ခုခံအားကို သိသိသာသာ မြှင့်တင်ပေးသော စပျစ်သီးနှင့် ဘလူးဘယ်ရီသီး


Health Updates Journal No. 87

လေ့လာမှုအသစ်တစ်ခုမှာ ဖော်ပြထားချက်အရ စပျစ်သီးနှင့် ဘလူးဘယ်ရီသီးတွေကို စားသုံးပေးရင် ခုခံအားစနစ်ကို မြင့်မားစွာ မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။

ဒီသစ်သီးနှစ်မျိုးရဲ့ ဓာတ်ပေါင်း စုစုပေါင်း ၄၄၆မျိုးသေချာစမ်းသပ် လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာ လူ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းထက်ဆုံး ဓာတ်ပေါင်းတွေကိုဖော် ထုတ်နိုင်ခဲ့ပါတယ်။ လေ့လာမှုကို ဦးဆောင်နိုင်ခဲ့တဲ့ Oregon State University က သုတေသီအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲဒီဓာတ်ပေါင်းတွေကတော့ စပျစ်သီးမှာပါဝင်တဲ့ resveratrol နဲ့ ဘလူးဘယ်ရီသီးမှာပါဝင်တဲ့ pte-rostilbene တို့ပဲ ဖြစ်ပါတယ်။

အဲဒီဓာတ်ပေါင်းနှစ်မျိုးစလုံးဟာ ဗီတာမင်ဒီနဲ့ တူတူတွဲအလုပ်လုပ်နိုင်ပြီး လူသားများရဲ့ ပိုးဝင်မှုကို သဘာဝအတိုင်း တိုက်ခိုက်စေနိုင်တဲ့စနစ်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။ “ဓာတ်ခွဲစမ်းသပ်မှုများအရ နေ့စဉ်စားသုံးပေးမယ်ဆိုရင် နေရောင်ခြည်နဲ့ အစားအစာက ဗီတာမင်ဒီကိုလည်း ပူးတွဲရရှိမယ်ဆိုရင် သာမန်လူတစ်ယောက်ဟာ စပျစ်သီး နဲ့ဘလူးဘယ်ရီသီးကို စားပေးရုံနဲ့ ပိုးဝင်မှုမြောက်မြားစွာကို ကာကွယ်နိုင်ပါတယ်လို့” သုတေသနခေါင်းဆောင် Dr.Adrian Gombart က ပြောကြားထားပါတယ်။

စပျစ်သီးရဲ့ resveratrol ဟာ ကင်ဆာ၊နှလုံးရောဂါတွေကို ကာကွယ်နိုင်ပြီး ရောင်ရမ်းခြင်းတွေကို လျော့ပါးစေတယ်ဆိုတာကို ယခင်လေ့လာမှုများအရ သိရှိပြီး ဖြစ်ပါတယ်။

အခုသုတေသနကို Journal of Molecular Nutrition and Food Research မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သက်နှင်း
Ref: ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...