အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်နဲ့ ဆီးခံခွက်တွေကို စားစရာများ ထုတ်လုပ်မှုတွေမှာ အသုံးချလာ
ဆန်းသစ် တီထွင်မှုတွေကို ပြုလုပ်ရတာကြိုက်တဲ့ ဂျပန်လူမျိုးတွေက နောက်ထပ်ဖန်တီး မှုအသစ်တစ်ခု ကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ ကလေး ငယ်တွေကော လူကြီး တွေပါ ကြိုက်နှစ်သက် ကြတဲ့ ပြည် တွင်းထုတ် မုန့်အချိုမုန့် လုပ်ငန်းကုမ္ပဏီ က ထုတ်လုပ် လိုက်တဲ့ အမျိုးသမီးသုံး လစဉ်အ တွင်း ခံပစ္စည်း၊ ဆီးခံ ခွက်တွေနဲ့ ပါကင်ထုပ်ထားတဲ့ ဂျယ်လီမုန့် အချိုတွေ ပဲဖြစ်ပါတယ်။
ပုံစံကို အမြင်နဲ့ကြည့်မယ်ဆိုရင် ဘယ်လိုမှ စားချင် စရာ၊ မသတီစရာဖြစ်ပေမယ့်လည်း ထုတ်လုပ်ရေး အနေနဲ့က အကောင်းဆုံးအရသာ ဖော်စပ်မှု၊ အရည် အသွေးတွေ ရှိနေကြောင်း ကြော်ငြာထားပါတယ်။
လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ဂျပန်နိုင်ငံဟာဆိုရင် လိင်နဲ့ပတ် သက်တဲ့ လှုံ့ဆော် မှုများ၊ အသိပညာပေး ဆွေးနွေးခြင်းများကို အမြဲလိုလိုသရုပ်ပြလုပ် ဆောင်ကြတာမျိုးတွေ ရှိပါတယ်။
ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာနဲ့စပ်ဆက်မှုရှိတဲ့ ပစ္စည်းတွေကို အစားအစာများ အဖြစ်ပြောင်းလဲ ထုတ်လုပ်လိုက် တာက ပြည်ပဈေးကွက်က ဈေး ဝယ်သူတွေအတွက် မရင်းနှီးစရာ၊ မအပ်စပ် စရာဖြစ်သော်လည်းပဲ ပြည် တွင်းက စားသုံး သူတွေအတွက်တော့ မစိမ်းနိုင်ကြောင်းကို စားသုံးသူတစ်ဦးက သုံးသပ်ပြောကြားပါတယ်။
ဒီ အချိုမုန့် ဂျယ်လီကို ဈေးကွက်ထဲကို စတင်ဖြန့်ဖြူးနေပြီး မုန့်အရသာအနေနဲ့ စတော် ဘယ်ရီ၊ စပျစ်၊ ချယ်ရီ၊ တို့နဲ့ စားသုံးနိုင်မှာဖြစ်ကာ အရသာကောအမြင်ပါ လှပဆန်းသစ် စေမယ့် ခံစားမှုများကို ခံစားရနိုင်မှာပဲဖြစ် ပါတယ်။
Phothutaw
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လူငယ္လူရြယ္မ်ားကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) Battery နှင့် Cell များအကြောင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး