွင် အပြင်( Expression) ကို သူ၏ မျက်နှာတွင် သိသာစွာ မြင်နိုင်ပါသည်။
ရှက်တတ် ကြောက်တတ် သူတစ်ဦး အနေနှင့်မူ အဆိုပါလူများ နှင့် ရောနှော ထိတွေ့ကာ ၄င်းတို့၏ ရင်းနှီးမှု ကို တခဏအတွင်း ရယူ၍ ရိုက်ကူး ရေးအတွက် ၄င်းတို့ ကိုယ် နှိုက် ကိုယ်က တွန့် ဆုတ် နေ တတ်သည်။ ထို့ ကြောင့် ရှေး ရိုး ပုံ စံ ဖြစ်သည့် လူစည်ကား သည့် ဈေးကဲ့ သို့ နေရာ မျိုး တွင် Subject မသိ အောင်သူ တို့ ၏ Tele-Zoom Lens ဖြင့် ဆိုင်အရိပ်ကို ခိုကာ Subject မသိအောင် ရိုက်သည့် ( Sneaking ) နည်း ထဲ တွင်ပင် တစ်ဝဲ လယ်လယ် ဖြစ်နေ တတ်ပါသည်။
ကျွန်တော် အကြံပေးလိုသည်က အပြင်ထွက်ပါ ၊ မိမိ ရိုက်ကူးလိုသူကို စကားစမြီ ပြောပါ၊ မိတ်ဖွဲ့ပါ၊ ဓါတ်ပုံ ရိုက်နိုင်သည့် အနေအထားတစ်ရပ် ရသည့်အထိ ချဉ်းကပ်ပါ။ အဆိုပါ အခြေအနေက အလွန်ကောင်းမွန် သည့် Expression များ ဖြင့် ပြည့် တင်းနေသော Portrait များ ရနိုင် ပါလိမ့်မည်။
အထက်ပါပုံကို တံခါး ဘောင်ဖြင့် ဘောင်ခတ် (frame) ထားပါသည်။ အဆိုပါပုံတွင်လည်း အလားတူ ပင် Subject ၏ ခံစားမှု အသွင် အပြင် ( Expression) ကို သူ၏မျက်နှာတွင် သိသာစွာ မြင်နိုင်ပါသည်။
စိတ်ဝင်စားဘွယ်ရာကောင်း သည့် Portrait တစ်ခု ဖန်တည်း နိုင်ရေးအတွက် အလွန်အရေးကြီးသည့် အချက် နှစ်ရပ် ရှိပါသည်။ ယင်းတို့မှာ-
၁- Light ( အလင်း)၊ နှင့်
၂- Expression (ခံစား မှု မျက် နှာ အသွင်အပြင်) တို့ ဖြစ်ကြပါသည်။
Light
မိမိ၏ Subject ပေါ်သို့ ကျရောက်သည့် Light သည် ပုံအား မည်ကဲ့သို့ Effect ပေး နိုင်သည်ကို သိရှိမှု သည် Portrait ရိုက်ကူးရာတွင် ထူးခြားသည့်၊ တစ်နည်းအား ဖြင့် ကြည့်သူ၏ စိတ်အတွင်း စမ့်ဝင်သွား နိုင်စေမည့် ပုံမျိုး ရနိုင် စေပါသည်။ မိမိပုံအတွက် အထောက်အပံ့ ဖြစ်စေမည့် Lighting မျိုးကို ရှာရပါ မည်၊ စောင့်ရပါမည်။ တတ်နိုင်လျှင် ဖန်တည်းရပါမည်။
အထက်ပါပုံမှာ Portrait ရိုက်ရာတွင် အများသုံးကြသည့် Soft Light ပုံ ဖြစ်ပါသည်။
National Geographic မဂ္ဂဇင်း အတွက် Portrait ရိုက်ကူးပေးနေသည့် Steve McCurry က ၄င်း Portrait ရိုက်နည်း၏ အဓိကအချက် မှာ “ Controlling the Light and the Subject’s Expression “ တို့ သာ ဖြစ်သည်ဟု ကျွန်တော့အား တစ်ချိန်က ပြောခဲ့ဘူးပါသည်။
Subject ၏ လှုပ်ရှားမှု နှင့် Expression ပေါင်းစပ်ထားသည့် ပုံ။
