Single Point Focusing နှင့်ပတ်သက်၍ သိရှိသင့်သည့်အချက်များ
စကားဦး
Single Point Focus သည် ဓါတ်ပုံကို အလေး အနက် ရိုက်ကူးသူများ အတော် အသုံးများသည့် နည်း တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် Portrait ရိုက်သူများ အနေနှင့် Subject ၏ ပြ လိုသော အပိုင်းကလေး များကို အသေးစိတ် ပြတ်သား စေရန် အလေးပေး အသုံးပြု သည့် Focusing နည်း ဖြစ်ပါသည်။ Model ပုံ ကောင်းများကို အထူးပြု ရိုက်ကူးလေ့ရှိသည့် မိတ်ဆွေ တစ်ဦးက “ ကျွန်တော် ကတော့ Subject ကို ရိုက်တိုင်း Single Point Focus နဲ့ သာ ရိုက်ပြီး ဘာကိုမှ အထူးပြုပြီး ရိုက်ဘို့ မလိုတဲ့ ရှုခင်းတွေ ရိုက်မှ သာ Auto Area -AF မှာထားရိုက် ပါတယ် “ ဟု ပြောခဲ့ဘူးပါသည်။
Single Point Focusing သည်ခက်ခဲ လွန်းလှသည့် ကိစ္စရပ် တော့ မဟုတ်ပါ။ သို့ရာတွင် လိုရင်း မရောက် ဖြစ်တတ် သည့် အချက်များ ရှိပါသည်။ စင်စစ် အားဖြင့် ကျွန်တော် ကိုယ်နှိုက်ကလည်း ယခင်က Singla Point Focusing ကို အသုံးပြုမှု နည်းခဲ့ပါသည်။ အလေ့အကျင့် နည်းသည့်အတွက် ၄င်း၏ အ ထာ နှင့် သဘာဝကို အသိလည်း နည်းပါသည်။ ဤမှတ်စုသည် ပညာရှင်အဖြစ်ရေးသားသည့် ဆောင်း ပါး မဟုတ်ဘဲ ယင်း၏ ထိရောက်မှု နှင့် သဘော သဘာဝ ၏သေးစိတ်ကို သိလိုသဖြင့် လှန်လှော ရှာဖွေ လေ့လာ ရင်း၊ စမ်းသပ်ရိုက်ကူးရင်း ကျွန်တော် တွေ့သမျှ လေးများကို မိမိကဲ့ လေ့လာသူများ သိ ရှိနိုင်ကြစေရန်အတွက် ပြန်လည်မျှဝေ ပေးသည့် မှတ်စုသာ ဖြစ်ကြောင်း ဖေါ်ပြအပ်ပါ သည်။
Single Point Focus.
Single Point Focus ကို စတင် သုံးစဉ်က Single Point Focus ကျရောက်သည့် နေရာ မဟုတ်သည့် အခြားသော နေရာ များ ၏ ပြတ်သား မှု အတွက် စိတ် ပူ မိခဲ့ ပါသည်။ Single Point Focus နေရာ သာလျှင် ပြတ်သားနေပြီး ကျန်သောအရာ များ ၏ ပြတ်သား မှု ကျ သွားးလေ မလား ဆိုသည့် စိုးရိမ် မှု ဖြစ်ပါသည်။
သို့ နှင့် ရှာဖွေ ဖတ်ရှု ကြည့်ရာတွင် ဓါတ်ပုံ သမား တစ်ဦးက “ သူသည် လူ သုံး ဦး ရင်ဘောင်တန်း ကာ ယှဉ် ၍ ရပ် နေရာတွင် အလယ် က လူ ကို Single Point Focusing လုပ်မည် ဖြစ် ကြောင်း၊ ဤ ကဲ့ သို့ လုပ်ရာ တွင် အဆိုပါ လူ ၏ ဘေး ဘယ်-ညာ ရှိ လူ နှစ်ဦး Focus မှ လွတ်ကာ မပြတ်မသား ဖြစ်လေ မည် လား” ဟူ သော မေးခွန်းကို မေး ခဲ့သည်ကို တွေ့ ခဲ့ ရပါသည်။
