Facebook Page မှာ Call-to-Action Button ထည့်သွင်းနည်း


Facebook ရဲ့ Call-to-Action Buttons ကို ကမ္ဘာအနှံ့ရှိ နိုင်ငံအများအပြားမှာ ထည့်သွင်းခွင့်ပြု လိုက်ပါပြီ။ ဒီစွမ်းဆောင်ချက်ကို ၂၀၁၁ ဒီဇင်ဘာလမှာ အမေရိကန်မှာ စတင် မိတ်ဆက်ခဲ့တာပါ။ အဲဒီ Button ဟာ ဘယ်လို အသုံးဝင်လဲ ဆိုတာ မေးစရာ ရှိပါတယ်။ ရိုးရှင်းတဲ့ အဖြေကတော့ သင့်ရဲ့ Facebook Fans တွေ အနေနဲ့ သင်ပြုလုပ်စေချင်တဲ့ အလုပ်ကို ထင်ထင် ရှားရှားမြင်တွေ့နိုင်စေ ပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းသုံး Facebook Page တွေအတွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

ဘယ်လို Call-to-Action Buttons တွေကို အသုံးပြုနိုင်သလဲ?

Facebook Page တစ်ခုအနေနဲ့ သူ့ရဲ့ Fan တွေအတွက် Call-to-Action Button ကို အသုံးပြုပြီး Mailing List မှာ Sign Up လုပ်ခိုင်းတာ၊ Bookings မှာယူခွင့်ပြုတာ၊ အွန်လိုင်းအရောင်းဆိုင် ၀က်ဆိုက်ကို သွားခိုင်းတာ၊ App နဲ့ ဂိမ်းတစ်ခုကို အသုံးပြုခိုင်းတာ၊ ဗီဒီယိုတစ်ခု ကြည့်ခိုင်းတာတို့ကို ပြုလုပ်နိုင်ပါတယ်။ အဲဒီခလုတ်ကို Cover Image ကဏ္ဍမှာ ပြသပေးထားတဲ့အတွက် ထင်သာမြင်သာ ရှိစေပါတယ်။


Call-to-Action Buttons တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

o Shop Now
o Sign Up
o Book Now
o Contact Us
o Use App
o Play Game
o Watch Video

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကတော့ “Donate Now” Button ကိုပါ ထည့်သွင်းခွင့် ရကြပါတယ်။

Call-to-Action Button ထည့်သွင်းခြင်း

Call-to-Action Button ထည့်သွင်းဖို့ သင့်ရဲ့ Page ကိုသွားပါ။ Cover Image Section မှာ ခလုတ်ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အောက်ကပုံမှာတော့ Sign Up ခလုတ်ဖြစ်ပါတယ်။ Sign Up ကိုနှိပ်ပြီး Edit ကိုနှိပ်ပါ။ Choose a button မှာ အပေါ်မှာ ဖော်ပြထားတဲ့ ခလုတ် အမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။ Website မှာ ၀က်ဆိုက်လိပ်စာထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။


နောက်အဆင့်မှာ iOS User တွေက ခလုတ်ကို နှိပ်ရင် Website ကို ပို့ပေးရမလား၊ App ကိုဖွင့်ပေးရမလားဆိုတာ သတ်မှတ်ပါ။ သင့်ရဲ့ ၀က်ဆိုက်ကိုပဲ ညွှန်းချင်ရင် Website ကို ရွေးပေးပါ။



နောက်အဆင့်မှာတော့ Android User တွေအတွက် Website ကိုပဲ ရွေးပေးပါ။ ပြီးရင်တော့ Save Changes ကိုနှိပ်ပါ။

Call-to-Action Button ရဲ့ အရေးပါပုံ

Facebook ပေးတဲ့ ဥပမာ တစ်ခုကတော့ “Sign Up” Button ကို သုံးပတ်ကြာ စမ်းသပ် အသုံးပြုတဲ့ Dollar Shave Club ဟာ ၂.၅ ဆလောက် ရောင်းအားမြင့်တက်သွားတယ်လို့ ဆိုပါတယ်။ “ Sign Up “ Button သာမကဘဲ လစဉ်လတိုင်း ကွဲပြားတဲ့ ခလုတ်တစ်ခုကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။ ဥပမာ အားဖြင့် သင့်ထုတ်ကုန်အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုကို ကြည့်ခိုင်းစေတာမျိုးဖြစ်ပါတယ်။

MyanmarDigitalLife
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...