Steve McCurry ၏ နည်းမှာ ပထမ ၄င်းရိုက်မည့် Subject ကို ရွေးချယ်လိုက်ပါသည်။ ယင်းနောက် မိတ် ဖွဲ့ပါသည်။ ဆက်ဆံ ရေး ရရှိချိန်တွင် သူ့ အား အလင်းရောင် ကွာဟချက်များသည့် Harsh Light အောက် မှ အနီးရှိ အမိုးအကာ တစ်ခုခု အောက် သို့မဟုတ် အလင်းရောင် ပြေသည် လမ်း မျှောင် ကဲ့သို့ နေရာ မျိုးသို့ ရွှေ့ကာ နေရာ ယူ စေလိုက်ပါသည်။ ဤ သို့ ဖြင့် Steve McCurry သည် Light and Colour ကို သူ့ လိုသည့် က်သို့ ဆွဲယူလိုက်ပါသည်။ လမ်း မျှောင်ကဲ့သို့ နေရာရှိ ပကတိ အလင်းရောင် ( Ambient ) သည် အလွန်ညက် ကာ (Diffuse) ပျော့ ပြောင်းသည့် အတွက် အလင်းရောင် ကြောင့် ဖြစ်ပေါ် လာသော ပုံ ကို အားလျှော့စေသည့် အနှောက်အယှက် ( Light Distraction) မှ ကင်းစေပါသည်။ ၄င်းအပြင် နောက် ခံသည် Subject နှင့် ဝေးသွားသည့်အတွက် Background Distraction လည်း လျှော့သွားပြီး Shallow Depth of Field လည်း ရစေနိုင် ပါသည်။ နောက်ပိုင်းတွင်မူ ပုံကို ထုံထိုင်းမှု မရှိစေဘဲ ကြည့်သူ၏ စိတ်ကို ဆွဲ ဆောင်နိုင်မည့် အရောင် ( Colour) ကို ဖန်တည်းပါသည် ဟု Steve McCurry က ကျွန်တော့ အား ဟု ပြောခဲ့ဘူးပါသည်။
ပြူတင်းပေါက်မှ ၀င်လာသည့် Diffused Light နှင့် မိုးအုံ့ နေသည့် အချိန် ကောင်းကင် ယံ မှ ကျ လာသည့် အလင်းရောင်များသည် Non Directional ဟု ခေါ်သည့် ပြေပြစ် ညက်ညော သော အလင်း များဖြစ်ကြ၍ လူ ပုံ ရိုက်ကူးရာတွင် သဘာဝ Soft Light ကို ပေးသော Light Source များ ဖြစ်ကြ သည့်အတွက် အလွန် ကောင်း မွန်သည့် Portrait များ ရနိုင်ပါသည်။
နံနက် ၉ နာရီနောက် ပိုင်း ရှိ သဘာဝ အလင်းရောင် သည် Harsh Light ဖြစ်သောကြောင့် Portrait ရိုက်ကူးရ ခက် သည့် အလင်းရောင် ဖြစ်ပါသည်။ သို့ ရာတွင် အပျော် သဘော Fun Photo အဖြစ်မျိုး တော့ ရိုက်ကူး နိုင်ပါသည်။ Golden Hour ဟုခေါ်သည် ညနေ နေကျ ချိန်သည် ရှု ခင်း ရိုက်ခြင်း သာ မက Portrait ရိုက် ၍လည်း ကောင်း သည့် အချိန် ဖြစ်ပါသည်။ Harsh Light သည် Portrait ၏ Deep Shadow နှင့် Special Highlight များ လို သည့် အချိန် တွင်သာ ကောင်းပါ သည်။
သို့ ရာတွင် မွန်းလွဲ ကျော် ပိုင်း နှင့် ညနေခင်း ပိုင်း ( Late Afternoon and Evening ) အချိန်များ ၏ Harsh Light များ မှာ မူ အလွန်လှပသည့် Side Lighting နှင့် Depth ကို ပေးပါသည်။ မျက် နှာပေါ် တွင် အရိပ် တစ်စောင်းကျနေသည့် အနေ အထားမျိုး တွင် Subject face အား သွယ် လျှသော အနေအထားမျိုး ကို ရစေပါသည်။ Side Lighting သည် Studio များတွင် လည်း သုံးလေ့ သုံးထ ရှိသော အလင်းရောင် မျိုး ဖြစ်ပါသည်။