အဆိုပါ မေးခွန်းကို ၀ါရင့်ဓါတ်ပုံဆရာတစ်ဦးက “ Focus doesn't fall off side to side. It only falls off front to back.” Focus ၏ သက်ရောက် မှုသည် ဘေး တိုက် သက်ရောက်ခြင်း မရှိဘဲ ရှေ့ နှင့် နောက် တို့ တွင်သာ သက်ရောက်မှု ရှိသည်ဟူ၍ ပြန်လည် ဖြေကြားသည့် စာပိုဒ်လေး တစ်ခုကို ကံအားလျှော် စွာ တွေ့ လိုက်မိပါသည်။
ထိုစဉ်တွင်မှ Focus Point သည် Focal Plain ပေါ် သို့ ကျရာက် ရာတွင် ပြင်လိုက် တန်ဘိုးညီ ကျရောက်ပြီး ၊ Focus ထိရောက်မှု အနည်း အများသည် ရှေ့ ရောက်ခြင်း နောက် ရောက် ခြင်းတို့၏ အပေါ်တွင်သာ တည် နေသည် ဆိုသည့် အချက် ကို ပြန်သတိရမိပါသည်။
Single Point Focus သည် Focal Plain ပေါ် ရှိ မိမိ အလေး အနက် ပြလိုသည့် နေရာ ကို အတိအကျ Focus ဖြတ်ခြင်း ဖြစ်ပါသည်။ အောက်ပါ ပုံ များ မှာ Single Point Focusing ပေးထားသည့် နေရာ များကို နမူနာ ပြထားသည့် ပုံ များ ဖြစ်ကြပါသည်။
Focus ၏ အကျိုး သက်ရောက် မှု သည် ဘေး တိုက် ပြင်ညီ တွင် သာမန် အား ဖြင့် အကျိုးသက်ရောက် မှု ပြောင်းလဲ ဖြစ်ပေါ်ခြင်း မရှိဘဲ ရှေ့ ရောက် ခြင်း နောက် ရောက် ခြင်း တို့ အပေါ် တွင် သာ သက်ရောက် မှု ရှိသည်ဟု ဆိုခြင်း ဖြစ်ပါသည်။
Focus သည် Focal Plain ပေါ်သို့ ကွက်တိ မကျဘဲ ရှေ့ တွင် ကျ ရောက် နေခြင်း Focal Plain ၏ နောက် သို့ ကျော် ကာ ကျ ရောက် ခြင်း များရှိ နေပါက အဆိုပါပုံ၏ ပြတ်သားမှုသည် လျှော့နည်း သွားမည်ဖြစ် ပါသည်။ Focal Plain ပေါ် သို့ ကွက်တိ ကျရောက်သော ပုံ သည် ကြည်လင် ပြတ်သားမည် ဖြစ်သည် ဟု အကြမ်း ဖျဉ်း ဆိုရပါမည်။ ချွင်းချက် အားဖြင့် Circle of Confusion ဟု ခေါ်သည့် ဧရိယာ အတွင်း ရှိ နေရာ များရှိ ပုံ ရိပ်များသည် လက်ခံ နိုင်လောက်သော ပြတ်သည့် အနေအထား တွင် ရှိနေပါသည်။
