ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေးနဲ့ အပြန်အလှန် sms ပို့တဲ့အခါ


မေသော် on 2014-05-02 15:56

ကိုယ့်မှာ စိတ်ဝင်စားရမယ့် ကောင်လေးတစ်ယောက်ရှိနေပါပြီ။ သူနဲ့အပြင်မှာလည်း မေးထူးခေါ်ပြော ထက်ပိုတဲ့ အကြည့်တွေ၊ အပြုံးတွေနဲ့ ခုဆို တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း sms အသွားအလာလေး တွေတောင် ရှိနေကြပြီဆိုပါတော့။ ဒါပေမယ့် အဲ့ဒီကောင်လေးကို sms ပို့တဲ့အခါ ကိုယ်ကချည်း စွတ်ပို့၊ စွတ်မေးနေတာမျိုးတွေ မဟုတ်ဘဲ အပြန်အလှန်လည်းဖြစ်မယ်၊ သူလည်း ကိုယ့်ကို ပိုစိတ်ဝင်စားလာမယ်၊ ကိုယ့်ဘက်က သူ့ကို စိတ်ဝင်စားမှန်း သူ ရိပ်မိနိုင်ပေမယ့် ဟုတ်မှဟုတ်ရဲ့လား လို့လည်း တွေးနေလိမ့်မယ်။ ကိုယ့်အကြောင်းတွေ သူ့ခေါင်းထဲတ၀ဲလည်လည် ဖြစ်နေအောင် sms ပို့တဲ့အခါ သတိထားရမယ့် အချက် (၄) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူ့ကိုယ့်ကို sms ပို့လို့ ကိုယ်ပြန်ပို့မယ့်စာကြောင်းဟာ တစ်ကြောင်းထက် မပိုပါစေနဲ့။ သူ့စိတ်ထဲ ပိုသိချင်စိတ်ဖြစ်လာအောင် ထားထားလိုက်ပါ။ သူက နည်းနည်းပြောတာနဲ့ ကိုယ်က အများကြီးပြန်ပြော တာမျိုး ရှောင်ပါ။ စာကြောင်းကလည်း သူ့ထက် ပိုတိုပါစေ။


၂။သူ sms ပို့ပြီး ချက်ချင်းပြန်မပို့ပါနဲ့။ အနည်းဆုံး ၁၀မိနစ်လောက် ခြားပြီးမှ ပြန်ပို့ပါ။

၃။ ပဟေဠိဆန်ဆန်လေးတွေ ၊ သူပိုသိချင်မယ့် အကြောင်းအရာမျိုးလေးတွေ ပြောပေးပါ။ ဥပမာ စသလိုလိုနောက်သလိုလိုနဲ့ ညကအကြောင်းပြောဖြစ်တယ်ဆိုရင် ညကအိပ်မက်က ပျော်စရာကြီး။ ဒါပေမယ့် နင့်ကိုပြောပြလို့တော့ မကောင်းဘူးထင်တယ် ဆိုတာမျိုးပေါ့။

၎။sms ပို့တဲ့အခါ နောက်ဆုံးအစောင်ကို ပို့တဲ့သူဟာ သူပဲဖြစ်ပါစေ။ ဖြစ်နိုင်ရင် သူစပို့ပြီး အဆုံးသတ် ကလည်း သူ့smsပဲဖြစ်နေတာမျိုးကို ပြောတာပါ။

Ref:womenshealthmag.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...