မားစ်ရောဂါ အန္တရာယ် တစ်ကမ္ဘာလုံးကို WHO တပ်လှန့်


ဂျနီဗာ/ မြတ်ဆုကို

ဆော်ဒီအာရေဗျနိုင်ငံတွင် အဓိက ဖြစ်ပွားနေပြီး အရှေ့အလယ်ပိုင်း အပါအ၀င် ကမ္ဘာ့ နိုင်ငံအချို့သို့ ပျံ့နှံ့နေသော မားစ်ဗိုင်းရပ်စ်ပိုး နှင့် ကာကွယ်ရေး လုပ်ငန်းများကို မြှင့်တင်ထားကြဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတိပေးချက် ထုတ်ပြန် တပ်လှန့် လိုက်ကြောင်း သိရသည်။ မားစ် ဗိုင်းရပ်စ်ကြောင့် ဆော်ဒီနိုင်ငံတွင် (၁၅၂) ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ တစ်ဝန်း ဆေးဘက်ဆိုင်ရာ နှင့် နိုင်ငံရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော WHO အထူးကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် အရ မားစ်ဗိုင်းရပ်စ် ပျံ့နှံ့လာရခြင်း အကြောင်းရင်းများ ထဲတွင် ကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အားနည်းခြင်း၊ နိုင်ငံများချင်း သတင်းဖလှယ်မှု အားနည်း သေးခြင်းနှင့် ကူးစက်ခံရ နိုင်ခြေ အများဆုံး နိုင်ငံများသို့ ဗိုင်းရပ်စ်သယ်ဆောင်သူများ ၀င်ထွက် ခြင်းကို စစ်ဆေးမှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ဗိုင်းရပ်စ် ရှိနေပြီဖြစ်သော နိုင်ငံများအနေဖြင့် ကူးစက်မှု ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းများ ပိုတိုးမြှင့်ရန် WHO က တိုက်တွန်းထားသည်။ မားစ် ဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ အသိပညာများကို အစိုးရအဆင့် အသီးသီး သာမက ပြည်သူများပါ သိရှိအောင် ကျယ်ကျယ်ပြန့် ပြန့် ပညာပေးရေးသည်လည်း အရေးကြီး ကြောင်း WHO က ဆိုသည်။

မားစ် ဗိုင်းရပ်စ် ကူးစက်ခံရပါက အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ် ခြင်းမှသည် သွေးလွန် ကာ သေဆုံးခြင်းများ ထိဖြစ်ပွားနိုင်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် နဂိုကျန်းမာရေး မကောင်း သူများ ပိုထိခိုက်နိုင်သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃၀) ရာခိုင်နှုန်းခန့် သေဆုံးကြကြောင်း အမေရိကန်နိုင် ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့က ပြောသည်။ မားစ် ဗိုင်းရပ်စ်ကို ဆော်ဒီ နိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ကုလားအုတ်များမှတစ်ဆင့် လူသို့ ကူးစက် ခြင်းဖြစ်ကြောင်း သုတေသနများက ဆိုသည်။

Source: AFP
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...