တီဘီ နောက်ကွယ်က မမြင်နိုင်သော ၀န်ထုပ်
By ကိုထိုက်
အိန္ဒိယလူမျိုး ကူးမားပယ်လ် တစ်ယောက် လွန် ခဲ့သော နှစ်နှစ်က လမ်းဘေးဆိုင်လေး ဖွင့်ပြီး ဈေး သည် လုပ်နေရာကနေ ဆေးယဉ် တီဘီပိုး ကူး သဖြင့် အိမ်ထဲ အောင်းနေရကာ ကြာလေ စိတ် ဓာတ်တွေ ကျလေဖြစ်ပြီး နောက်ဆုံးမှာ စိတ် ပါ လျှော့လိုက်သည့်ဆီ ရောက်ခဲ့ဖူးသည်။
အဆိုးဆုံး အချိန်တုန်းက သူ့ကိုယ်အလေးချိန် (၇၇) ပေါင်သာကျန်သည်။ သူ့ဆီက တီဘီကူးမှာစိုးလို့ အမျိုးတွေ မိတ်ဆွေတွေလည်း အနားမကပ်။ ပျောက်နိုးနိုးနဲ့ သောက်နေရသည့် စပ်ဆေးတွေကြောင့် သူ့မှာ ဘေးထွက် ဆိုးကျိုးတွေသာ ခံစားနေရသည်။ ထိုစဉ်က သူ့အသက် (၄၀)။ အိပ်ရာထဲမှာသာ အချိန် ကုန်ရသည်။
““ဆေးသောက်လည်း မထူးဘူး။ သေမှာပဲဆိုပြီး စပ်ဆေးတွေ ဖြတ်ပစ်လိုက်တယ်။ ကျွန်တော်သေမှာ မကြောက်ပါဘူး။ မိန်းမနဲ့ ကလေး လေးယောက် ဒုက္ခရောက် ကျန်ခဲ့မှာပဲ စိုးရိမ်တာ”” ဟု ပယ်လ် က ဒေလီမြို့ကြီး အရှေ့မြောက်ဘက်ရှိ ဆန်ဒါနဂရီ ကျူးကျော် ရပ်ကွက် အိမ်ခန်းကျဉ်းလေးထဲ ထိုင်ရင်း ပြန်ပြောင်း ပြောပြသည်။
““အဲဒီလို ဖြစ်နေတုန်း တစ်နေ့မှာ ကျွန်တော့် အတွက် ကယ်တင်ရှင် အိမ်ရှေ့ ရောက်လာတယ်။ အိမ်တိုင် ရာရောက် တီဘီ ကုသရေး အဖွဲ့က လူတွေလေ။ တကယ် ထိရောက်တဲ့ တီဘီဆေးလည်း ပေးတယ်။ အာဟာရဖြစ်မယ့် အစားအသောက်တွေလည်း ပေးမယ်။ ကျန်းမာရေး လေ့ကျင့်ခန်း ဘယ်လို လုပ်ရမယ် ဆိုတာလည်း သင်ပေးတယ်”” ဟု ယခုအခါ ကိုယ်အလေးချိန် ပေါင် (၁၂၀) ကျော်ထိ ပြန်ရောက် လာပြီ ဖြစ်သော ပယ်လ်က ပြောသည်။
ပယ်လ်ကို ကုသပေးခဲ့သည်ကား ဒေလီမြို့ရှိ စိန့်စတီဖန် ဆေးရုံမှ တီဘီအဖွဲ့ ဖြစ်သည်။ တီဘီ ရောဂါကို ကုသပေးရုံ သာမက စိတ်ကိုပါ ကုပေးသောနည်းဖြင့် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံး ရောဂါဆိုးကြီး များထဲက တစ်ခုဖြစ် သော တီဘီကို အောင်မြင်စွာ ချေမှုန်း နိုင်ဖို့ ကူညီခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တီဘီကို ကြိုးစား တိုက်ဖျက် ခဲ့ကြသည့်တိုင် ၂၀၁၃ ခုနှစ်၌ ကမ္ဘာ တစ်ဝန်း တီဘီကူးစက် ခံထားရသူ ကိုးသန်းခန့်ရှိပြီး (၁ ဒသမ ၅) သန်းခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ စာရင်းအရ သိရသည်။
““တီဘီ တိုက်ဖျက်ရေး သမားတွေ သတိမမူ ဂူမမြင်ဘဲ ကွက်ကျန်နေကြတဲ့ တစ်ချက်က တီဘီ ဝေဒနာ ရှင်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာကို ကုစားပေးဖို့ကိစ္စပဲ”” ဟု စိန့်စတီဇန် ဆေးရုံမှ အများပြည်သူ ကျန်းမာရေး ဆိုင်ရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂျွိုက်စ်ဗာဟီလာက ပြောသည်။
