Galaxy Note 3 SM-N900S ကို KSUBMI8 Jellybean 4.3 Firmware နဲ့ Upgrade လုပ်မယ်...

Galaxy Note 3 SM-N900S အသုံးပြုသူများ မိမိတို့ရဲ့ Device တွေကို update လုပ်ချင်တယ်ဆိုရင်  နောက်ဆုံးထွက်တဲ့ KSUBMI8 Jellybean 4.3 Firmware နဲ့ update လုပ်နိုင်ပါတယ်...



Galaxy Note 3 SM-N900S အတွက်ပဲ update လုပ်လို့ ရမှာပါ... မိမိတို့ ဖုန်း model သေချာစစ်ပြီးမှ လုပ်ဖို့ အကြံပေးချင်ပါတယ်... အဆိုးအကောင်းအားလုံးဟာ ပြုလုပ်တဲ့ ကာယကံရှင်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်..

ဖုန်းကို လွယ်လွယ်ကူကူနဲ့ upgrade လုပ်လို့ရနိုင်ပါတယ်... ဦးစွာ မိမိတို့ ဖုန်း Model ကို စစ်ဆေးပါ... ပြီးရင်တော့ backup လုပ်ထားဖို့ လိုပါလိမ့်မယ်... ဖုန်းထဲမှာ ရှိတဲ့ Audio,Video and Image files တွေအားလုံးကို External SD card ထဲကို ပြောင်းထည့်ထားပါ...

Galaxy Note 3 SM-N900S ကို Upgrade မလုပ်ခင် ဖုန်းဘထရီးကို အားအပြည့်သွင်းထားပါ... Settings > Applications > Development မှာ USB debugging ကို On လုပ်ထားပါ... 

ဖုန်းကို KSUBMI8 Jellybean 4.3 Firmware နဲ့ upgrade လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆို ရင်တော့ အောက်မှာပေးထားတဲ့ firmware နဲ့ Google Apps တွေကို ဒေါင်းယူလိုက်ပါ...

1.[Firmware Download] KSUBMI8 Jellybean 4.3 Firmware.
2. [Google Apps download] Google Apps on your Laptop/PC. (ဒီဖိုင်ကို ကွန်ပြူတာထဲကို ဒေါင်းပြီးရင် extract မလုပ်ပါနဲ့....) 

အပေါ်က ဒေါင်းယူထားတဲ့ firmware and google apps တွေကို မိမိရဲ့ Galaxy Note 3 SM-N900S ဖုန်းထဲမှာရှိတဲ့ SD card ထဲကို ကူထည့်လိုက်ပါ... ပြီးရင် ဖုန်းကို turn off လုပ်လိုက်ပါ...

ဖုန်းကို debugging mode နဲ့ ပြန်ဝင်ပါ... အဲဒီလို ၀င်ဖို့အတွက် Power ခလုတ်ကို ဖိထားရင်း Volume Down Key နဲ့ Home Key နှိပ်ပါ... အဲဒီအချိန်မှာ သတိပေးတဲ့ message တခုဝင်လာရင် Volume Down key ကို နှိပ်လိုက်ပါ... ဒါဆိုရင် ဖုန်းဟာ debugging mode ထဲကို ၀င်သွားပါပြီ...

မိမိရဲ့ ဖုန်းဟာ recovery မှာ ရှိနေတဲ့အချိန်မှာ “wipe data factory reset” နဲ့ “wipe cache partition“ ကို select လုပ်လိုက်ပါ... အဲဒီနောက် Main menu ကို ပြန်သွားပြီး “Install Zip from SD card” ကို select လုပ်ပါ... နောက် စောစောက ကူထားတဲ့ SD card  ထဲက firmware zip file ကို ရွေးပြီးတော့
Install လုပ်လိုက်ပါ...

Google apps ကိုလည်း အပေါ်ကနည်းအတိုင်း install ဆက်လုပ်ပါ...

Installation process အားလုံး ပြီးသွားရင်တော့ recovery menu ကို ပြန်သွားပြီး မိမိရဲ့ဖုန်း Galaxy Note 3 SM-N900S ကို reboot လုပ်ပါ.... ဖုန်းပြန်ပွင့်လာရင်တော့ KSUBMI8 Jellybean 4.3 firmware အသစ်လေးနဲ့ လန်းနေတဲ့ မိမိရဲ့ Galaxy Note 3 SM-N900S ဖုန်းကို တွေ့မြင်ရမှာပါ... 

Good Luck.... ကိုမျိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...