Google က Hardware များအတွက် Google Store ကို ဖွင့်လှစ်
Google က Google Play Store မှ နေ၍ Hardware ထုတ်ကုန်များ ရောင်းချခြင်းကို ရပ်ဆိုင်း လိုက်ပြီး Hardware များအတွက် သီးသန့် Google Store ကို ဖွင့်လှစ်ပေး လိုက်ပါသည်။
Google က အခြား ကုမ္ပဏီများနှင့် တွဲဖက် ထုတ်လုပ်သည့် Hardware ထုတ်ကုန်များကို Google Store မှနေ၍ ရောင်းချပေးမည် ဖြစ်သည်။ Google Store ကို www.store.google.com မှနေ၍ သွားရောက်နိုင် မည် ဖြစ်သည်။ အဆိုပါ စတိုးတွင် Nexus Phones, Nexus Tablets, Chromecast, Chromebooks, Android Wear Devices , Nexus Player များနှင့် Accessories များဖြစ်သည့် Cases, Keyboards, Charger များကို ရောင်းချပေးမည် ဖြစ်သည်။
ထို့အပြင် Google ၏ Hardware များတွင် Search , Maps, YouTube တို့ကဲ့သို့ ၀န်ဆောင်မှုများကို အသုံးပြုနည်း များကိုလည်း ပြသပေးမည် ဖြစ်သည်။ Google က အရောင်းမြှင့်တင်သည့် အနေဖြင့် Google Store တွင် ၀ယ်ယူသည့် ပစ္စည်းများကို အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်သည်။ Google Play Store တွင်မူ Apps, Media များကို ဆက်လက်ရောင်းချပေးမည် ဖြစ်သည်။
MyanmarDigitalLife
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Facebook Page မွာ Call-to-Action Button ထည့်သွင်းနည်း Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး
- (အနောကျသို့) အမျိုးသား တစ်ဦးအဖြစ် ၄၃ နှစ်ကြာအောင် ဟန်ဆောင်ခဲ့သော အမျိုးသမီး Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး