ငလျင် လှုပ်လာပြီဆိုပါက
ငလျင်လှုပ်တဲ့အခါ သစ်သား အိမ်တွေကတော့ အလုံခြုံဆုံး အိမ် ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ် အများကြီး ဖြစ်စေပါတယ်။ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။ အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေ ပြိုကျရင် အုတ်ခဲတွေ တစ်ခုစီ ကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။ ငလျင်လှုပ်ချိန်မှာ သင်သည် အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေလိုက်ပါ။ အဓိကတော့ ဦးခေါင်းပေါင်းက ပိုအရေးကြီးပါတယ် ခေါင်းကို ထိခိုက်ခြင်း နည်းပါးစေရန် ဖော်ပြသည့် အတိုင်း မဖြစ်ပါက လက်နှစ်ဖက်နဲ့ ဦးခေါင်းကို မိုးပေးထားရပါလိမ့်မည် ။ သက်ကြီးအိုများ လူနာများရှိပါက စောင်ထူထူကို ဖုံးပေးထားလိုက်ပါ ။ ကွင်းပြင်ကို အရောက်ထွက်နိုင်တယ် သွားနိုင်ရင်တော့ ပိုကောင်းပါသည် ။ ညဘက်ချိန်ခါ အိပ်ချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ ပုဇွန်တုပ်ကွေး ကွေးပြီးကုတင်ဘေး ဒါမှ မဟုတ် အောက်ကို ဝင်ရောက်နေရာယူလိုက်ပါ ။ အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖ...