မိခင်အရင်းကို သတ်သည့်သား ၂ ရက်အတွင်း ဖမ်းဆီးရမိ



၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုး သည်တစ်ရွာတည်းနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာနေအိမ်တွင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရှိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ် ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက် တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင်ရဲတင်း(၁) လက်၊ အရိုးအသွား(၆)လက်မခန့်ရှိ ၀ါးရိုးတပ်မီးဖိုချောင်သုံး ဓါးအကျိုး(၁)ချောင်းတို့အားတွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်ေ နကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ် နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် တက်သစ်နယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရ မိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ၎င်းသည်မော်လမြိုင်မြို့တွင် ရောက်ရှိတိမ်းရှောင်နေကြောင်း သိရှိရ သဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေ ဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်း တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...