PSB Academy မှ Study Grant ကို လျှောက်ထားနိုင်



စင်ကာပူနိုင်ငံရှိ PSB Academy မှ Bachelor of Arts (Hospitality & Tourism Management) ဘာသာရပ်အတွက် Study Grant SGD 2,000 ကို မေလ ၂၀ ရက်အထိ STUDY ABROAD Information Centre မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Study Grant မှာ UK ရှိ Edinburgh Napier University မှ ပေးအပ်မည့် ဘွဲ့အတွက် ပေးအပ်သွားမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့ ကျောင်းဖွင့်ချိန်အတွက် တက်ရောက်နိုင်မည် ဖြစ်သည်။ ကာလ ကြာမြင့်ချိန်အနေဖြင့် ၁၆လ တက်ရောက်ရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိရန် ဆက်နွယ်ဘာသာရပ်နှင့် Diploma ပြီးထားသူများအနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး Final ဆုံးဖြတ်ချက်အတွက် University မှ တိုက်ရိုက် ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။

PSB Academy တွင် ဇွန်လကျောင်းဖွင့်ချိန် ဘာသာရပ်များအနေဖြင့်လည်း Diploma ဘာသာ ရပ်အဖြစ် Diploma in Tourism & Hospitality Management ဘာသာရပ်ကို တက်ရောက်နိုင်မည် ဖြစ်သည်။ Bachelor of Business, Bachelor of Commerce, Bachelor of Communication, Bachelor of Information Technology, Bachelor of Engineering ဘွဲ့ဒီဂရီများအတွက်လည်း တက်ရောက်နိုင်မည် ဖြစ်သည်။

University of Wollongong (Australia) မှ ပေးအပ်မည့် Bachelor of Commerce ဘွဲ့ဒီဂရီများကို တက်ရောက်နိုင်မည် ဖြစ်သည့်အပြင် Edinburgh Napier University (UK) မှ ပေးအပ်မည့် Tourism နှင့် Hospitality ဘာသာရပ်များကိုလည်း Bachelor Degree များအဖြစ် ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်သည်။ ဘွဲ့လွန်ဒီဂရီ တက်ရောက်လိုပါကလည်း Master of Science ဘွဲ့အတွက် မေဂျာများ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်သည်။

ကျောင်းတက်ရောက်လိုသူများအနေနှင့် အသေးစိတ် စုံစမ်းသိရှိလိုသည်များရှိပါက STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် အေ၊ ၁၁ လွှာ၊ အခန်းအမှတ် ၁၁၀၃၊ ပြည်လမ်း၊ မေတ္တာဦးဆေးခန်းအနီး၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၉-၅၁၅၁၀၀၈ နှင့် ၀၉-၇၃၂၄၂၄၀၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

သန္တာ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...