““အထူးသဖြင့် ဆေးယဉ် တီဘီပိုးဒဏ် ခံစားနေရ သူတွေဆိုရင် အချိန် နှစ်နှစ်လောက်ယူပြီး ဆေးသောက် ရတယ်။ လူနာဟာ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးဒဏ် ခံရရုံသာမက တီဘီသမားဆိုပြီး လူ့အဖွဲ့အစည်း က ရှောင်ဖယ်ဖယ် လုပ်တဲ့ စိတ်ဝေဒနာကိုလည်း ခံရတယ်။
ကြာလာတော့ လူနာဟာ လောကကြီးကို စိတ်ပျက်၊ စိတ်ဓာတ်လည်းကျပြီး သတ်သေချင် စိတ်ထိ ဖြစ် လာတယ်။ အဲ့လို စိတ်ခွန်အားတွေ ကျဆင်းလာတာရဲ့ ပထမဆုံး ဆိုးကျိုးကတော့ တီဘီ ဆေးပုံမှန် မသောက်ဖြစ်တော့တာပဲ”” ဟု ဗာဟီလာက ပြောသည်။
ဗာဟီလာတို့ တီဘီတိုက်ဖျက်ရေး အဖွဲ့သည် လူနာကို ဆေးရုံတွင် တီဘီ ကုပေးရုံသာမက အိမ်အထိ သွားရောက်ပြီးလည်း စိတ်ခွန်အား ဖြစ်အောင် အားပေးခြင်းကို လုပ်ငန်းစဉ် တစ်ရပ်အဖြစ် စနစ်တကျ ထည့်သွင်း အကောင်အထည်ဖော်သည်။
စာရင်းဇယားများ အရလည်း အိန်္ဒိယ နိုင်ငံတစ်ဝန်း ပျမ်းမျှအားဖြင့် ဆေးယဉ် တီဘီပိုး ဒဏ်ကြောင့် ဆေးသောက် နေရသူများ၏ (၂၃) ရာခိုင်နှုန်းသည် ဆေးပတ်ပြည့်အောင် မသောက်ဘဲ အစီအစဉ်မှ ထွက်သွားကြကြောင်း တွေ့ရချိန်တွင် ဗာဟီလာတို့၏ အိမ်တိုင်ရာရောက် စိတ်ခွန်အားပေး တီဘီ တိုက်ဖျက်ရေး အစီအစဉ်မှ ထွက်ခွာသူက (၅ ဒသမ ၇) ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။
သေဆုံးနှုန်းတွင်လည်း တစ်နိုင်ငံလုံး ပျမ်းမျှ တီဘီဝေဒနာရှင် (၂၃) ရာခိုင်နှုန်း သေဆုံးနေချိန်တွင် ဗာဟီလာတို့ အစီအစဉ်တွင် ပါဝင်သူများက (၆ ဒသမ ၉) ရာခိုင်နှုန်းသာ သေဆုံးသည်။
အိန္ဒိယတွင် ပျမ်းမျှအားဖြင့် တစ်နှစ်ကို တီဘီပိုး အသစ် ကူးစက်ခံရသူ (၂ ဒသမ ၂) သန်းလောက်ရှိပြီး သေ ဆုံးနှုန်း က တစ်နှစ် သုံးသိန်းကျော်ရှိသည်။
မည်သည့် တီဘီပိုးမဆို အ နည်းဆုံးတော့ လနဲ့ချီပြီး ဆေးပတ် မပြတ်အောင် သောက်ရသည်။ ချောင်း ဆိုးခြင်း၊ တစ်ခါတစ်ရံ ချောင်းဆိုး သွေးပါခြင်း၊ ရင်ဘတ်အလွန်အမင်း အောင့်ခြင်း၊ ကိုယ်အလေးချိန် ကျ ဆင်းခြင်း၊ ဖျားခြင်းများသည် တီဘီ လက္ခဏာများ ဖြစ်သည်။
အိန်္ဒိယ လက်ရှိ တီဘီအစီအစဉ် အရ လူနာတစ်ဦးသည် မိမိ ဆေးယူနေသော ကျန်းမာရေး ဌာနသို့ တစ်ပတ် ခြောက်ရက် မှန်မှန် သတင်းပို့ရသည်။ ၁၉၉၃ ခုနှစ်ကစပြီး ကျင့်သုံးသော အစီအစဉ်အရ ထိုစဉ်မှ ယခုထိ ဆေးယူသူ (၁၉) သန်းအနက် (၃ ဒသမ ၄) သန်းကိုသာ ပျောက်ကင်းသည် အထိ ကုသ ပေးနိုင် ခဲ့ကြောင်း သိရသည်။
တီဘီ တိုက်ဖျက်ချင်လျှင် ဆေးဝါး တစ်ခုတည်း ပေးနေရုံနှင့် မလုံလောက်ဟု ကျွမ်းကျင်သူများက သုံးသပ် ထောက်ပြသည်။ တီဘီ ဝေဒနာရှင် အများအပြားသည် အလုပ်လက်မဲ့ ဖြစ်နေကြသည်၊ အာဟာရ ပြည့်အောင် မစားနိုင်၊ ကျန်းမာရေးနဲ့ ညီသည့် နေအိမ်မျိုးမှာ မနေရ၊ ကျန်းမာရေး စောင့်ရှောက် မှုကောင်း မခံယူရဘဲ ဖြစ်နေကြရာ ထိုသို့သော မပြည့်စုံမှုများသည် တီဘီဆေးကို ကာလရှည် မပြတ်တမ်း သောက်ဖြစ်ဖို့ ခက်စေသည့် အကြောင်းများ ဖြစ်သည်။
““တီဘီ ဝေဒနာရှင်ရဲ့ မိသားစုကို ဆွေးနွေး အားပေးတာမျိုး၊ အာဟာရပြည့် အစားအသောက် ထောက် ပံ့ပေးတာမျိုး၊ ငွေရေးကြေးရေး အဆင်ပြေအောင် ဖန်တီး ပေးတာမျိုးနဲ့ပါ တွဲလုပ်နိုင်မှ တီဘီ တိုက်ဖျက်ရေး ပိုထိရောက်မယ်”” ဟု မွမ်ဘိုင်းမြို့ရှိ ဟင်ဒူဂျာဆေးရုံမှ အကြံပေး အတိုင်ပင်ခံ ဆရာဝန်ဇာရီရာ ဒါဝါဒီယာက British Mediacal Journal တွင် အကြံပြုရေးသားသည်။
ဆန်ဒါနဂရီ ကျူးကျော် ရပ်ကွက်သည် လူခုနစ်သောင်းလောက် နေထိုင်ကြပြီး တီဘီဟူသည် လူတော်တော် များများ ဖြစ်ပွားနေသော ရောဂါဖြစ်သည့်တိုင် တီဘီဖြစ်ခြင်းသည် ၀ိုင်းကြဉ်ခံရမည့် နာမည်ဆိုးပါ တွဲပါနေ ဆဲ ဖြစ်သည်။ တီဘီ ဖြစ်နေသူကို အိမ်ကနှင်ချခြင်းမျိုး၊ အလုပ် ထုတ်ပစ်ခြင်းမျိုး၊ ရပ်ကွက်ထဲက မောင်း ထုတ်ခြင်းမျိုးထိ ဖြစ်ပွားလျက်ရှိသည်။
““တီဘီဆေး လက်ထဲ ထည့်ပေးလိုက်ရင် အောင်မြင်ပြီ ထင်နေကြတယ်။ တီဘီ ဝေဒနာရှင် ရင်ထဲမှာ ဘာဖြစ်နေလဲ သိအောင် မေးတဲ့လူ သိပ်ရှားတယ်”” ဟု ဆန်ဒါနဂရီ ရပ်ကွက်ရှိ တီဘီ ဝေဒနာရှင်များ၏ အိမ်များထိ သွားရောက်ပြီး စိတ်ကျန်းမာရေး ခွန်အား ပေးနေသော စိန့်စတီဖန် ဆေးရုံအဖွဲ့မှ ရာဗီကူးမား မီရှာရာက ပြောသည်။
““လူနာတွေ အများဆုံးပြောတဲ့ ကိစ္စက သူတို့ မျှော်လင့်ချက် မဲ့နေတယ်ဆိုတဲ့ ကိစ္စပဲ။ သူတို့မှာ မျှော်လင့် ချက် ရှိတယ်ဆိုတာ မြင်သာအောင် ကျွန်တော်တို့က ပြောပြတယ်။ အားပေးတယ်။ ချက်ချင်းကြီးတော့ မသိသာပေမယ့် လူနာတွေအိမ် မကြာမကြာ သွားအားပေးတဲ့ အခါကျတော့ ကျွန်တော်တို့ကိုလည်း လူနာတွေ ယုံကြည်လာပြီး မျှော်လင့်ချက်လည်း ပိုထက်သန် လာကြတယ်။ အကျိုးဆက် အဖြစ် ကတော့ ဆေးပတ်ပြည့်သည် အထိ သောက်ဖြစ်ပြီး ရောဂါ ပျောက်သွားကြတာပဲ”” ဟု မီရှာရာက ပြော သည်။
စိန့်စတီဖန် ဆေးရုံအဖွဲ့၏ အိမ်တိုင်ရာရောက် စိတ်အားပေး ကုသ အစီအစဉ်ကို ၂၀၀၉ ခုနှစ်က စတင် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ဆင်းရဲသော မိသားစုများမှ တီဘီ ဝေဒနာရှင်များ အတွက် ကြက်ဥ၊ ဘဲဥ၊ နွားနို့ စသည့် ပရိုတိန်းဓာတ် ကြွယ်ဝသော အစားအသောက်များလည်း ပံ့ပိုးပေးသည်။ တီဘီ ဝေဒနာရှင်သည် အားဖြစ်အောင် စားဖို့ အလွန် လိုအပ်သည်။
တီဘီ ဝေဒနာရှင်၏ မိသားစုများ ၀င်ငွေရနိုင်ရန် အတွက်လည်း အစိုးရ၏ လူမှုဖူလုံရေး အစီအစဉ်များတွင် ပါဝင်နိုင်ရန် စိန့်စတီဖန် အဖွဲ့က ချိတ်ဆက်ပေးသည်။ အတိုးနှုန်းနည်းစွာဖြင့် ပိုက်ဆံချေးနိုင်အောင်၊ တီဘီ ဝေဒနာသည်၏ မိသားစုဝင်များ အစိုးရက ပို့ချသော အသက်မွေး ၀မ်းကျောင်း ပညာများ သင် ယူနိုင်အောင်လည်း စီစဉ်ပေးသည်။ ထိုနည်းဖြင့် မိသားစုများ ၀င်ငွေပုံမှန် ရရှိအောင် ဖန်တီးပေးခြင်းဖြင့် တီဘီ ဝေဒနာသည် ဆေးဆက်မပြတ် သောက်နိုင်စေမည့် အခြေအနေမျိုး ဖန်တီးပေးသည်။
စိန့် စတီဖန် ဆေးရုံအဖွဲ့၏ အိမ်တိုင်ရာရောက် စိတ်ခွန်အားပေး တီဘီ ကုသရေး အစီအစဉ်ကို United Way Worldwide ပရဟိတ အဖွဲ့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။ အိမ်တိုင်ရာရောက် စိတ်ခွန် အားပေး အစီအစဉ်သည် ထိရောက်သောကြောင့် နိုင်ငံလုံးချီ တီဘီ တိုက်ဖျက်ရေး အစီအစဉ် တစ်စိတ် တစ်ပိုင်းအဖြစ်ပါ ထည့်သွင်းသင့်ကြောင်း စိန့်စတီဖန် ဆေးရုံမှ ဆရာဝန်များက နှိုးဆော် ပြောကြားလျက် ရှိသည်။
““တီဘီကြောင့် အဆုတ် တစ်ခုတည်း ထိခိုက်တာ မဟုတ်ဘူး။ စိတ်ကျန်းမာရေးကိုပါ ထိခိုက်တယ်။ စိတ်ခွ န်အား ကျဆင်းသွားရင် တီဘီဆေးပတ် ပြည့်အောင် သောက်ဖို့ပါ ခက်ခဲ သွားရတယ်။ တီဘီကြောင့် စိတ်ကို ထိတာဟာ မမြင်နိုင်တဲ့ ၀န်ထုပ်ဝန်ပိုးပဲ။ တီဘီကို အမြစ်ဖြုတ်ချင်ရင် စိတ်ကျန်းမာရေး ပြဿနာ ပြေ လည်အောင် ရှင်းဖို့ နည်းလမ်းပါး ရှာကြရမယ်”” ဟု ဗာဟီလာက မှတ်ချက်ပေး ပြောကြားသည်။
Ref: Indian doctors find success in tackling the 'invisible burden' of tuberculosis By Nita Bhalla (Reuters)
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ခိုင်ခံ့မှုအဆင့် အကောင်းဆုံးကာဗွန် ဂရပ်ဖင်းဖြင့် ပထမဆုံးအကြိမ် မီးလုံးထုတ်လုပ်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) လက်ဖ၀ါးနုနု ပိုင်ရှင်ဖြစ်ဖို့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'