မိမိ ၏ Subject ၏ ပုံသည် နောက်ခံ ( Background) မှ ကြွ လာစေမည့် နည်းမှာမူ Back Lighting ပင် ဖြစ်ပါသည်။ Back Lighting ရိုက်ရာတွင် ဓါတ်ပုံ၏ ဥပဒေသ တစ်ခုဖြစ် သော အလင်းကို ရိုက်သူ ၏ ကြောဘက်မှာ ရှိပါစေ ဆိုသည့်အချက်ကို ပြောင်း ပြန်လှန်ကာ အလင်းကို Subject ၏ နောက်တွင် ထားကာ ရိုက်ရပါမည်။ Subject ကို နေရောင် ကြော ပေးကာ Subject ပေါ်သို့ ရောင်ပြန်ပြား (Reflector) ဖြင့် လည်းကောင်း Flash ဖြင့် လိုအပ် အလောက် အလင်းဖြည့် (Fill ) ပေးခြင်းဖြင့် လည်းကောင်း ပုံကို နောက်ခံမှ ကြွ တက်လာအောင် ဆောင်ရွက် နိုင်ပါသည်။ ထိုသို့ ဖြင့် Subject သည် Harsh အလင်းရောင်အောက်တွင် စူးစူးရဲရဲ ပုံ ဖြစ်ခြင်းမှ ကာကွယ် နိုင်သည့် နည်း ဖြစ်ပါသည်။
Expression
Portrait ရိုက် သည့် နေရာတွင် Golden Rule တစ်ခုမှာ “ Subject ကို စကားပြောပါ “ ဆိုသည့်အချက် ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ Subject ၏ Expression တစ်ခုကို ရ အောင် ယူပါ ဆိုသည့် အချက် ပင် ဖြစ်ပါသည်။ အဆိုပါ Expression သည် ယင်းဓါတ်ပုံ၏ “ Make or Break “ ပင် ဖြစ်ပေလိမ့်မည်။
ဤ နေရာ တွင် Subject ကို နားလည် လေးစားမှု ရှိရန် လိုပါသည်။ Subject သည် မိမိ လို သည် အခြေ အနေအတိုင်း အတတ်နိုင်ဆုံး လိုက်လျှော ဆောင်ရွက် ပေးသည် ကို မိမိ က သိရန် လိုသည်။ Subject တိုင်း သည် ကင်မရာ ယဉ်ပါး သူများမဟုတ်။ မိမိ လိုသည့် အတိုင်း ကွက် တိ ရ ခြင်မှ ရပေ လိမ့် မည်။ ဤ သည်ကို သဘော ပေါက် နားလည် ထားရန် လိုပါသည်။
ဤ နေရာတွင် သတ်ထားရန် အချက်တစ်ချက်မှာ Subject ကို အားပေး စကားသာ ပြောပါ။ မည်သည့် အ ချိန် တွင်မှ -
“ နောက်တစ်ခါ လောက် ပြန်လုပ် ပေးပါဦး “ ဆိုသည့် စကား မပြောမိရန်ပင် ဖြစ်သည်။ ဤ သို့ပြော လိုက် ခြင်း ဖြင့် Subject သည် သူ့ကိုယ်သူ ယုံကြည် မှု မရှိတော့ဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်ကာ ခွင် ပျက်သွားတတ်သည်။ ရိုက်ရာတွင် Angle အမျိုး မျိုး မှ ပုံများစွာ ရိုက်ရန် လိုပါသည်။
နိုင်ငံခြား တိုင်းပြည်များ၌ Portrait ရိုက်ရာတွင် အချို့ သော ဓါတ်ပုံသမားများက အခြေအနေကို ကောင်း မွန်စွာကိုင်တွယ်တတ်ပြီး အချို့ မှာ မူ ၄င်း တို့ ရိုက်သည်ကို Subject မသိစေလိုသည့်အတွက် Tele-Zoom Lens မျိုး ဖြင့် ကသုတ်ကရက် ရိုက်ကာ ရှောင်ထွက်သွားတတ် ကြပါသည်။
Subject ၏ Expression ကို ထူးခြားစွာပြထား သော ပုံ။
လမ်းပေါ် တွင် Portrait ရိုက်ရာ ၌ ခလေး ငယ်များကို ရိုက်ရသည်မှာ အလွယ်ဆုံးဖြစ်သည်။ သို့သော် ခလေးငယ်များကို ရိုက်ရာတွင် ပုံပေါင်း များစွာ ရိုက်စေ ကာမူ ပုံအများစု မှာ သဘာဝ ခြင်း တူနေတတ် သည်ကို တွေ့ ရသည်။ ခလေးငယ်များကို ရိုက်သကဲ့ သို့ သက်ကြီး ရွယ် အိုများ၏ ဘ၀ နေ၀င်ချိန် ကိုလည်း ရိုက် နိုင်ပါသည်။ သို့ သော် ယင်းတို့ကိုမူ မိတ်ဖွဲ့ ပြီး စကား စမြီ ပြောကာ ချဉ်းကပ်ခွင့်တောင်း ရန် လိုပါသည်။
ဤ ကဲ့သို့ မိတ်ဆက်ရာတွင်-
၁။ ပထမ မိမိ မည်သူမည်ဝါ ဖြစ်သည်ကို ပြောပြ မိတ်ဆက်ပါ၊
၂။ ယင်းနောက် အနီးပတ်ဝန်းကျင်တွင် ရှိသည့် အနေအထားတစ်ရပ်ကို အကြောင်း ပြုကာ ရိုးမယ် ဖွဲ့ ၍ စကား စပါ၊
၃။ Subject က ကိုယ့် စကား လမ်း ကြာင်း ထဲ လိုက်လာပါက သူ့ စကားနောက် သို့ လိုက်ပြောပါ။ သူပြော သည်ကို နားထောင်ပါ။ မိမိ အပြောကို လျှော့ပါ။
၎။ ယင်းနောက် ကင်မရာယဉ်ပါး စေရန်အတွက် အလေးအနက် မဟုတ်သည့် ပုံတစ်ပုံစ နှစ်ပုံ စရိုက်ပါ၊
၅။ ဤကဲ့ သို့ လေးစားသမှု ဖြင့် Street Photography ရိုက်ကာ ၊ ဓါတ်ပုံ ဆက် ရိုက်ရေးအတွက် Subject ကို အားပေး စကားပြောပါ၊
၆။ Subject ထံ မှ လိုလား လက်ခံ မှု ပြလာသည့် အချိန်တွင် Portrait ကို ရိုက်ပါ။
အထက်ပုံမှာ လည်း Subject ၏ expression ကို မျက်လုံး နှင့် အမူအယာတို့ တွင်မြင်နိုင်ပါသည်။
အချိန် မည်မျှ ကြာအောင် ချဉ်းကပ် ရမည် ဆိုသည်မှာ မူ အခြေအနေ ၊နှင့်ပုဂ္ဂိုလ် တစ်ဦး ခြင်း ပေါ် တည်ပါ သည်။ သူများများ ပြောပါစေ။ သူပြောသည်ကို စိတ်ဝင်စား စွာ နားထောင်ပါ။ အဓိက လုပ် ဆောင်ရမည် မှာ Subject ကို အားပေး ရန် ဖြစ်ပါသည်။ ဥပမာအား ဖြင့် ဓါတ်ပုံရိုက်လျှင် မည်မျှ လှပသည့်ပုံ ထွက် နိုင်ကြောင်း ၊ မည့်မျှ Expression ကောင်း ကြောင်း စသည် တို့ ဖြစ်ပါသည်။
ရိုက်ပြီးသည့် ပုံများကို Subject အား ပြန်၍ ပြသ ခြင်းသည် မူတစ်ခု ဖြစ်စေကာမူ ၄င်းတို့စကား စမည် ပြော၍ ပြီးအောင် စောင့်ပြီး မှသာ ပုံကို LCD တွင်ပြပါ။ မကောင်းသည့် ပုံများ မပြလျှင် ကောင်းပါ သည်။ ပုံများ နှင့်ပတ်သက်၍ Subject ပြောသည့် အကြံ ဥာဏ်ကို လက်ခံခြင်း ဖြင့် ၄င်းတို့ အား လေး စားမှု ကိုပြပါ။ ဤ သို့ ဖြင့် Subject ကလည်း မိမိကို ဓါတ်ပုံဆရာအဖြစ် အပြန် အလှန် လေးစားလာပါ လိမ့် မည်။
Professional Photographer များ၏ portrait နမူနာ ပုံများ။
အထက်ပါ ပုံအား ဓါတ်ပုံပညာရှင် Alec က Subject ဖြစ်သူ Diana ကို စင်ကာပူ Fullerton Hotel, Sanobar တွင် ရိုက်ထားခြင်း ဖြစ်သည်။ Exposure Speed 1/125, f-1.4, ISO-100 , Light Box ကို Model ၏ ညာဘက်တွင် ထားကာ Silver Reflector ကို Subject ၏ ပေါင် ပေါ်တွင် တင်ကာ ရိုက် ထားခြင်း ဖြစ်သည်။ Diana အား ဖေါက်မြင်နိုင်သည့် ပန်းရောင် ဇာပုဝါကို ကိုင်ခိုင်း ထားသည်။ Diana၏ မျက်လုံး အစုံသည် အပြစ်ကင်းမဲ့ ရိုးသားစွာ သော အကြည့် ပေါ်လာသည့် အချိန်တွင် သူ၏ မျက်လုံးကို Focusing ကို ဖမ်းကာရိုက်ထားသည်။