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း Focus သည် Focal Plane ၏ ရှေ့ တွင် ကျ ရောက်ခြင်း သို့ မဟုတ် နောက်သို့ ကျော်၍ ကျရောက်ခြင်း စသည် တို့ကြောင့် အပို အလို ဖြစ်မှု များလည်း ရှိသည်။ ယင်း ကဲ့သို့ အနည်းငယ် လွဲ၍ ကျစေကာမူ ထင်လာသည့် ပုံရိပ်သည် လူ၏ မျက်စေ့ဖြင့် ကြည့်ပါမူ ပြတ်သား သည်ဟု ထင်ရသည်။ သို့သော် အတိအကျ Focal Point အဖြစ်ကျရောက်သည့် ပုံ၏ ပြတ်သားမှု ထက်လျှော့ နေသည်။ ယင်းကို Circle of Confusion ဟု ခေါ်ပါသည်။ ပုံ တိုင်းသည် Focal Plain ပေါ် သို့ Focus ကွတ်တိကျသည့် ပုံမဖြစ်နိုင်ပါ။ သို့ နှင့် Acceptable Sharpness ဟုခေါ်သည့် လက်ခံ နိုင်လောက် သည့် ပြတ်သားမှု ဆိုသည့် ဧရိယာကို သတ်မှတ် လာရခြင်း ဖြစ်ပါသည်။
Circle of Confusion ၏စက်ဝိုင်း Diameter ကြီးလေလေ ပုံ၏ ပြတ်သားမှု ဧရိယာ လျှော့ နည်း လာလေ ဖြစ်သည်။ Circle of Confusion အတွင်းရှိပုံ မှာ လက်ခံ နိုင်လောက်သော ကြည့်လင် ပြတ်သား သည့် ပုံ ဟု ခေါ်ပါသည်။
အောက်ပါပုံ ကို ကြည့် လျှင် (အပေါ်ဆုံး) ပုံတွင် Focus သည် Focal Plain ၏ နောက်သို့ ကျော်ကျ နေ သည့် ပုံ ဖြစ်ပါသည်။ ( အလယ်) ပုံ တွင်မူ Focus သည် Focal Plain ပေါ်သို့ ကွက်တိကျ နေသည့် ပုံ ဖြစ်ပြီး ပုံ (အောက်ဆုံး)ပုံ မှာ မူ Focus သည် Focal Plaine ၏ ရှေ့တွင် ကြို ၍ကျ နေသည့် ပုံ များကို နမူ နာ Diagram ဖြင့် ပြ ထားခြင်း ဖြစ်ပါသည်။ (အလယ် ပုံ) ကဲ့ သို့ Focus သည် Focal Plain ပေါ်သို့ ကွက် တိ ကျ ရောက်သည့် ပုံ မှာ ပြတ် သား မှု အများ ဆုံး ဖြစ်ပါသည်။
အကယ်၍ မိမိ ထူးပြု ရိုက် လိုသည့်နေရာ သည် ပြင်ညီ တစ်ခု ထည်း မဟုတ်ဘဲ ရိုက် ကူး မည့် မျက်နှာပြင် Focal Plain ၏ နောက် ပိုင်း သို့ ရောက် နေလျှင် သော်လည်း ကောင်း ရှေ့သို့ ရောက်နေလျှင် သော် လည်းကောင်း Main Subject ကြည် လင်ပြတ်သားရေး အတွက် မိမိ လိုသည့် နေရာ ကို Single Point Focusing ဖြင့် ဖမ်း ရတော့ မည် ဖြစ်ပါသည်။ ဤ ကဲ့ သို့ အခြေ အနေမျိုး တွင် Auto Area-Auto Focus ယူ ကာ ရိုက်ပါက ကင်မရာ နှင့် အနီးဆုံး နေရာ ကိုသာ Focus ဖြတ် ယူ ခြင်း ၊ သို့ မဟုတ် Main Subject ကိုကျော်ကာ နောက်ရှိ အရာ များသို့ Focus ဖမ်း ခြင်း နှင့် ကြုံ နိုင်ပါသည်။ ထိုအချိန်တွင် မိမိ အထူးပြု ပြသ လိုသည့် Subject ၏ ပြတ်သားမှု မှာ ကျဆင်း သွား မည် ဖြစ်ပါသည်။
အနီး၊ အဝေး မတူသည့် Subject များ အပေါ် ကျရောက်သော Focus.
