သုက်ကောင်၏ ကျန်းမာရေး (+18)


photo:google

သုတ်ကောင်တွေရဲ့ ကျန်းမာရေးဟာ အမျိုးသားတွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ အသက်အရွယ်အလိုက် ဘယ်လိုပြောင်းလဲနေသလဲဆိုတာကို သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ -
အသက် ၁၄ နှစ်အရွယ်အထိ ကောင်လေးတွေရဲ့ သုတ်ကောင်တွေဟာ ပြည့်ပြည့်၀၀ မဖွံ့ဖြိုးသေးတဲ့အတွက် မျိုးအောင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ မျိုးအောင်ခဲ့ရင်တောင် ချို့ယွင်းချက်ပါတဲ့ကလေး၊ မျိုးဗီဇပုံမှန်မဟုတ်တဲ့ ကလေးမျိုး မွေးဖွားလာနိုင်ခြေများပါတယ်။

အသက် ၂၀ အရွယ်မှာ -
တခြားအသက်အရွယ်တွေနဲ့ ယှဉ်ရင် အမျိုးသားတစ်ယောက်ရဲ့ ဘ၀မှာ သုတ်ကောင်အဖွံ့ဖြိုးဆုံး အချိန်ဖြစ်ပြီး ဒီအချိန်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ရင် ကလေးရနိုင်စွမ်းအမြင့်မားဆုံးနဲ့ မွေးရာပါ ချို့ယွင်းချက် ပါတဲ့ကလေး မွေးဖွားနိုင်ခြေ အနည်းဆုံး ဖြစ်နေတ်ပါတယ်။ သင့်အနေနဲ့ သုတ်ကောင်အရည်အသွေးကို ကောင်းမွန်အောင်ထိန်းထားချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးဖို့လို ပါတယ်။ ဒီအသက်အရွယ်ကတည်းက လေ့ကျင့်ခန်းကို ပုံမှန်လုပ်သွားတဲ့ အမျိုးသားတွေဟာ အသက်ကြီးလာချိန်မှာ ပန်းသေပန်းညှိုးရောဂါ ခံစားရနိုင်ခြေ ၇၀ရာခိုင်နူန်းလျော့နည်းတတ်ပါတယ်။

အသက် ၃၀ အရွယ်မှာ -
အသက် ၃၀ အရွယ်ရောက်လာတဲ့အခါ အမျိုးသားတွေရဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏက စတင်လျော့ကျသွားတတ်တာကြောင့် သုက်ကောင်ထွက်ရှိနူန်းနည်းလာကာ စွမ်းဆောင်နိုင်အား လည်း လျော့နည်းလာတတ်ပါတယ်။ အသက် ၃၅နှစ်ကျော်လာတဲ့ အမျိုးသားတစ်ယောက်ဟာ အသက် ၂၅နှစ်အရွယ် အမျိုးသားနဲ့ ယှဉ်ပါက မျိုးအောင်နိုင်ခြေ နှစ်ဆလျော့နည်းတတ်ပါတယ်။ သုက်ကောင်ရဲ့ ဒီအင်န်အေထိခိုက်တာဟာ ကလေးမွေးဖွားရာမှာ ချို့ယွင်းချက်ပါတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒီအရွယ်မှာ ပဲပိစပ်နဲ့ လုပ်ထားတဲ့ အစားအသောက်တွေကို ရှောင်ပြီး ကမာ၊ ပဲ စတဲ့ သွပ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် သုက်ကောင်ရဲ့ကျန်းမာရေးကို ၇၄ရာခိုင်နူန်း အထိ ကောင်းမွန်စေပါတယ်။

အသက် ၄၀ အရွယ်မှာ
အသက် ၂၀အရွယ်ကစပြီး တစ်နှစ်မှာ သုတ်ကောင်ရဲ့ လူပ်ရှားကူးခပ်နိုင်စွမ်းဟာ တစ်နှစ်ကို သုည ဒသမ ခုနှစ်ရာခိုင်နူန်း လျော့ကျလာနေပါတယ်။ ဒီအချိန်မှာ သားသမီးယူဖို့ ကြိုးစားပါက သုက်ကောင်ရဲ့ မမျိုးဥနဲ့ တွေ့ဆုံနိုင်စွမ်း ခက်ခဲလာတာကြောင့် ကလေးရဖို့ မလွယ်ပါဘူး။ ဗီတာမင် ဘီတွဲလ် ဖြည့်စွက်ဆေး ၁၀၀၀ မိုက်ခရိုဂရမ်ကို နေ့စဉ်မှီဝဲပေးမှသာ သုက်ကောင်ရဲ့ သက်တမ်းနဲ့ သုက်ကောင်အရေအတွက်ကို တိုးမြင့်စေနိုင်မှာပါ။

အသက် ၅၀ အရွယ်မှာ -
ဒီအရွယ်မှာ သုက်ကောင်တွေရဲ့ ၈၅ရာခိုင်နူန်းက ဆေးပညာအရ ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအချိန်မှာတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့နည်းနဲ့သာ သန်စွမ်းအောင် ကြိုးစားပေးပါ။

 (ကေအမ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...