Alien Worlds on Earth
ကမ္ဘာပေါ် မှာရှိတဲ့ alien worlds တွေလို့တောင် ခေါ်ကြတဲ့ လူသူ အရောက် အပေါက် နည်းပါး တဲ့ နေရာတွေ ကို ရှာဖွေ ရ တာဟာ သိပ္ပံ ပညာရှင် တွေအတွက် အများကြီး အကူအညီ ဖြစ်စေ ပါတယ်တဲ့။
ကမ္ဘာပေါ် မှာရှိတဲ့ ဘယ်နေရာ တွေက တခြား ဂြိုလ်တွေနဲ့ ပုံစံတူ ရှိမယ်လို့ သင်စဉ်းစား မိဘူးရဲ့လား။ တချို့လူ တွေအတွက် တခြားဂြိုလ် တွေပေါ်မှာ ဘယ်လို မြေမျက်နှာ သွင်ပြင်တွေ ရှိနိုင်လဲလို့ စဉ်းစား ရတာ အပျော် အလုပ် တစ်ခုလိုသာ ဖြစ်ပေမယ့် သိပ္ပံ ပညာ ရှင်တွေ၊ အင်ဂျင်နီယာ တွေအတွက် ကတော့ ကမ္ဘာပေါ် မှာရှိတဲ့ တခြားဂြိုလ် တွေနဲ့ ဆင်တူတဲ့ နေရာ တွေကို ရှာဖွေ တာဟာ ကျွန်တော် တို့ ကမ္ဘာ အနီးမှာ ရှိတဲ့လ၊ ဒါမှမဟုတ် Mars ခေါ်အင်္ဂါဂြိုလ် ရဲ့ အကြောင်း ကို လေ့လာရာမှာ အထောက် အကူ ပေးပါ တယ်။ ကမ္ဘာပေါ် မှာရှိတဲ့ ပုံမှန် မဟုတ်တဲ့ နေရာ တွေမှာ အလုပ်လုပ် ရတာဟာ ကျွန်တော် တို့ကို human flights တွေ၊ robotic missions တွေနဲ့ တခြားဂြိုလ် တွေပေါ်မှာ သက်ရှိ ရှာဖွေရေး လုပ်ငန်း တွေအတွက် ပြင်ဆင်ရာမှာ အထောက် အကူ ပေးပါတယ်။ ဒီနေရာ တွေကို ရွေးချယ် ရတဲ့ အကြောင်းက သူတို့ဟာ တစ်နည်း မဟုတ် တစ်နည်း တခြားဂြိုလ် တွေရဲ့ ပတ်ဝန်းကျင် တွေနဲ့ ဆင်တူ နေတတ်တာ ကြောင့်ပါ။ ဒီနေရာ တွေမှာ ကုန်ကျ စရိတ် များလှတဲ့ အာကာသ ထဲကို မလွှတ် တင်မီ နည်းပညာ ပိုင်း ဆိုင်ရာ စမ်းသပ် လေ့လာမှုတွေ ပြုလုပ်ဖို့ အသုံးပြု ကြပါတယ်။
ဒါ့အပြင် ကမ္ဘာ့ အခက်ခဲ အကြမ်း တမ်းဆုံး ပတ်ဝန်း ကျင် နေရာ တွေမှာ ပုံမှန် မဟုတ်တဲ့ သက်ရှိတွေ ရှင်သန် ပေါက်ဖွား ကြပါတယ်။ “extremophiles” လို့ခေါ်တဲ့ အပူဒဏ်၊ အအေးဒဏ်၊ ဖိအားနဲ့ radiation ဒဏ်တွေကို ခံနိုင်ရည် ရှိတဲ့ သက်ရှိ တွေကို လေ့လာပြီး astrobiologists တွေဟာ အာကာသ ထဲမှာရှိတဲ့ ဘယ်လို ပတ်ဝန်းကျင် မျိုးတွေမှာ ဒီလို ပုံစံတူ သေးငယ်တဲ့ သက်ရှိ လေးတွေ ရှိနေနိုင် မလဲ ဆိုတာကို ခန့်မှန်း ကြပါတယ်။ ဒီလို လေ့လာမှုတွေ ပြုလုပ်ဖို့ အတွက် သိပ္ပံ ပညာရှင် တွေဟာ လူသူ အရောက် အပေါက် နည်းလှတဲ့ နေရာတွေ လိုအပ် ပါတယ်။ အခု လက်ရှိ Mars ဂြိုလ်ပေါ်ကို လွှတ်တင် ထားတဲ့ Curiosity ယာဉ်ပေါ်မှာ အသုံးပြု ထားတဲ့ တချို့ ကိရိယာ တွေဟာ ဆိုရင် နော်ဝေ တောင်ပိုင်း မှာရှိတဲ့ Svalbard လို့ခေါ်တဲ့ နေရာကို NASA က သိပ္ပံပညာ ရှင်တွေ လေ့လာ ရေး ခရီးသွား ခဲ့စဉ်က စမ်းသပ် အသုံးပြု ခဲ့တဲ့ ကိရိယာ တွေ ဖြစ်ပါ တယ်။ ချီလီနိုင်ငံ မှာရှိတဲ့ Atacama သဲကန္တာရ လိုနေရာ မျိုးဟာ ESA ရဲ့ exomars missions တွေ အတွက် လေ့လာ ရေးယာဉ် စမ်းသပ် ရာမှာ တန်ဖိုးရှိ လှပါတယ်။
ဒီနေရာမှာ ဘယ်လို မြေပြင်မျိုး ပေါ်ကို ဒီယာဉ်ငယ် သွားလာ နိုင်လည်း၊ မြေပြင် အနိမ့် အပြင် တွေပေါ် တက်နိုင်၊ ဆင်းနိုင် လား ဒါမှမဟုတ် မြေပြင်ရဲ့ နမူနာကို ရယူနိုင် သလား ဆိုတာကို လေ့လာနိုင် ပါတယ်။ ဒီလို လေ့လာဖို့ အတွက် အသုံး ၀င်တဲ့ နေရာတွေ ထဲမှာတော့ Arizona, USA မှာရှိတဲ့ ဥက္ကာ ခဲကျ ချိုင့်ဝှမ်းတွေ၊ Sevilla, Spain မှာရှိတဲ့ Rio Tinto မြစ်တို့ ပါဝင် ပါတယ်။ ဥပမာ အနေနဲ့ သင်ဟာ Mars ဂြိုလ်ပေါ် မှာရှိတဲ့ မီးတောင် ချိုင့်ဝှမ်း တွေကို လေ့လာ ချင်တယ် ဆိုရင် အနီးစပ်ဆုံး အနေနဲ့ Iceland, Hawaii နဲ့ Tenerife တို့လို နေရာ တွေကို သွားသင့် ပါတယ်။ ESA ကပြုလုပ် ထားတဲ့ စာရင်းထဲမှာ Catalogue of Planetary Analogues တွေဟာ ကမ္ဘာ့ တိုက်ကြီး ခုနှစ်တိုက် လုံးပေါ်မှာ ပြန့်ကျဲ တည်ရှိ နေပြီး ဒီထဲမှာ ဥက္ကာခဲ ကျထားတဲ့ ချိုင့်ဝှမ်း တွေ၊ မီးတောင်တွေ၊ သဲကန္တာရ တွေနဲ့ အအေးပိုင်း ဒေသတွေ ပါဝင် ပါတယ်။
Images from Adventure Travel, wiki, Flickr, Source - Eas.int
Author Joker
MYMC