အထက်ပါ ပုံ အား ဓါတ်ပုံ ပညာ ရှင် Alec ကပင် Shriro House Studio တွင် ရိုက် ထား ခြင်း ဖြစ်သည်။ Hasselblad H2D , 39 Megapixel ဖြင့် Exposure Speed 1/500, f-11, ISO-50 ဖြင့် ရိုက်ထားခြင်း ဖြစ် သည်။ Profoto Soft Box နှစ်ခု အား တစ်ခု ကို Center/Left တွင် လည်းးကောင်း ကျန်တစ်ခု ကို Model ၏ ဘယ် ဘက် အနောက် တွင် Lighting Ratio 1 to 3 ဖြင့် လည်းကောင်း ထားကာ ရိုက်ခြင်း ဖြစ်သည်။
အထက်ပါ ပုံ ကို ဓါတ်ပုံ ပညာ ရှင် Lawrence က ဖိလစ်ပိုင် Model Kharu အား အိမ် အို တစ်ခု အတွင်း ရိုက်ထားခြင်း ဖြစ်သည်။ အမြင် တမူ ထူးခြားစေရန်အတွက် Model အား မြင်ရိုး မြင် စဉ် မဟုတ်သည့် ပုံ စံ မျိုး Pose လုပ်စေသည်။ Model သည် ပြူ တင်း ပေါက် ဘောင်ပေါ် တွင် လှဲ နေခြင်း ဖြစ်သည်။ ပြူ တင်းပေါက် မှ ၀င်လာသည့် အလင်းရောင် သည် မျှတ လှပ သည့် အလင်း ကိုပေးသည်။ ကနဦး ရိုက်ချက်များသည် သမားရိုးကျ ဘေးတိုက် Side View များသာ ဖြစ်သည်။ နောက် ပိုင်း တွင် Model ၏ မျက်နှာကို ပြူ တင်းပေါက် ဘောင်နှင့် မထင်မရှား ကွယ်နေသည့် ဘက်သို့ ရွေ့ ကာ ပြူတင်း ဘောင် ကို Frame အဖြစ် ထား လိုက်သည်။ Model က ဓါတ်ပုံ ရိုက် သူကို ကြည့် လိုက်သည့် အချိန်တွင် အဆိုပါ အကြည့် မျက်လုံး ကို အမိ ဖမ်း ကာ ရိုက်ခြင်း ဖြစ်သည်။ ပုံ မှန် အနေအထား နှင့် များစွာ ကွာ ခြားသည့် Portrait ပုံစံ ဖြစ်သည်။
အထက်ပါ ပုံ အား ဓါတ်ပုံ ပညာ ရှင် Lawrence ကပင် ရိုက် ထားခြင်း ဖြစ်သည်။ ရိုက်စဉ်က Colour နှင့် ဖြစ်သော်လည်း Post Production လုပ်ရာတွင် Balck and White နှင့် ပို၍ လိုက်ဘက်သည့် အတွက် Balck and White သို့ပြောင်း လိုက် ခြင်း ဖြစ်သည်။ Model ကို သဘာဝ အလင်းရောင် အောက်တွင် ပင် လှဲနေစေကာ ကင်မရာ၏ နောက်သို့ ကြည့်နေစေသည်။ အလင်းရောင် သည် Model ၏ ညာ- အထက်ပိုင်း မှ ၀င် လာသည်။ Model ၏ ပါးစပ် အား လက်ဖြင့် ကွယ်နေစေခြင်း မှာ Emotion ကို ပို၍ အသက်ဝင်လာမှု ( Accentuate ) ဖြစ်လာစေရန် အတွက် ဖြစ်သည်။ Medel ၏ Expression စိတ်အားငယ်နေသည့် အနေအထားတွင် ၄င်း၏ မျက်လုံး ကို အရ ဖမ်းကာ ရိုက်ထားခြင်း ဖြစ် သည်။
Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)