Albino (ခေါ်) အာဖရိကန်လူဖြူ....

African Albinos Never Seen Before

ပုံတွေကတော့ အာဖရိကမှ Albino လို့ခေါ်တဲ့ မွေးရာပါ တကိုယ်လုံးဖွေးဖွေးဖြူနေတဲ့ အာဖရိကန် လူမျိုးတွေပါ... လူမည်းအကြားထဲမှာ အဲဒီလို ထူးထူးခြားခြား မွေးရာပါ တကိုယ်လုံးဖြူနေတာဟာ သူတို့အတွက် အန္တရာယ်အလွန်များတယ်လို ဆိုပါတယ်... ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေဟာ ချမ်းသာကြွယ်ဝမှုတွေ... ကံကောင်းခြင်းတွေ ဖြစ်စေတယ်လို့ အာဖရိကန် လူမည်းတွေက ယုံကြည်ထားကြလို့ပါ... ဥပမာ... တံငါသည်တွေဆိုရင် သူတို့ရဲ့
ငါဖမ်းပိုက်ကွန်တွေကို Albino လူဖြူတွေရဲ့ ဆံပင်တွေနဲ့ လုပ်ထားပါတယ်.... အဲဒီလိုလုပ်ခြင်းအားဖြင့် ငါဖမ်းတဲ့အခါကျရင် ငါတွေအမြောက်အများ ရတယ်လို့ ယုံကြည်ထားကြလို့ပါ... တန်ဇန်နီးယား (Tanzania) နဲ့ ဘူရန်ဒီ(Burundi) နိုင်ငံတွေမှာဆိုရင် Albino လူဖြူတွေကို လိုက်လံရှာဖွေ သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်... အဲဒါကြောင့်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့အတွက် နေရာထိုင်ခင်းတွေ စီစဉ်ပေးပြီး  အကာအကွယ်ပေးထားရတယ်လို ဆိုပါတယ်...။

African Albinos Never Seen BeforeAfrican Albinos Never Seen BeforeAfrican Albinos Never Seen BeforeAfrican Albinos Never Seen BeforeAfrican Albinos Never Seen BeforeAfrican Albinos Never Seen BeforeAfrican Albinos Never Seen Before
ကိုးကား...Internet/Samir 4one/By Ko Myo
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...