တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ သာ သုံးတဲ့ သူဌေးတစ်ဦး
Steve Smith လို့ အမည်ရတဲ့ အသက် ၅၂ နှစ် အရွယ် ဗြိတိန်နိုင်ငံသား အမျိုးသားဟာ သန်းကြွယ် သူဌေး တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ ဖြင့်သာ အသက် ရှင် နေထိုင်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။
အကြောင်းကတော့ ချွေတာချင်လွန်းလို့တော့ မဟုတ်ပါဘူး။ သူ့ အမျိုးသမီး ဖြစ်သူဟာ တစ်ရက် ကို ဗြိတိန်ပေါင် ၂၀ သာ အသုံးစရိတ် ထုတ်ပေး လို့ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ လက်ထဲမှာ ငွေ ရှိရင် ရှိသလောက် သုံးတတ်တဲ့ အလေ့ အထကြောင့် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သား အရွယ်က စတိုးဆိုင် တစ်ဆိုင်ဖွင့်ဖို့အတွက် အဖေဖြစ်သူ ဆီကနေ ပေါင် ၅သောင်း ချေးခဲ့ပါတယ်။ အောင်မြင်သွားတဲ့ အခါ ၂၀၀၀ ခုနှစ် အရောက် မှာတောင် ဗြိတိန်ပေါင် သန်း ၅၀ နဲ့ ရောင်းချခဲ့ပါတယ်။ ယင်းကနေ ရရှိ တဲ့ ငွေတစ်ဝက်ကို သူချေးထားတဲ့ မိဘထံကို ပြန်လည် ပေးအပ်ခဲ့ပါတယ်။
ပြီးတော့ ကျန်တစ်ဝက်ပြီး နေထိုင်ပြီး စီးပွားရေး ပြုလုပ်ရာ ယနေ့တိုင် သန်းကြွယ်သူဌေး တစ်ဦး ဖြစ်နေ ပါသေးတယ်။ သူ့အနေနဲ့ကတော့ တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ နဲ့ သုံးလို့ လုံလောက် နေပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ၀မ်းရောဂါ အကြောင်း သိကောင်းစရာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ထိုင်းသင်္ကြန်မှာ ရေနှင့်ဖျော်ပြီး မျက်နှာကို သုတ်သည့် ပေါင်ဒါအကြောင်း တစေ့တစောင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'