အောက်ပါပုံမှာ Focus Point သည် နှုတ် ခမ်း တွင် ကျ နေသည့် ပုံ ဖြစ်ပါသည်။ ထို့ ကြောင့် Focus Point ၏ နောက် သို့ ရောက်နေသည့် မျက်လုံးမှာ ၀ါး နေသည်ကို တွေ့ နိုင်ပါသည်။ နှုတ်ခမ်းကို အထူးပြု ရိုက် ကူးလိုလျှင် ဤပုံသည် ကောင်းမွန် မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ သို့ သော် မျက်လုံးကို အထူးပြု ပြသ လိုသဖြင့် ရိုက်ကူး သည့် ပုံ ဖြစ်ပါမူ Focus လွဲ နေသည်ဟု ဆိုရပါမည်။
အောက်ပါ ပုံ မှာ Focus Point သည် မျက်လုံး ပေါ်တွင် ကျ ရမည့် အစား မျက်မှန်ပေါ် တွင် ကျ နေသည့် ပုံ ဖြစ်ပါသည်။ Focus သည် အထူးပြု ပြသ ရမည့် မျက်လုံး အစား ယင်း၏ နောက်တွင်ရှိ မျက်မှန်ပေါ် သို့ ကျော်ကာ ကျရောက်နေ သဖြင့် မျက်လုံး၏ပြတ် သား မှု သည် လျှော့ သွားခြင်း ဖြစ်ပါသည်။
ISO 200, f2.0, Shutter Speed 1/1000.
အောက် ပါပုံ တွင် မူ Focus သည် Subject ၏ ပုခုံး တွင် ကျနေသဖြင့် ပုခုံး နှင့် ပုခုံး ထက်ရှိ အင်္ကျီ ပြတ် သားနေပြီး ပုခုံး၏ ရှေ့ တွင် ရှိ မျက် နှာ အနည်းငယ် ၀ါး နေသည်ကို တွေ့ နိုင်ပါသည်။
ISO 100, f2.8, Shutter Speed 1/200.
အထက်ပါပုံမှာ Aperture အကျယ် ဖြစ်သည့် f-2.8 နှင့် ရိုက်သည့်အတွက် Subject ပုခုံး ၏ ရှေ့ နှင့် နောက် နေရာများ ပြတ်သား မှု လျှော့ နေသော်လည်း Aperture f-16 လောက် နှင့် သာ ရိုက်မည် ဆိုပါက ယခုပုံတွင် ၀ါး နေသည့် နေရာများသည် ပြတ်သားသင့်သလောက် ပြတ်သားလာ မည် ဖြစ်ပါသည်။
အထက် ပါ နမူနာ ပုံ များ အားလုံးသည် Aperture ကျယ်ကျယ် နှင့် ရိုက်ထားသည့် ပုံ များ ဖြစ်ပါသည်။ Aperture ကျဉ်းကျဉ်း နှင့် ရိုက် မည် ဆိုပါက Single Focus Point ၏ အပြင်ဘက် အနီးပတ်ဝန်း ကျင် နေရာ များရှိ ပြတ်သား မှု လျှော့နည်း နေသည်ကို ဤ ကဲ့ သို့ သိသာ နိုင်မည် မဟုတ်ပါ။
လူ တစ်ဦး ထည်း မဟုတ်ဘဲ တစ်ဦး ထက် ပိုသည့် လူ များကို ရိုက်ရာ တွင် လူ တစ်ဦး ၏ မျက်လုံး ကို Focus ဖမ်း ရပါမည်ဖြစ်ပြီး အခြားသူများ လည်း ပြတ်သား မှု ရှိလာစေရန် Aperture ကို လည်း လို အပ် သည် အထိ ကျဉ်း ပေးရန် လိုပါသည်။
အောက်ပါပုံတွင် လူ (၃) ဦး အနက် အလယ်ရှိ ခလေး၏ မျက်လုံးကို Focus ဖမ်းထားပါသည်။
အောက်ပါ ပုံ မှာ ခလေး အကြီး မလေး၏ မျက် လုံးကို Focus ဖမ်း ထားကာ ISO 100, f- 1.8, Shutter Speed 1/320 ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ Aperture ကျယ် ကျယ် နှင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။
အဆိုပါ ပုံ ကို ပုံကြီး ချဲ့ ကြည့်ရာ တွင် Main Subject ဖြစ်သူ အကြီးမလေး၏ ဘယ်ဘက် ရှိ ခလေး ငယ် ၏ မျက်လုံးမှာ Main Subject ၏ မျက် လုံး လောက် ပြတ်သား မှု မရှိ သည်ကို တွေ့ နိုင်ပါသည်။ Aperture ကျယ် သည့် ရိုက်ချက် ဖြစ်သဖြင့် Single Point Focusing သည် Focus ထောက်သည့် နေရာ ကိုသာ အတိအကျ ယူ လိုက်သည် ကို တွေ့ နိုင်ပါသည်။ အလေး ငယ် လေးမှာ Main Subject ခလေး မလေး ၏ အရှေ့ သို့ အနည်း ငယ် ရောက်ရောက်နေသည့် အတွက် ဖြစ်ပါသည်။
သို့ ရာတွင် အောက်ပါ ပုံ မှာ မူ Focus Point ကို အလယ် ရှိ ခလေး ကိုသာ ယူ ထားသော်လည်း f-4, Shutter speed 1/ 320 ဖြင့် Aperture ကို ကျဉ်း ကာ ရိုက်သည့် အတွက် ဘေး နှစ်ဘက်ရှိ ခလေး ပါ ပြတ် သား နေသည် ကို တွေ့ နိုင်ပါသည်။
အောက်ပါ ပုံ တွင် Single Focus Point ကို ကစားစရာ အရုပ် ပေါ် တွင် ယူ ထားသည်။ Aperture f-1.8 ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ယင်းနောက် ရှိ လူ သည် ၀ါးနေပါသည်။
ISO 100, f1.8, Shutter Speed1/100
အောက်ပါပုံကို ISO 100, f2.0, Shutter Speed 1/80 ဖြင့် Aperture အကျယ် ဖြင့် Focus Point ကို ခြေမ တွင်ယူကာ ရိုက်ထားခြင်း ဖြစ်သည်။
အောက်ပါ ပုံ မှာ ISO 100, f1.8, Shutter Speed 1/200 ဖြင့် မျက်တောင်ကို Focus Point ယူ ကာ ရိုက်ထားခြင်း ဖြစ်သည်။
အောက်ပါ ချယ်ရီပန်းကို ISO 100, f-2.2, Shutter Speed 1/4000 ဖြင့် ရှေ့တန်း ရှိ ပန်း အပွင့် တစ်ပွင့် ကို Focus ဖမ်း ထားခြင်း ဖြစ်သည်။
အထက်ပါ ပုံ များ အားလုံး မှာ မိမိ ပြသ လိုသည့် အရာ များကိုပေါ်လွင် စေပြီး ကျန် အထူးမပြုလိုသည့် အရာ များ ၀ါး နေ စေရန် Singla Point Focusing ကို Aperture ကျယ်ကျယ် နှင့် တွဲ ကာ ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။
အောက်ပါ ပုံ မှာ မူ မျက်လုံးကို Single Point Focus ယူကာ ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ ထို့ ကြောင့် Aperture ကျယ်ကျယ် နှင့် ရိုက်ပါက ပုံ၏အဓိက နေရာ ဖြစ်သော မျက်လုံးသည် ပြတ်သားနေရာ မျက်လုံး သည်၏ရှေ့ နှင့် နောက်ရှိ နေရာအချို့သည် မျက်လုံး၏ ပြတ်သားမှု နှင့် နှိုင်းစာလျှင် မဆိုသလောက် ပြန် သားမှုလျှော့ နေမည် ဖြစ်ပါသည်။ Aperture ကျယ် သောကြာင့် Depth of Field ပါးလာလေ လေ Subject နှင့် ကင်မရာ အနီး အဝေး အကွာအဝေး အပေါ် မူတည် သည့် Focusing ပြတ်သားမှု ကွာခြား ခြင်း မှာ ပို ၍ သိသာ လာလေ ဖြစ်ပါ သည်။ မဆို သလောက်သော အနီး အဝေး ကွာခြားမှု သည်သည်ပင် ပုံ၏ ပြတ်သား မှု အပေါ် အကျိုး သက်ရောက်မှု ရှိစေလာ ပါသည်။
အနီး ၊ အဝေး တူညီမှု မရှိ သည့် Subject များ အပေါ် ကျရောက်သော Focus.
အောက်ပါ နမူ နာ ပုံ များ မှာ မသိမသာ စောင်း နေသည့် ၊ တစ်နည်း အား ဖြင့် ကင်မရာ နှင့် Subject အနီး အဝေး မသိမသာလေးမျှသာ ကွာနေ သည့် Subject နှစ်ခု ကို Single Point Focus ဖြင့် Aperture အမျိုး မျိုး ပြောင်းကာ ရိုက် ထားသည့် ပုံ များ ဖြစ် ပါသည်။ အဆိုပါ ပုံ များကို ISO-200, Nikon 50mm, f-1.4 Lens, Aperture Priority ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ Single Point Focus လုပ်ထားသည့် နေရာ ကို အနီရောင်ဖြင့် Single Point Focus ဟုရေး ထားပါသည်။
အထက်ပါ ပုံ မှာ ခပ်စောင်းစောင်း ဖြစ်နေသည့် သော့ ( Lock) နှစ်လုံး အနက် နောက် မှ သော့ ကို Single Point Focus ဖြတ်ထားကာ Aperture f-1.4 ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။ ကြည့်သူ၏ ဘယ်ဘက် ရှိသော့သည် Focus ဖမ်းထားသည့် ညာဘက်ရှိ သော့ထက် ကင်မရာ နှင့် မသိမသာ လေး မျှသာ ပိုနီးပါ သည်။ ပုံ တွင်မူ အဆိုပါ မသိမသာ ကွာ နေသည့် ရှေ့ပိုင်းသို့ ရောက်နေသော ( Lock) သည် အနည်း ငယ် ၀ါးနေသည် ကို မြင်နိုင်ပါသည်။ ဤ အနေအထား မှာ “ Focus only falls off front to back.” ဆို သည် ပြသ ခြင်း ဖြစ်ပါသည်။
အထက်ပါ ပုံ မှာ ယင်း ပုံ ကို ပင် Aperture f-8 ရိုက် ကူး ရာ ၌ ရှေ့ တွင် ရှိသော့ ပို၍ ပြတ်သား လာသည့် ကို တွေ့ ရမည် ဖြစ်ပါသည်။
အဆိုပါ ပုံ သည်ပင် Aperture f-16 ဖြင့် ရိုက်သည့် အချိန်တွင် သော့ နှစ်လုံး စလုံး ပြတ် သား လာသည့် ကိုတွေ့ နိုင်ပါသည်။
ထို့ ကြောင့် Aperture ကျယ်ကျယ် နှင့် လိုသည့် နေရာ ကို အတိအကျ Focus ဖြတ် မည် ဆိုပါက Single Point Focus သုံး ရန် လိုပါသည်။ အထူး သဖြင့် Portrait ရိုက် ရာတွင် အသုံးများသည့် နည်း ဟု ဆိုရပါ မည်။
၎င်းအပြင် လိုသည့် နေရာ ကို ရွေးကာ အတိအကျ Focus ယူ လိုလျှင် Single Point Focusing နည်းကို သုံးရမည် ဖြစ်ပါသည်။ ဥပမာ အား ဖြင့် မိမိ ရိုက် လိုသည့် Subject သည် မျက် ပင် ရှည် များ ၏နောက် တွင် ရှိနေသည် ဆိုပါစို့။ ဤ ကဲ့ သို့ အခြေ အနေ မျိုး တွင် Auto-Area Auto Focus ( Auto-Area AF ) ဖြင့် ရိုက် မည် ဆိုပါက ကင်မရာ သည် ၄င်း နှင့် အနီးဆုံး ဖြစ်သည့် Subject ရှေ့ ရှိ မျက် ပင် များကိုသာ Focus ဖြတ် မည် ဖြစ်သောကြောင့် ရှေ့ ရှိ မျက်ပင် ရှည် များ ပြတ်သားကာ နောက် ရှိ Subject သည် လိုအပ် သည့် အတိုင်း အတာ အထိ ပြတ်သား တော့ မည် မဟုတ်ပါ။
အဆိုပါအခြေ အနေမျိုး တွင် မျက်ပင် များ အကြား မှ နေ၍ ဖြတ်ကာ မိမိ ရိုက် လိုသည့် Subject ကို Single Point Focusing ဖြင့် ထောက် ကာ ရိုက်ပါက ရှေ့ တွင် ရှိ မျက် ပင် များ ၀ါးသွားပြီး ယင်းနောက်ရှိ Subject ပြတ်သား နေပါလိမ့် မည်။
အထက်ပါ ပုံ တွင် Main Subject ဖြစ်သည့် ငှက်သည် မြက်ကဲ့သို့ အရွက်များနောက်တွက် ရောက်နေပါ သည်။ သာမန် Auto-Area AF ဖြင့်သာ ရိုက်မည်ဆိုပါက ရှေ့ ရှိသစ်ရွက်များသာ ပြတ်သားနေ မည်ဖြစ်ပြီး ငှက်ကလေး ၀ါးနေမည်သာ ဖြစ်ပါသည်။ ယခုပုံတွင်မူ ငှက်ကလေးကို Single Point Focus ယူကာ ရိုက် ထားဖြင့် ငှက် ပြတ်သားနေပြီး ရှေ့ ရှိ သစ်ရွက်များ ၀ါး နေခြင်း ဖြစ်ပါသည်။
Portrait ရိုက် ရာတွင် လည်း Auto-Area AF ဖြင့် ကင်မရာ အလိုကျ Focusing ဖြင့်သာ ရိုက်မည်ဆိုပါက အသားပေး ရိုက်ကူး ရမည့် Subject ၏ မျက်လုံး နေရာ မှာ ပြတ်သား သင့် သလောက် ပြတ်သား လိမ့် မည် မဟုတ်ပါ။
သတိပြု ရမည့် အချက် တစ်ရပ်မှာ Single Point Focus သည် လိုရာ Subject ပေါ် မကျ ဘဲ ကြားထဲ ကျ နေခြင်း မျိုး ကြုံ ရ တတ် ခြင်း ဖြစ် ပါသည် ။ အောက်ပါ ပုံ ကို ကြည့် လျှင် Single Point Focus သည် လူ နှစ်ဦး ကို ကျော် ကာ ၄င်းတို့ ၏ အကြား မှ နောက်ရှိသစ်ပင်များပေါ်သို့ ကျ သွားသဖြင့် လူ နှစ် ဦး စလုံး ၀ါး နေခြင်း ဖြစ်ပါသည်။
အနီး ၊ အဝေး တူညီသည့် Subject များ အပေါ် ကျရောက်သော Focus.
အောက်ပါ ပုံ မူ Subject (၃) ခု ကို တစ်ပြေး ညီ ထည်း ထားကာ Aperture f-1.4 ဖြင့် Single point Focus ကို Main Subject အဖြစ်ထားသည့် အလယ် ရှိ စက္ကူ ဘူးပေါ် သို့ ထောက်ကာ ရိုက် ထားသည့် ပုံ ဖြစ်ပါ သည်။ Main Subject ၏ ဘေးဘယ်၊ ညာရှိ ပုံများ၏ ပြတ်သားမှု မှာ ထူးခြားစွာ ကွာ ခြားမှု မရှိ သည် ကို တွေ့ နိုင်ပါသည်။
အဆိုပါ ပုံ များကို ISO-200, Nikon 50mm, f-1.4 Lens, Aperture Priority ဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါ သည်။
အောက်ပါပုံ မှာ အဆိုပါ တစ်ညီထည်း စီ ထားသည့် Subject (၃) ခု ကိုပင် Apertutre f-8 နှင့် ရိုက် ထား သည့် ပုံ ဖြစ်ပါသည်။ သေချာစွာ ကြည့်လျှင် Subject (၃) ခု စလုံး မျှ ကာ အနည်းငယ် ပို၍ ပြတ်သားလာ သည်ကို တွေ့ ရပါသည်။
အောက်ပါ ပုံ မှာ အဆိုပါ တစ်ညီထည်း စီ ထားသည့် Subject (၃) ခု ကိုပင် ထပ်မံ ၍ Apertutre f-16 နှင့် ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ Subject (၃) ခု စလုံး မျှ တစွာ ပြတ်သားလာသည်ကို တွေ့ ရပါသည်။ အချုပ် အားဖြင့် ဆိုရပါလျှင် Focus ၏ ဘေး တိုက် အကျိုး သက် ရောက် မှု သည် ထူးခြား စွာ မရှိ ခြင်း ကို ပြ ခြင်း ပင် ဖြစ်ပါသည်။
“ Focus doesn't fall off side to side. It only falls off front to back.” ဆိုသည့် အချက် ကို ပြ သ ခြင်းပင် ဖြစ်ပါသည်။
Lens များ၏ Sweet Spot ။
အခြား သတိပြု ရမည့် အချက် မှာ Lens တိုင်းတွင် “ Sweet Spot “ ဆိုသည့် အကောင်းဆုံး အနေအထား တစ်ရပ် ရှိ လေ့ ရှိပါသည်။ မည့် သည့် Aperture တွင် ပုံ ကြည့် လင် ပြတ်သား မှု အရှိဆုံး ဆိုသည်ကို သိရန် လိုပါသည်။ စိတ်တိုင်းကျ စမ်း သပ် ရိုက် ကူး ကြည့် ခြင်း ဖြင့် သိနိုင်ပါသည်။
အောက် ပါ ပုံ များကို Nikon 50mm, f-1.8 ၏ Sweet Spot ကိုသိ နိုင်ရန်အတွက် ကင်မရာ အား Tripod ပေါ် တင်၍ Aperture အမျိုးမျိုး ပြောင်းကာ စမ်းသပ် ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။
ပုံများကို စစ်ဆေးကြည့်ရာတွင် အလယ် အလတ် ( Mid-Range ) Aperture များတွင် ပုံ များသည် မတိမ်း မယိမ်း ဖြစ်နေကြသော်လည်း f-2.5 , f-7.1 ဖြင့် ရိုက် ထားသည့် ပုံ များမျာ အပြတ် သား ဆုံး ဖြစ်နေသည် ကို တွေ့ ရပါသည်။ ယခု ဥပမာ သည် Nikon 50mm, f-1.8 ၏ အမူ နာသာ ဖြစ်ပါသည်။ Lens တစ်ခု နှင့် တစ်ခု Sweet Spot များ ခြားနား နိုင်ပါသည်။ စမ်းသပ် ရိုက် ကူးမှ သာလျှင် သိနိုင်မည် ဖြစ်ပါသည်။
ကင်မရာ ပစ္စည်း များသည် အချိန် နှင့် တစ်ပြေးညီ တိုး တက် လျှက်ရှိပါသည်။ မည် သို့ပင် ပစ္စည်းကိရိယာ များ တိုးတက် ထွန်းကား လာသော် လည်း လူ ၏ ကျွမ်းကျင်မှု ၊ စမ်းသပ် လေ့ကျင့်မှု၊ ပညာ ဗဟုသုတ တို့ သည်လည်း ယင်းတို့ နှင့်အတူ မြင့် မားရန် လိုလာပြီ ဟု ဆိုရပါမည်။ တိုး တက်လာ သော ပစ္စည်း ကိရိယာများကို မြင်းကောင်းတစ်စီး ဟု တင်စား ဆိုရပါလျှင်၊ အဆိုပါ မြင်း ကို အမြင့်ဆုံး စွမ်းအင် ဖြင့် ပြေး ရန် မှာ မြင်းစီးသူ က ဇက်ကြိုး ကို နိုင်ရန် လိုအပ် မည် ဖြစ်ပါသည်။
Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/