၂၀၁၅ မှာ ဈေးကွက်ထဲ ရောက်လာမဲ့ ကားပျံ...

October 15, 2013


အမေရိကန်၊ မက်ဆာချူးဆက်အခြေစိုက် ကားထုတ်လုပ်တဲ့ ကုမ္ပဏီ Terrafugia က ထုတ်လုပ်တဲ့ Transition လို့ အမည်ပေးထားတဲ့ ကားပျံကို ၂၀၁၅ မှာ စတင်ရောင်းချသွားမယ်လို့ GMA News online သတင်းတွေ အရ သိရပါတယ်... 


အဆိုပါကားပျံကို အများသုံးလမ်းတွေနဲ့ အဝေးပြေးကားလမ်းတွေပေါ်မှာ တရားဝင်မောင်းနှင်နိုင်သလို့ ဝေဟင်ပေါ်မှာလည်း လေယာဉ်မှူးလိုင်စင်မလိုပဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်... ယာဉ်မောင်းသူကို လွတ်လပ်စွာ ရွေးချယ်နိုင်ရန် ခွင့်ပြုထားပြီး ဝေဟင်ပေါ် ပျံသန်းနေချိန်အတွင်း ရာသီဥတုဆိုးရွားလာရင် လမ်းပေါ်သို့ အလွယ်တကူဆင်းသက်ကာ ကားတစ်စင်းလို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.... 

ကားပျံမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မော်တာတွေဟာ လမ်းမပေါ် မောင်းနှင်ချိန်၊ ဝေဟင်အဆင်း အတက်တွေမှာ အကူအညီပေးမှာ ဖြစ်ပြီး... သူတို့ရဲ့ကားပျံဟာ ၈ နှစ်ကနေ ၁၂ နှစ်အတွင်း လမ်းမပေါ်နဲ့ ဝေဟင်ပေါ်တွေမှာ ကောင်းကောင်း အသုံးပြုနိုင်တယ်လို့ ကားပျံထုတ်လုပ်တဲ့ Terrafugia ကုမ္ပဏီက အခိုင်အမာ ပြောဆိုပါတယ်...  

ကဲ... ဘယ်လိုပျံသန်းလဲဆိုတာ အောက်က ဗွီဒီယိုဖိုင်မှာ လေ့လာကြည့်ပါအုံး... 


Ref: Oddstuffmagazine/terrafugia.com/ By Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...