နိုင်ဂျီးရီးယား စင်းလုံးငှား လေယာဉ် ပျက်ကျ ၁၁ ဦး သေဆုံး
လာဂို့စ် အောက်တိုဘာ ၃ နိုင်ဂျီးရီးယား နိုင်ငံ လာဂို့စ်မြို့ရှိ မာတာလာ မူဟာမတ် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စင်းလုံးငှား လေယာဉ် တစ်စင်းသည် အောက်တိုဘာ ၃ရက်တွင် လေယာဉ်ကွင်းမှ ထွက်ခွာပြီး မိနစ် အနည်းငယ် အကြာ၌ ပျက်ကျ ခဲ့သောကြောင့် လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် ၁၁ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် လေယာဉ်ကွင်းမှ ထွက်ခွာပြီး အနည်းငယ် အကြာတွင် လေဆိပ်၏ လေယာဉ်ဆီဖြည့်ရာ ဧရိယာ အနီးအနားတွင် ပျက်ကျခဲ့ပြီးနောက် နှစ်ပိုင်းကွဲကာ လေယာဉ်ခေါင်းပိုင်းသည် မီးလောင် ကျွမ်းသွားကြောင်း သိရသည်။ နိုင်ဂျီးရီးယား နိုင်ငံ မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗျူရို၏ ပြောကြားချက်အရ အဆိုပါ လေယာဉ်တွင်ပါ ရှိသည့် လေယာဉ်အသုံးပြု ပျံသန်းမှု ဆိုင်ရာမှတ်တမ်းများ သိုလှောင်သိမ်း ဆည်းထားသည့် Black Box နှစ်ခု အား ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက် မတော်တဆမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းအား ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီသတင်း