ခိုင်ခံ့မှုအဆင့် အကောင်းဆုံးကာဗွန် ဂရပ်ဖင်းဖြင့် ပထမဆုံးအကြိမ် မီးလုံးထုတ်လုပ်မည်

သမန်းကျား၊ ရတနာပုံနေ့ စဉ်

ယူကေ သိပ္ပံပညာ ရှင်များသည် ခိုင်ခံမှု စူပါအဆင့် ရှိသော ကာဗွန်တစ်မျိုးဖြစ်သည့် ဂရပ်ဖင်းကို အသုံးပြုကာ လျှပ်စစ်မီးလုံးကို ပထမဆုံးအကြိမ် ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အများပြည်သူ အသုံးပြုနိုင် ရန် ဖြန့် ဖြူး ရောင်းချပေး သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား သုံးစွဲမှုကို အနဲဆုံး ၁၀ရာခိုင်နှူန်း လျော့ချနိုင် မည်ဖြစ်ကြောင်း သိရသည်။

LED မီးလုံးတွေကို ဂရပ်ဖင်း ထည့်သွင်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီမီးလုံးတွေကို အလင်း အတိုး အလျော့ လုပ်လို့  ရမှာပါ။ ဂရပ်ဖင်းဟာ အလွန်ခိုင်ခံ့တဲ့အတွက် မီးသီးသက်တမ်း ကိုလည်း ရေရှည် ခံစေမှာဖြစ်ပြီး လျှပ်စစ် ဓါတ်အား အသုံးပြုမှုကိုလည်း ၁၀ရာခိုင်နှူန်း အနဲဆုံးလျော့ချနိုင် မှာဖြစ်တဲ့အတွက် စွမ်းအင်ကိုချွေတာရာရောက် သလို မီးလုံးသက်တမ်း ကြာမြင့်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကိုလည်း လျော့နဲစေမှာဖြစ်ပါတယ်ဟု မန်ချက်စတာ တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။

ဂရပ်ဖင်းကာဗွန်ကို မန်ချက်စတာတက္ကသိုလ်က ပထမဆုံးရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ယခု ဂရပ်ဖင်း မီးလုံးကိုလည်း မန်ချက်စကာတက္ကသိုလ်ကပင် ပုံစံရေးဆွဲ ထုတ်လုပ်သွားမည်ဖြစ်ကာ အမျိုးသားဂရပ်ဖင်း တက္ကသိုလ်ကိုလည်း ယခု လ တွင်ပင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဤဂရဖင်းမီးလုံးထုတ်လုပ်နိုင်ရန် ကနေဒါနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော ဂရပ်ဖင်းလိုက်တင်း ကုမ္ပဏီ က ငွေကြေး အကုန်အကျခံထားပြီး ဤကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ ဝင်တစ်ဦးမှာ မန်ချက်စတာတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် လည်း ဖြစ်ကြောင်း သိရသည်။

ဂရပ်ဖင်းကို ၂၀၀၄ခုနှစ်တွင် မန်ချက်စတာတက္ကသိုလ်မှ ရုရှားနိုင်ငံသားသိပ္ပံပညာရှင် အင်ဒရေဂိမ်းနှင့် ကွန်စတန် တင်နိုဗိုဆီလော့ တို့ က ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ ရှိမှုကြောင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူး ရရှိခဲ့သည့်အပြင် ဗြိတိသျှဘုရင်မကြီး၏ သူရဲကောင်းပြုခြင်းကိုလည်း ခံခဲ့ရကြောင်း သိရသည်။

မိုက်ခရိုအဆင့် ပါးလွှာသောဂရပ်ဖင်းသည် စတီးထက်ပင်ပို၍ ခိုင်ခံ့သည့်အတွက် အံ့ဖွယ်သတ္တုအဖြစ် မှတ်တမ်းတင် ထားရှိသည်။ ဂရပ်ဖင်းဆိုင်ရာ သုတေသနနှင့် တီထွင်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အစိုးရက ပေါင်၃၈သန်း အကုန်အကျခံကာ အမျိုးသား ဂရပ်ဖင်းတက္ကသိုလ်ကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး ဥရောပဒေသဖွံ့ ဖြိုးတိုးတက်ရေး ရံပုံငွေအသင်းကလည်း နောက်ထပ် ပေါင်၂၃သန်း ထောက် ပံ့ပေး ထားကြောင်း သိရသည်။

ယူကေသည် ဂရပ်ဖင်းကို ပထမဆုံးတွေ့ ရှိသောနိုင်ငံဖြစ်သော်လည်း နည်းပညာအားဖြင့် တရုတ်၊တောင် ကိုးရီးယား တို့ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရပြီး ယခုဖွင့်လှစ်လို က်သော ဂရပ်ဖင်း တက္ကသိုလ်က ယင်းနိုင်ငံများထက် သာလွန်သော နည်းပညာများကို တွေ့ ရှိဖော်ထုတ် အသုံးပြုနိုင်လိမ့်မည်ဟု အစိုးရက ယုံကြည် ထားကြောင်း သိရသည်။

ဂရပ်ဖင်းကာဗွန်မီးလုံးသည် သာမန် LED မီးလုံးများထက် ပို၍သက်တမ်း ရှည်ကြာမည်ဖြစ်ပြီး အလင်းအတိုး အလျော့ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း ဈေးနှူန်းအားဖြင့်မူ သာမန် LED မီးလုံးများထက် လျော့နဲမည်ဖြစ်ကာ မီးသီးတစ်လုံး လျှင် ၁၅ပေါင်ခန့် ဖြင့် ၀ယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...