ဒီဇယ်နှင့် ထိတွေ့ရခြင်းက ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်

 
Health Updates Journal No. 88

လေ့လာမှုအသစ်တစ်ရပ်မှာ ဖော်ပြထားချက်အရ ဒီဇယ်နဲ့ဒီဇယ်ကြောင့် ထွက်လာတဲ့ အမှုန်တွေကိုထိတွေ့ရပါများတဲ့ ကလေးတွေဟာ ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေတယ်လို့သိရပါတယ်။ဒါဟာ မော်တော်ယာဉ်တွေရဲ့ ညစ်ညမ်းမှုတွေကြောင့် ဖြစ်ရတာများပြီး ကလေးတွေရဲ့ သွေးထဲမှာ IL-17A ဆိုတဲ့ ပရိုတင်းများနေတာနဲ့ပတ်သက်နေတယ်လို့လဲဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Cincinnati Children Hospital မှ သုတေသီများက ဖော်ထုတ်ခဲ့တာဖြစ်ပြီး ဒီဇယ်နဲ့ ထိတွေ့မှုများတဲ့ ကလေးတွေဒီဇယ်ကထွက်တဲ့ အငွေ့ကိုရှုရှိုက်ရတဲ့ ကလေးတွေမှာ IL-17A ပရိုတင်းများနေတာကို တွေ့ရှိခဲ့ပါတယ်။ဒီပရိုတင်းဟာ ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေပြီးလေပြွန်ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

လေ့လာမှုခေါင်းဆောင် Dr.Gurjit Hershey က“ဒီ IL-17A ပရိုတင်းကို ဆေးဝါးတွေနဲ့နည်းပါးအောင် လုပ်နိုင်ရင်ပန်းနာရင်ကျပ် ရောဂါပိုမိုဆိုးရွားလာခြင်းကို ကာကွယ်နိုင်ပါတယ်။နောက်ပြီး လေထုညစ်ညမ်းမှုကိုလည်း လျှော့ချရမှာပါ”လို့ပြောကြားထားပါတယ်။ လေ့လာမှုမှာ ပန်းနာရင်ကျပ်ရောဂါရှိနေတဲ့ ကလေးငယ်၂၃၅ဦးကို လေ့လာခဲ့ပြီး သူတို့ရဲ့ နေ့စဉ်ဒီဇယ်နဲ့ ထိတွေ့ရှုရှိုက်ရမှု ပမာဏကိုလည်း စစ်တမ်းကောက်ယူခဲ့တဲ့အပြင် သွေးတွင်းမှာ IL-17A ပမာဏကိုလည်း တိုင်းတာခဲ့ပါ တယ်။

တွေ့ရှိလာရတာကတော့ ဒီဇယ်ငွေ့၊ဒီဇယ်ဆီတွေနဲ့ ထိတွေ့မှုများတဲ့ ကလေးတွေရဲ့ ရောဂါလက္ခဏာတွေဟာ ပိုဆိုးလာပြီး ကလေးငယ်တွေရဲ့ သွေးတွင်းမှာလည်း IL-17A တက်နေပါတယ်။ ဒါပေမယ့် ကြွက်တွေမှာ စမ်းသပ်မှုအရတော့ IL-17A တက်နေခြင်းကိုဆေးဝါး ကုထုံးနဲ့ ထိန်းချုပ်နိုင်ပြီး အဲဒီကုထုံးဟာ လေပြွန်ရောင်ခြင်းကိုပါ လျော့ပါးသက်သာစေပါတယ်။ ကုထုံးကို ကလေးငယ်တွေမှာ အသုံးပြုနိုင်ဖို့ ဆက်လက်လေ့လာနေကြပါ တယ်။

ဒီလေ့လာမှုကို Journal of Allergy and Clinical Immunology မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သက်ကို
ref: ANI
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...