လူကို ပိန်သွယ်စေတယ်လို့ ထင်ရတဲ့ အ၀တ်အစားဒီဇိုင်းများ


မေသော် on 2014-05-02 15:08

ကိုယ်က ခန္ဓာကိုယ်အချိုးအစားကြီးနေလို့ပဲဖြစ်ဖြစ်၊ ရှိသင့်တဲ့အရွယ်အစားထက် ပိုပြည့်နေလို့ပဲဖြစ်ဖြစ် လှည့်စားမှု့လေးတစ်ရပ်လောက် လုပ်ကြည့်ချင်ပါသလား။ မြင်သူတိုင်းက သူအဲ့ဒီလောက်ဝနေတာလည်း မဟုတ်ပါဘူးလို့ ထင်မြင်သွားစေနိုင်တဲ့ အ၀တ်အစားဒီဇိုင်းတွေ ရှိပါတယ်။ ဒါတွေဟာ လူတွေရဲ့မျက်စိကို လှည့်စားပစ်လိုက်ပြီး ဖက်ရှင်ကျဖို့အတွက်လည်း သင့်အတွက် အထောက်အကူ တစ်ရပ်အဖြစ် ထောက် ပံ့ပေးနိုင်ပါတယ်။

၁။ဘောင်းဘီမှာ ဒီလို flare ဘောင်းဘီမျိုးတွေ ပြန်ရှာဝတ်ပါ။ တကျော့ပြန်ခေတ်စားလာတဲ့ ဖက်ရှင်ရေစီးနဲ့ ကိုယ်ပြန်ဝတ်မှာနဲ့ဆို ကွက်တိလောက်ဖြစ်သွားပါပြီ။ ခါးရှည်အင်္ကျံမျိုးနဲ့ တွဲဝတ်ပြီး အပေါ်က တစ်ခုလောက် ထပ်ချင်တယ်ဆိုရင်တော့ Cropလုပ်ထားတဲ့ ရှပ်တစ်ခုခုနဲ့ တွဲဝတ်လိုက်ပေါ့။



၂။လူကိုပိုရှည်မျောမျောဖြစ်စေတယ်လို့ ထင်ရတဲ့ အ၀တ်အစားမျိုးတွေ ၀တ်ပါ။ အရပ်ရှည်သလိုဖြစ်သွားရင် လူကိုလည်း ပိုပိန်တယ်လို့ ထင်တတ်ကြပါတယ်။ ပုံမှာပြထားသလို ဒီဇိုင်းမျိုးဟာ ကိုယ့်ကိုမြင်သူတိုင်း ဆိုက်ဒ်အကြောင်း မတွေးမိပဲ ဖက်ရှင်အကြောင်းပိုတွေးမိသွားစေမှာပါ။



၃။ဆွဲသားနည်းနည်းပါတဲ့ ချည်သားအင်္ကျံfit ဆိုက်လေးတွေ ရှာဝတ်ပါ။ အရမ်းကြီး ကျပ်တဲ့ အင်္ကျံမျိုးတွေတော့ မ၀တ်မိပါစေနဲ့။



၎။အရမ်းမကြီး၊ အရမ်းမကျပ်လွန်း dress မျိုးတွေကို ခုလို ခါးပတ်လေးပတ်ပြီး ၀တ်ဆင်ကြည့်ပါ။



၅။အောက်ပိုင်းနည်းနည်းပွတဲ့ ဘောင်းဘီမျိုးနဲ့ဆိုရင် အင်္ကျံကို အဖြူရောင်ပဲ ရွေးချယ်ပါ။ ဖိနပ်ကိုလည်း အပါး ထက် heel တစ်ခုခုနဲ့ တွဲစီးလိုက်ပါ။



Ref:womenshealthmag.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...