အသည်းရောင်အသားဝါ စီပိုးရှိသူများကို သုံးလသောက်ဆေးဖြင့် ကုသရန် စီစဉ်
ရန်ကုန်၊ ဧပြီ ၁၉
ကျန်းမာရေး ဝန်ကြီးဌာနတွင် မှတ်တမ်း တင်သွင်းထားပြီး အသည်းရောင်အသားဝါ စီပိုးကြောင့် အသည်းရောဂါ ဖြစ်နေသူများကို ယခုနှစ်အတွင်း သုံးလကြာ သောက်သုံး၍ ရောဂါပျောက်ကင်းနိုင် သည့်ဆေးဖြင့် ကုသရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က The Voice သို့ ပြောကြားသည်။
စတင်မည့် အချိန်ကာလ အတိအကျ မထုတ်ပြန်နိုင်သေးသော်လည်း ပြည်သူ့ဆေး ရုံတိုင်းတွင် ယင်းဆေးဝါးများအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများနည်းတူ မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းကလည်း အသည်းရောင်အသားဝါစီပိုး ကုသဆေးဝါးများ အခမဲ့ပံ့ပိုးပေးရန် လျာထားကြောင်း ၎င်းကဆိုသည်။
အသည်းဖောင်ဒေးရှင်းက အမေရိကန်ပြည်ထောင်စု အခြေစိုက် Clinton Health Access Initiative (CHAI) အကူအညီဖြင့် ဆေးဝါးအခမဲ့ ပံ့ပိုးပေးရန် ညှိနှိုင်းနေကြောင်း ယင်းဖောင်ဒေးရှင်းထံမှ စုံစမ်းသိရှိရသည်။
“အခမဲ့ ဆေးပေးဖြစ်မလား။ စရိတ်မျှ ပေးဖြစ်မလားတော့ မပြောနိုင်သေးဘူး။ အလှုငွေ (ရန်ပုံငွေ) တွေပေါ်မှာ မူတည်တယ်” ဟု ဒေါက်တာခင်ပြုံးကြည်က ဆိုသည်။
အမေရိကန် ဆေးဝါးကုမ္ပဏီများ၏ အသည်းရောင်အသားဝါ စီပိုး ကုသဆေးဝါးများကို ပြည်တွင်းဈေးကွက်တွင် အမေရိကန်နိုင်ငံထုတ်ဆေးကို ကျပ်ခြောက်သိန်းခွဲမှ ကျပ်ကိုးသိန်းဖြင့် လည်းကောင်း၊ ယင်းဆေးကိုပင် အမေရိကန်နိုင်ငံက နည်းပညာဖြင့် အိန္ဒိယနိုင်ငံထုတ်ဆေးကို ကျပ်နှစ်သိန်းခွဲမှ ငါးသိန်းဝန်းကျင်အထိ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရန် အသည်းဖောင်ဒေးရှင်းနှင့် CHAI တို့က ပူးတွဲဆောင်ရွက်လျက် ရှိသည်။
“ငှက်ဖျား၊ တီဘီနဲ့ HIV လူနာတွေ အပြင်မှာ အခုဆေးကို ဝယ်ရလွယ်ကူသလိုပဲ စီပိုးအတွက် သောက်ရတဲ့ဆေးက တစ်နေ့တစ်လုံး သောက်ရတာဆိုတော့ ဆရာဝန် ညွှန်ပေးရင် ဝယ်သောက်လို့ရမယ်။ လွယ်လွယ်ကူကူ ဈေးသက်သက်သာသာလဲ ဝယ်နိုင်မှာ ဖြစ်တဲ့အတွက် အသည်းရောင်အသားဝါ စီပိုး ကူးစက်တာကိုလဲ တားဆီးရာ ရောက်စေတယ်” ဟု အသည်းရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ၂ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံနေရကြောင်း ဆေးသုတေသနဦးစီးဌာနက ဆောင်ရွက်ထားသည့် စစ်တမ်းများအရ သိရသည်။
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) စိတ်သောက ကင်းဝေးနေနိုင်ရေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) UPDATE-SuperSU-v2.46 Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'