လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း
လူငယ် လူရွယ်များ ဟာ လေဖြတ်ခြင်းကြောင့် ဖြစ် ပွား ရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာ မကျန်း ဖြစ်မှုတွေ ဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက် လာနိုင်ဖွယ်ရှိကြောင်း သုတေသန တစ်ခုမှာ ဖော်ပြထားပါ တယ်။ အသက်၂၀ မှ ၄၀ အတွင်း ရှိသူများမှာ လေဖြတ်ခြင်းကို ကြုံတွေ့ ခံစား လာရခြင်းဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း ၂၀ ခန့်က ထက်လေဖြတ်သူ စုစုပေါင်းမှာ ၃၁% ရှိလာတယ် လို့ ထိပ်တန်းဆေးပညာ ဂျာနယ် တစ်စောင် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၀ ခုနှစ်တုန်းက ၂၅%ပဲ ရှိရာကနေ တိုးလာ တာဖြစ်ပါတယ်။
အသက်၂၀နှစ်အောက် လူငယ်တွေမှာ လေဖြတ်ခြင်းကို ခံစားရသူတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာ လုံး အရေအတွက်အရဆိုရင် ၈၃၀၀၀ ဦးရှိလာနေပြီး ဒါဟာလေဖြတ်ရောဂါ ရှင်တွေရဲ့ ၀.၅%ဖြစ်လာနေ ပါတယ်။ WHO ကတော့ လေဖြတ်ခြင်းရဲ့ ခြိမ်းခြောက်မှုဟာ အသက်ကြီးတဲ့ သူတွေကနေ အသက်ငယ် သူတွေဆီကို ရွေ့လာနေကြောင်း၊ ဒါဟာ ဘ၀နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ဖြစ်ရကြောင်းကို ထောက်ပြ ထားပါတယ်။လူငယ်တွေမှာ ယမကာမှီဝဲ ခြင်း၊ အစားအစာများ ပိုငန်လာခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကယ်လိုရီတွေ တက်လာခြင်းတွေဟာ လေဖြတ်နိုင်ချေကို ပိုများစေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။
ယခင်ကလေဖြတ်ခြင်းကို အသက် ၇၀ကျော် သက်ကြီးရွယ်အိုတွေမှာ ကာကွယ်ကုသမှုတွေလုပ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသက် ငယ်ရွယ်သူတွေကိုပါ အခုအချိန်မှာ အာရုံစိုက်လာရပါပြီ။ နောက်ပြီး လူငယ်တွေ မှာ ဦးနှောက်သွေးကြောပေါက်လို့ဖြစ်ရတဲ့ လေဖြတ်ခြင်းဟာလည်း အရေအတွက် များလာနေ ပါတယ်။
ဒီလေ့လာမှုမှာတော့ လူငယ်တွေ မှာလေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာ မကျန်းဖြစ်မှုတွေဟာလာမယ့် ၂၀၃၀ပြည့်နှစ်မှာ နှစ်ဆတက် လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင် ငံတွေနဲ့ အလယ်အလတ် ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ နိုင်ငံတွေက လူငယ်တွေမှာ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ ပိုမိုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။
သန့်စင်
ref;AFP
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဆူးပုတ် ကြက်ဥကြော် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်နဲ့ ဆီးခံခွက်တွေကို စားစရာများ ထုတ်လုပ်မှုတွေမှာ အသုံးချလာ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး